ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်လျှေက်ထားမှုများ ခွင့်ပြုခြင်း
မေ-၇၊ နေပြည်တော်
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၊ နီလာခန်းမ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ၀န်ကြီးဌာန ၏ ၄/၂၀၁၂ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကို ၅-၅-၂၀၁၂ ရက်နေ့နံနက်(၁၁း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
ယင်းအစည်းအဝေးတွင် ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်း လိုင်စင်လျှောက်ထားလာမှုများနှင့် ပတ်သက်ပြီး  ဟိုတယ်/ခရီး ဦးစီးဌာန၏ တင်ပြချက်အပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးနှင့် အရာရှိကြီးများက လုပ်ငန်းလိုင်စင်ခွင့်ပြုပေးရန် အတည်ပြုဆုံးဖြတ်ခဲ့ကြောင်းသိရှိရသည်။ ၄င်းတို့မှာ-
(၁) Hotel 7 Mile ဟိုတယ် – အမှတ်(၃၂)ကုန်းမြင့်ရိပ်သာလမ်း၊ (၆)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိသော အထပ်(၄)ထပ်၊ အခန်း(၅၃)ခန်းပါရှိသည့် ဟိုတယ် လုပ်ငန်းလိုင်စင်(ဟ)
(၂) နန္ဒာသီရိဟိုတယ် ၊ အကွက်အမှတ်(၉)၊ ဟိုတယ်ဇုန်(၂)၊ ဥတ္တရသီရိမြို့၊ နေပြည်တော်တွင် တည်ရှိသော အထပ်(၅)ထပ်၊ စုစုပေါင်း အခန်း(၁၂၀)နှင့်ဆောက်လုပ်ပြီး (၂)ထပ် အဆောက်အဦ (၃၂)ခန်း ပါရှိသည့် ဟိုတယ်လုပ်ငန်းလိုင်စင်(ဟ)
(၃) ဆောင်းသဇင်ဟိုတယ်၊ အကွက်အမှတ်(၁၆) ၊ ဟိုတယ်ဇုန်၊ ဥတ္တရသီရိမြို့၊ နေပြည်တော်တွင် တည်ရှိသော အထပ်(၅)ထပ်၊ စုစုပေါင်းအခန်း(၁၄၉)ခန်းနှင့် ဆောက်လုပ်ပြီး ဘန်ဂလို(၁)လုံး (၂၄)ခန်း ပါရှိသည့် ဟိုတယ်လုပ်ငန်းလိုင်စင်(ဟ)
(၄) ငွေအိမ်စည် တည်းခိုရိပ်သာ(ဟ)၊ အမှတ်(၆၅)၊လေးထောင့်ကန်လမ်း၊ စ/သုမင်္ဂလာရပ်ကွက်၊ သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့တွင်ရှိသော အထပ်(၆)ထပ်၊ စုစုပေါင်းအခန်း(၂၀)ပါ တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်(ဟ)
(၅) Dream Light တည်းခိုရိပ်သာ(ဟ) ၊ ချောင်းသာကျေးရွာ   ရွှေသောင်ယံမြို့နယ်ခွဲ၊ ပုသိမ်မြို့ရှိ RC (၂)ထပ်နှင့် (၁)ထပ် ဘန်ဂလို စုစုပေါင်းအခန်း(၂၈)ခန်းပါ တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်(ဟ)
(၆) သဇင်တည်းခိုရိပ်သာ(ဟ) ၊ ချောင်းသာကျေးရွာ၊ ရွှေသောင်ယံမြို့နယ်ခွဲ၊ ပုသိမ်မြို့ရှိ ဘန်ဂလိုပံစံ စုစုပေါင်းအခန်း(၁၈)ခန်းပါ တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်(ဟ)တို့အား ခွင့်ပြုရန် အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်(သတင်း/မှတ်တမ်း)
Posted in Uncategorized | Leave a comment
Union Minister for Hotels and Tourism U Tint Hsan received Ambassador H.E Mr.Chu Cong Phung, Embassy of the Socialist Republic of Vietnam at Yangon and Chairman Mr. Nguyen Thuan Khai from International Dairy Joint Company
Nay Pyi Taw – 4th May, 2012
          Union Minister for Hotels and Tourism U Tint Hsan received Ambassador H.E Mr. Chu Cong Phung, Embassy of the Socialist Republic of Vietnam at Yangon and Chairman Mr. Nguyen Thuan Khai from International Dairy Joint Company at the minister’s office here this afternoon 123း0 pm.
          At the meeting , they cordially discussed matters relating to BOT contract for establishment of Haang Anh Gia Lia- Myanmar Centre, hiring period in both two lease Agreement Bond, land hiring rate and other investment in Yangon. And then, Union Minister explained about working procedures, rules and regulations which implemented by Myanmar Investment Commission for foreign investment in hotel business.
          Also present at the call were Deputy Minister U Htay Aung, Director General and departmental officials.
KMN
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းအား ရန်ကုန်မြို့ရှိ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီး H.E Mr. Chu Cong Phung နှင့် International Dairy Joint Stock Company မှ Chairman Mr. Nguyen Tuan Khai တို့မှ လာရောက်တွေ့ဆုံ
(နေပြည်တော်၊ မေ-၄ ရက်)
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းအား ရန်ကုန်မြို့ရှိ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီး H.E Mr. Chu Cong Phung နှင့် International Dairy Joint Stock Company မှ Chairman Mr. Nguyen Tuan Khai တို့သည် ယနေ့ နေ့လည် (၁၂း၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၃)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။
ထိုကဲ့သို့တွေ့ဆုံရာတွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် ဗီယက်နမ်နိုင်ငံ Haang Anh Gia Lia Myanmar Joint Stock Company (HAGL) တို့အကြား Haang Anh Gia Lia – Myanmar Centre တည်ထောင်ရန် ချုပ်ဆိုမည့် BOT Contract နှင့် Lease Agreement စာချုပ်နှစ်ခုစလုံးတွင် ငှားရမ်းသက်တမ်းအား ဖော်ပြသည့်ကိစ္စနှင့်ပတ်သက်၍လည်းကောင်း၊ မြေငှား ရမ်းခနှုန်းထားဖော်ပြချက်နှင့် ပတ်သက်၍လည်းကောင်း၊ ရန်ကုန်မြို့တွင် အခြားရင်းနှီးမြှုပ်နှံ လုပ်ကိုင် လိုသည့် ကိစ္စများနှင့်ပတ်သက်၍လည်းကောင်း သိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး မေးမြန်း ရာ ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများမှ ဟိုတယ်လုပ်ငန်းများတွင် လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ စီစဉ်ဆောင်ရွက်နေ သည့် ဆောင်ရွက်မှုအစီအစဉ်များ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့သည်။
တွေ့ဆုံပွဲသို့ ဒုတိယ၀န်ကြီး ဦးဌေးအောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူးနှင့် ဌာနဆိုင်ရာ တာဝန်ခံ အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
Posted in Uncategorized | Leave a comment
Announcement for Restricted Areas
နမူနာပုံစံများ
ခရီးစဉ်လျှောက်လွှာ(အပေါ်စာ) (နမူနာပုံစံ)
ဧည့်သည်အမည်စာရင်း (နမူနာပုံစံ)
သွားရောက်မည့်ခရီးစဉ် (ရက်စွဲ၊ သွားရောက်မည့်မြို့များ၊ အသုံးပြုမည့်ယာဉ်၊ တည်းခိုမည့်နေရာများ ပါရှိရပါမည်) (နမူနာပုံစံ)
ဧည့်သည်နှင့်အတူလိုက်ပါမည့် ဧည့်လမ်းညွှန်၏ ကိုယ်ရေးရာဇ၀င်အကျဉ်း (Guide လိုင်စင် မိတ္တူပါရှိရမည်) (နမူနာပုံစံ)
ခရီးသွားကုမ္ပဏီ၏ လိုင်စင်မိတ္တူ (ရှေ့စာမျက်နှာ-နမူနာပုံစံ)
ခရီးသွားကုမ္ပဏီ၏ လိုင်စင်မိတ္တူ (နောက်စာမျက်နှာ-နမူနာပုံစံ)
မြန်မာနိုင်ငံအတွင်းကမ္ဘာလှည့်ခရီးသည်များနှင့် နိုင်ငံခြားသားဧည့်သည်များလှည့်လည်သွားလာနိုင်သည့် ခရီးစဉ်ဒေသများ
Posted in Uncategorized | Leave a comment
Presentation for laungching Hotel Training School in Myanmar take place
Nay Pyi Taw, May 2,2012
Programme Incharge for Development and Cooperation Department, Ministry of Foreign Affairs, Luxenbourg, Mr. Claude Jentgen, and Chief Technical Advisor for Lanith Hotel Training School, Laos, Mr. Peter Semone held the presentation for launching hotel training school in Myanmar at the Nilar Hall of the Ministry of Hotels and Tourism, here in Nay Pyi Taw on 30th of April and the Deputy Minister for Hotels  and Tourism, U Htay Aung delivered an address.
In this address, the Deputy Minister said that, Lanith Hotel Training School is the one that has been launching the hotels and tourism human resource development school in Laos and Vietnam and like this they would like to introduce in Myanmar for the development of hotels and tourism industry. Therefore, the presented departmental officials concerned, the principals of tourism training schools in Myanmar, Members of Myanmar Tourism Board, Myanmar Hoteliers Association and Union of Myanmar Travel Associations can ask and discuss frankly with them, the Deputy Minister said.
After that, Mr. Peter Semone also presented about the current situation of training schools in Laos and Vietnam, preparation of trainers for Lanith Project, the performance of trainees and the short term, mid term and long term projects for the development of human resources in Laos and Vietnam with powerpoint  CD presentation.
On that occasion, Director General from the Ministry of Foreign Affairs, Ministry of Information and Culture, Ministry of National Planning and Development, Ministry of Labors, Ministry of Commerce and Ministry of Education, Chairman and members of Myanmar Tourism Board, principal for tourism training school (Mandalay), lecturers for Tourism Diploma Course, Mandalay University and officials from the Ministry of Hotels and Tourism also presented.
                                                                                                                                                                                  TDA
မြန်မာနိုင်ငံတွင် လာအိုနိုင်ငံ၊ Lanith ဟိုတယ်သင်တန်းကျောင်းကဲ့သို့ ဟိုတယ်သင်တန်းကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် လူဇင်ဘတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးဌာနမှ Programme Incharge Mr.Claude Jentgen နှင့် လာအိုနိုင်ငံ၊ Lanith မှ Chief Technical Advisor Mr. Peter Semone ဦးဆောင်သောအဖွဲ့မှ ရှင်းလင်းတင်ပြပွဲ အခမ်းအနားကျင်းပ
(နေပြည်တော်၊ မေ- ၂ ရက်)
           ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ နေပြည်တော်၊ ရုံးအမှတ် (၃၃)၊ နီလာအစည်းအ ဝေးခန်းမတွင် (၃၀.၄.၂၀၁၂) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်၌  မြန်မာနိုင်ငံတွင် လာအိုနိုင်ငံ၊ Lanith ဟိုတယ်သင်တန်းကျောင်းကဲ့သို့ ဟိုတယ်သင်တန်းကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် လူဇင်ဘတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးဌာနမှ Programme Incharge Mr.Claude Jentgen နှင့် လာအိုနိုင်ငံ၊ Lanith မှ Chief Technical Advisor Mr. Peter Semone ဦးဆောင်သောအဖွဲ့မှ Presentation ဖြင့်ရှင်းလင်းတင်ပြပွဲ အခမ်းအနားကျင်းပရာ ပထမ ဦးစွာ အစည်းအဝေးသို့တက်ရောက်လာသူများနှင့် Lanith ဟိုတယ်သင်တန်းကျောင်းမှ ကိုယ်စားလှယ် အဖွဲ့အား မိတ်ဆက်ပေးပြီး ဒုတိယ၀န်ကြီး ဦးဌေးအောင် တက်ရောက်၍ အမှာစကားပြောကြားသည်။
          ဒုတိယ၀န်ကြီးမှ ပြောကြားရာတွင် Lanith ဟိုတယ်သင်တန်းကျောင်းအနေဖြင့် ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံတို့တွင်ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအား ဖွံ့ဖြိုးတိုး တက် ရေးဆိုင်ရာ သင်တန်းကျောင်းဖွင့်လှစ် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင်လည်း လာအို နိုင်ငံတွင် ဖွင့်လှစ်သင်ကြားပေးနေသည့် Lanith ဟိုတယ်သင်တန်းကျောင်းကဲ့သို့ သင်တန်းကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် ယခုကဲ့သို့ လာရောက်တွေ့ဆုံ ရှင်းလင်း တင်ပြခြင်း ဖြစ်ကြောင်း၊ ယခု အခမ်းအနားသို့ တက်ရောက်လာသည့် ဖိတ်ကြားထားသော ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းကျောင်း ကျောင်းအုပ်ကြီးများနှင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့၊ ဟိုတယ်လုပ်ငန်းရှင်များ အသင်း၊ ခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ အနေဖြင့် သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။
          ဆက်လက်၍ လာအိုနိုင်ငံ၊ Lanith မှ Chief Technical Advisor Peter Semone မှ လာအိုနိုင်ငံ နှင့်  ဗီယက်နိုင်ငံတို့တွင် ၄င်းတို့သင်တန်းကျောင်းမှ သင်တန်းဖွင့်လှစ် သင်ကြားပေးနေမှု အခြေအနေ များ၊ Lanith စီမံကိန်းမှ နည်းပြဆရာ/ ဆရာမများအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ သင်တန်းတက်ရောက်သူများအတွက် တက်ရောက်အောင်မြင်မှု ၊ ကျွမ်းကျင်မှု အဆင့်ကို အသိအမှတ်ပြု ပေးသည့် အခြေအနေများ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့တွင် လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် နှစ်တို၊ နှစ်လတ်၊ နှစ်ရှည်စီမံကိန်းများကို လည်းကောင်း၊ Power Point CD Presentation ဖြင့် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။
          အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ သင်တန်းကျောင်း (မန္တလေး) မြို့မှ ကျောင်းအုပ်ကြီး၊ မန္တလေးတက္ကသိုလ် ခရီးသွားလုပ်ငန်း ဒီပလိုမာဘာသာရပ်ဆိုင်ရာ သင်တန်းနည်းပြများနှင့် ၀န်ကြီးဌာနမှ တာဝန်ခံအရာရှိများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။
 ( သတင်းစဉ် )
Posted in Uncategorized | Leave a comment
Deputy Hotels and Tourism Minister inspects hotel projects in Yangon and meets with hotelier
Nay Pyi Taw, April 30
Deputy Minister for Ministry of Hotels and Tourism U Htay Aung accompanied by Director General of Directorate of Hotels and Tourism and responsible persons inspected the Sein Taunggyi Hotel, May Shan Hotel, Pyin Oo Lwin Guest House, Gardan Guest House and Okinawa Guest House in Yangon at 7:30 A.M on 28 April and left instruction for improvement of service quality and importance of attending the training courses to produce the qualified employees.
Afterwards, DM and parties proceeded to the Center Point, Rose Garden and Shangri La foreign investment hotel projects. DM urged the responsible persons to complete the projects in timely manner to meet the accommodation requirements of the current Myanmar Tourism situations. He also fulfilled the requirement of the projects instantly.
At 11:30 A.M Deputy Minister viewed the project site of Yangon Green Hotel, constructed by national entrepreneurs at No.8, Nat Mauk Ward  in Tarmway Township.
At 12 noon, the DM met with the Myanmar hoteliers at Yuzana Hotel. In the meeting, DM said that there are (8016)rooms in (189)hotels in Yangon and the figure don’t match with the developing status of Myanmar Tourism. All the hotels rooms must be upgraded in international standard and also the hotel staffs are needed to be attended the training opened by ministry and private school in essential manner to polish their skills.
Deputy Minister, in his address, called for the cooperation by private sector as the ministry has been making the earnest efforts for systematic development of the Myanmar tourism industry.
The meeting was attended by chairman from Myanmar Hotelier Association, Union of Myanmar Travel Association , Hotel Zone (Yangon) and responsible persons.
Vice chairman of the committee for facilitating the convenient entering for foreign visitors, Deputy Minister for Ministry of  Hotels and Tourism U Htay Aung attended the coordination meeting of the committee at 2:00 P.M at Yangon International Airport meeting room and made an address.
Together with the DM, secretary of the committee, Director General of the Directorate of Hotels and Tourism U Aung Zaw Win, Managing Director of Myanmar Hotels and Tourism Services U Hla Htay and officials from departmental concern, authorities from region and state governments and responsible persons from air lines attended the meeting.
Deputy Minister discussed about the matters to form the passage between the domestic and international hall in Yangon International Airport and to connect the domestic and international flight. He also clarified to liberalize the procedures in airport, carry out the MTB tasks, provide the internet facility in airports, standardize the transportation for foreign visitors and facilitate the smooth process for exchange money.
During the meeting DM heard reports from departmental concern and gave concluding remark.
In the evening, DM met with the General Managers from foreign investment hotels and tour companies in Inya Lake Hotel and made a briefing for selling the rooms in reasonable price in accord with the provided service, selling the rooms with agreement made by both parties, keeping the terms and conditions of the contract agreed by both parties and keeping the rules of conduct in doing business and sustainable development of the Myanmar tourism.
STK
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဌေးအောင် ရန်ကုန်မြို့ရှိ ဟိုတယ်များ၊ တည်ဆောက်ဆဲ ဟိုတယ်စီမံကိန်းများအား စစ်ဆေး၍ ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံအမှာစကား ပြောကြား
( နေပြည်တော်၊ ဧပြီ- ၃၀ ရက် )
          ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဌေးအောင်သည် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျှက် ၂၀၁၂ ခုနှစ်၊ ဧပြီလ (၂၈)ရက်နေ့ နံနက် (၀၇း၃၀) နာရီအချိန်တွင် ရန်ကုန်မြို့တွင်းရှိ ပုဂ္ဂလိကပိုင်ဟိုတယ်နှင့် တည်းခိုရိပ်သာ များဖြစ်သော စိန်တောင်ကြီးဟိုတယ်၊ မေရှန်းဟိုတယ်၊ ပြင်ဦးလွင်တည်းခိုရိပ်သာ၊ ဂါးဒင်းတည်းခိုရိပ်သာ၊ အိုကီနာဝါတည်းခိုရိပ်သာများအား ကြည့်ရှု၍ လုပ်ငန်းရှင်များအား အရည်အသွေးနှင့် ၀န်ဆောင်မှု တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ရေး၊ သန့််ရှင်းသပ်ရပ်ရေးနှင့် အရည်အချင်းပြည့်မီသော ၀န်ထမ်း များဖြစ်ရန် သက်ဆိုင်ရာသင်တန်းများတက်ရောက်ရေးတို့အတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ပါသည်။
    ဆက်လက်၍ ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည် နံနက် (၀၉း၃၀)နာရီအချိန်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှု တည်ဆောက်ဆဲ ဟိုတယ်စီမံကိန်းများဖြစ်ကြသည့် စင်တာပွိုင့်ဟိုတယ်စီမံကိန်း၊ ရိုစ်ဂါးဒင်းဟိုတယ် စီမံကိန်း၊ ရှန်ဂရီလာဟိုတယ်စီမံကိန်းများသို့သွားရောက်၍ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုကြည့်ရှုပြီး တာဝန်ရှိသူများကို ယနေ့မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအတွက် လိုအပ် လျှက်ရှိသော နိုင်ငံတကာအဆင့်မီဟိုတယ်အခန်းများရရှိရေးအတွက် စီမံကိန်းလုပ်ငန်းများကို  အမြန် အကောင်အထည်ဖော်ဆောင်ရွက်ရန်မှာကြားပြီး ၀န်ကြီးဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးရမည့် ကိစ္စ ရပ်များကို ချက်ချင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
     ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည် နံနက် (၁၁း၃၀)နာရီအချိန်တွင် တာမွေမြို့နယ်၊ အမှတ်(၈)၊ နတ်မောက်ရပ်ကွက်တွင် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များ တည်ဆောက်လျှက်ရှိသော အိပ်ခန်း (၃၇၂) ခန်းပါ ရန်ကုန်ဂရင်းဟိုတယ်လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
          ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည် (၁၂း၀၀)နာရီအချိန်တွင် ရွှေဂုံတိုင်မြို့နယ်ရှိ ယုဇနဟိုတယ်ခန်းမ တွင်ရန်ကုန်မြို့ရှိ ပြည်တွင်းပုဂ္ဂလိက ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဖွံ့ဖြိုးစပြုနေသော မြန်မာ့ ခရီးသွားလုပ်ငန်းတွင် ရန်ကုန်မြို့၌ ဧည့်သည်များအတွက် ဟိုတယ်အခန်းများ အပြည့်ရသည် ဟု ပြောဆိုလျှက်ရှိကြောင်း၊ ရန်ကုန်မြို့တွင် ဟိုတယ်(၁၈၉)လုံး၊ အိပ်ခန်း (၈၀၁၆)ခန်း ရှိသဖြင့် အခန်းများအားလုံးသည် ပြည်ပဧည့်သည်များကိုလက်ခံ၍ ၀န်ဆောင်မှုပြည့်မီစွာပေးနိုင်ပါက မလုံလောက်စရာမရှိပါကြောင်း၊ ဟိုတယ်များအနေဖြင့် နိုင်ငံတကာအဆင့်မီဟိုတယ်အိပ်ခန်းများဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ကြရန်အတွက် မိမိ၏လက်ရှိအိပ်ခန်းများအားလုံးကို အရည် အသွေးမြှင့်တင်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ဟိုတယ်ဝန်ထမ်းများအနေဖြင့် တန်းပြည့် ၀န်ဆောင်မှုပေးနိုင်ရန်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် ပုဂ္ဂလိက သင်တန်းကျောင်းများမှ ပို့ချသည့် ဟိုတယ်ဆိုင်ရာသင်တန်းများကို မဖြစ်မနေ တက်ရောက်ကြရန် လည်းလိုအပ်ကြောင်း မှာကြားပါသည်။
          ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနအနေဖြင့် မြန်မာ့ခရီးသွားလုပ်ငန်း စနစ်တကျဖွံ့ ဖြိုးတိုးတက်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်နေသည့်အပေါ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များမှ လည်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းဖြင့် ဆွေးနွေးမှာကြားခဲ့ပါသည်။
       တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း၊ ရန်ကုန်ဟိုတယ်ဇုန်တို့မှ ဥက္ကဌများ၊ တာဝန်ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြပါသည်။
          နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှု အဆင်ပြေလွယ်ကူရေးကော်မတီ၊ ဒုတိယဥက္ကဌ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဌေးအောင် မွန်းလွဲ (၁၄း၀၀)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အစည်းအဝေးခန်းမ၌ကျင်းပသည့် နိုင်ငံခြားသား   ဧည့်သည်       ၀င်ရောက်မှု အဆင်ပြေလွယ်ကူရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။
          လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်း၊ မြန်မာ့ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးလှဌေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်နယ် အစိုးရအဖွဲ့များမှ တာဝန်ရှိသူများနှင့် လေကြောင်းလိုင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
          ကော်မတီ ဒုတိယဥက္ကဌ ဒုတိယ၀န်ကြီး ဦးဌေးအောင်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် ပြည်တွင်း/ ပြည်ပ ကူးသည့် စင်္ကြန်ဆောင်ရွက်ရေး၊ ပြည်တွင်းနှင့် ပြည်ပလေကြောင်းများ ချိတ်ဆက်ပျံသန်းရေး၊ ပြည်တွင်းလေဆိပ်များ၌ စစ်ဆေးမှု ပြေလျော့ရေး၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လေဆိပ်၌အင်တာနက်သုံးစွဲနိုင်ရေး၊ သယ်ယူ ပို့ဆောင်ရေး မော်တော်ယာဉ်များ စနစ်တကျရပ်နားရေး၊ နိုင်ငံခြားသားခရီးသွားများအား သယ်ပို့သည့်မော်တော်ယာဉ်များ သင့်လျော်သည့် အဆင့်အတန်းရှိရေး ခရီးသွား၏ နိုင်ငံခြားငွေ လဲလှယ်မှု အဆင်ပြေချောမွေ့ရေး ကိစ္စများနှင့် စပ်လျဉ်း၍ အကျယ်တ၀င့်ရှင်းလင်းမှာကြားပါသည်။
          ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသည့် ဌာနများမှ တာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြ ပါသည်။ ထို့နောက်ကော်မတီ ဒုတိယ ဥက္ကဌ ဒုတိယ၀န်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပါသည်။
          ညနေ(၅)နာရီအချိန်တွင် ဒုတိယ၀န်ကြီးသည် အင်းယားကန်ဟိုတယ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များမှ အထွေထွေမန်နေဂျာများ ခရီးသွားလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဟိုတယ်အခန်း များရောင်းချရာတွင် အခန်းခဈေးနှုန်းများကို ပေးအပ်သည့် ၀န်ဆောင်မှုနှင့်အညီ ရောင်းချရေး၊ ခရီးသွားကုမ္ပဏီများ ကို မူလသဘောတူညီထားသည့် စနစ်ပုံစံအတိုင်း ရောင်းချရေး၊ နှစ်ဖက်စာချုပ်ပါ စည်းကမ်းများကို လိုက်နာရေး၊ လုပ်ငန်းတွင်ထားရှိရမည့် ကျင့်ဝတ်များကို စောင့်ထိန်းရေး၊ ခရီးသွားလုပ်ငန်း ထာဝစဉ်ရှင်သန်ဖွံ့ဖြိုးရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
Posted in Uncategorized | Leave a comment
Union Minister U Tint Hsan receives delegation led by Programme incharge for Ministry of Foreign Affairs, Luxembourg and Chief Techinical Advisor for Lanith, Laos
(Nay Pyi Taw, 30 April)
          Union Minister U Tint Hsan received delegation led by Programme Incharge for Ministry of Foreign Affairs, Luxenbourg and Chief Technical Advisor for Lanith, Laos at the Ministry here this morning.
Also present at the call were Deputy Minister U Htay Aung, departmental heads and the chairman and the secretary for Myanmar Tourism Board.
Both sides cordially discussed the matters on how the importance of human resources in tourism sector development, bilateral cooperation for the emergence of tourism training schools and tourism university in Myanmar and the management for high quality responsible tourism development in Myanmar.
Also, the delegates explained their interest on Myanmar tourism sector, about the nature of their Lanith project and their management for HRD.
EEK
ဟိုတယ်နှင့်ခရီးသွားရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းအား Luxenbourg နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဌာနမှ Programme Incharge Mr. Claude Jentgen နှင့် လာအိုနိုင်ငံ Lanith မှ Chief Technical Advisor Peter Semone ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ
(နေပြည်တော်၊ ဧပြီ-၃၀ ရက်)
   ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းအား Luxenbourg နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဌာနမှ Programme Incharge Mr. Claude Jentgen နှင့် လာအိုနိုင်ငံ Lanith မှChief Technical Advisor Peter Semone ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် (၀၉း၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၃)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။
  ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် ယခုကဲ့သို့ လာရောက်လေ့လာခြင်းဖြစ်ကြောင်း၊ ၄င်းတို့အဖွဲ့အနေဖြင့် ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံတို့တွင် ဟိုတယ် နှင့်ခရီးသွားလာရေးလုပ်ငန်း လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် လျှက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နိုင်မည့် အချက်အလက်များကို ယခုကဲ့သို့ လေ့လာခွင့်ပေးသည့်အတွက် ကျေးဇူး တင်ရှိပါကြောင်း၊ လာအိုနိုင်ငံတွင် Lanith စီမံကိန်းသည်  Luxenbourg နှင့် လာအိုနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သည့် နှစ်ရှည်စီမံကိန်းဖြစ်ကြောင်း၊ လာအိုနိုင်ငံ၌ နှစ်တို၊ နှစ်လတ် စီမံကိန်းများအနေဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ၀န်ထမ်းများအတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်စေရန် သင်တန်းဖွင့်လှစ်ပြီး ၄င်းတို့တက်ရောက်ခဲ့သည့် ရက်တိုသင်တန်းများ၌ တက်ရောက်အောင်မြင်မှုအတွက် ကျွမ်းကျင်မှုအဆင့်ကို အသိအမှတ်ပြုလျှက်ရှိကြောင်း၊ ထို့အပြင် Lanith စီမံကိန်းမှ နည်းပြဆရာ၊ဆရာမများအတွက် ပြင်ဆင်မှုအနေဖြင့် ပြည်ပနိုင်ငံများ၌ Scholarship များရရှိတက်ရောက်စေခဲ့ကြောင်း၊ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာများစွာရှိပါကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် စိတ်ဝင် စားမှုများပြားလျက်ရှိ၍ အနာဂတ်တွင် အရည်အသွေးမြင့်သည့် တာဝန်ယူမှုရှိသော ခရီးသွား လုပ်ငန်းအတွက် ၀န်ကြီးဌာနအနေဖြင့် အစီအစဉ်များဆောင်ရွက်လျက်ရှိသည်ကို သိရှိရသဖြင့် ၀မ်းမြောက်ပါကြောင်းနှင့် နည်းပညာပိုင်းဆိုင်ရာအနေဖြင့် ကူညီပေးနိုင်ပါကြောင်း ရင်းနှီးပွင့်လင်း စွာ မေးမြန်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးမှ ယခုလိုလာရောက်တွေ့ဆုံဆွေးနွေးသည့် အတွက် ကျေးဇူးတင်ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွား လုပ်ငန်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးပါကြောင်း၊ Lanith နှင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ပူးပေါင်း၍ အနာဂါတ်တွင် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာ ကျောင်း၊ တက္ကသိုလ်အဆင့် ဖွင့်လှစ်ဆောင်ရွက်မည့် အစီအစဉ်များအတွက် ၀မ်းမြောက်ကြိုဆိုပါကြောင်း၊ လိုအပ်သည်များ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေး ခဲ့ပါသည်။
   တွေ့ဆုံပွဲသို့ ဒုတိယ၀န်ကြီး ၊ဌာနဆိုင်ရာတာဝန်ခံအရာရှိကြီးများနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ဥက္ကဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
Posted in Uncategorized | Leave a comment
Safe and secure transportation essential for tourism industry development: Union Hotels and Tourism Minister
NAY PYI TAW, 26 April-          Road transport coordination meeting, with a view to ensuring smooth and secure transportation for foreign tourists in Myanmar, was held at the Sports Ministry here this morning, with an address by Chairman of Committee for Ensuring Smooth Entrance for Foreign Tourists Union Minister for Hotels and Tourism and for Sports U Tint Hsan.
Speaking on the occasion, the Union Minister said the committee was undertaking four-point work plans for systematic development of hotels and tourism industry, namely, systematic and smooth entrance and departure procedures for the foreign tourists, systematization of transportation vehicles for provision of smooth and convenient transport to passengers, high-standard of hotels and restaurants, further development and sustainability of tourist destinations.
The Union Minister called for taking measures for standardization of vehicles, passenger security and customer satisfaction over the services and reasonable prices, warning that lack of such infrastructure and attitude would harm the image of the nation and its people.
The Union Minister stressed the intention of the meeting as systematization of transportation vehicles to avoid such problems.
He called for foreign-tourist-service sign, fixed price tag, and phone numbers of information counter MTT to be hanged over on vehicles, powered schooners, and horsecarts.
Next, the Managing Director of Myanma Hotels and Tourism service and personnel reported on arrangements for provision of vehicles, horse-carts in Bagan Region, and powered schooners at Ayeyawady Port, and Heho, and Nyaung Shwe ports.
Next, the deputy minister made supplementary report, followed by concluding remark of the Union Minister.
နိုင်ငံခြားသားဧည့်သည်များစနစ်တကျလုံခြုံချောမွေ့အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မော်တော်ယာဉ်သယ်ယူပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
(နေပြည်တော်၊ဧပြီ -၂၆)
          နိုင်ငံခြားဧည့်သည်များ မြန်မာနိုင်ငံအတွင်းစနစ်တကျဖြင့် လုံခြုံချောမွေ့အဆင်ပြေစွာ သွားလာ လည်ပတ်နိုင်ရေးအတွက် မော်တော်ယာဉ်သယ်ယူပို့ဆောင်ရးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး အား ယနေ့နံနက် (၀၉း၃၀) နာရီအချိန်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာန ၊ ပြည်ထောင်စု ၀န်ကြီးရုံး၊ နီလာအစည်းအဝေးခန်မ၌ ကျင်းပပြုလုပ်ရာ နိုင်ငံခြားသားဧည့်သည် ၀င်ရောက်မှု အဆင်ပြေလွယ်ကူရေးကော်မတီ ဥက္ကဌ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်း တက်ရောက်၍ အမှာ စကားပြောကြားသည်။
    ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် နိုင်ငံခြားသားဧည့်သည် ၀င်ရောက်မှု အဆင်ပြေလွယ်ကူရေးကော်မတီအနေဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်များ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းတာဝန်ကြီး (၄)ရပ်ကို ချမှတ်ဆောင်ရွက်လျက်        ရှိကြောင်း၊ ၄င်းတာဝန်ကြီး(၄)ရပ်မှာ နိုင်ငံခြားခရီးသည် ၀င်/ထွက်မှု စနစ်တကျ လွယ်ကူ အဆင်ပြေစေရေး၊ ခရီးသည်များသွားလာရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် သယ်ယူ ပို့ဆောင်ရေးဆိုင်ရာ ယာဉ်များစနစ်တကျဖြစ်စေရေး၊ ဟိုတယ်နှင့်စားသောက်ဆိုင်များ အဆင့် အတန်းမြင့်မားရေး၊ ခရီးစဉ်ဒေသများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းရေးတို့ဖြစ်ကြောင်း ၊ ယခုပြုလုပ်သည့်အစည်းအဝေးမှာ နိုင်ငံခြားသား ခရီးသည် များ မြန်မာနိုင်ငံအတွင်း သွားလာလည်ပတ်ရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် သယ်ယူ          ပို့ဆောင်ရေးယာဉ်များ စနစ်နကျဖြစ်စေရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဆွေးနွေး ညှိနှိုင်းခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားဧည့်သည်များသည် မြန်မာနိုင်ငံအတွင်း သွားလာလည်ပတ်ရာတွင် စီနင်းသည့် မော်တော်ယာဉ်များ အဆင့်မှီရေး၊ နိုင်ငံခြားသား ဧည့်သည်များအတွက် လုံခြုံမှု အပြည့်အ၀ရှိစေရေး၊ ၀န်ဆောင်မှုအပေါ် ကျေနပ်နှစ်သက်မှုရှိစေရေး၊ ထိုက်သင့်သည့် တန်ဘိုးပေး၍ စီးနင်းနိုင်ရေးစသည့် လုပ်ငန်းစဉ်ရည်မှန်းချက်များထားရှိ၍ အောင်မြင်အောင်ဆောင်ရွက် ရ မည် ဖြစ်ကြောင်း၊ နိုင်ငံခြားသား ဧည့်သည်အသွားအလာများသည် အချို့ခရီးစဉ်ဒေသ များတွင် နိုင်ငံခြားသားများအတွက် လုံခြုံမှုအပြည့်အ၀ပေးနိုင် သည့်အာမခံချက် ရှိသောမော်တော်ယာဉ်၊စက်လှေ၊မြင်းလှည်းများစနစ်တကျမရှိခြင်း၊ယာဉ်စီးခနှုန်းထားများ ပုံသေ သတ်မှတ်ထားရှိမှုမရှိခြင်းတို့ကြောင့် အချို့ကိစ္စများတွင် မလိုလားအပ်သော အုပ်ချုပ်မှုပြဿနာ များ ဖြစ်ပေါ်စေနိုင်သဖြင့် နိုင်ငံနှင့်လူမျိုးဂုဏ်သိက္ခာထိခိုက်စေနိုင်ကြောင်း၊ သို့ဖြစ်၍ ၄င်းပြဿနာများ မဖြစ်ပေါ်စေရေးအတွက် သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်၊ စက်လှေ၊ မြင်းလှည်းများ စနစ် တကျဖြစ်ပေါ်လာစေရန် ယခုလိုစီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ပထမအဆင့် အနေဖြင့် ပုဂံဒေသ တွင် မေလ(၁၅) ရက်နေ့တွင် စတင်ဆောင်ရွက်ပြီး ဆက်လက်၍ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ဟဲဟိုး၊     အင်းလေးနှင့်ကော့သောင်း၊    တာချီလိတ်ဒေသများတွင် ဆက်လက်အကောင်                    အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေး ရေယာဉ် များဖြစ်သည့် မော်တော်ယာဉ်၊ စက်လှေ၊ မြင်လှည်းတို့တွင် နိုင်ငံခြားသားဧည့်သည်စီးနင်းနိုင်သည့် တံဆိပ်အပြာဝိုင်း၊ ခရီးစဉ်အလိုက်ပုံသေသတ်မှတ်ထားသည့် ဈေးနှုန်းစာရွက်များ ကပ်ထားရေး၊ ကျေနပ်မှုမရှိလျှင် ဆက်သွယ်တိုင်ကြားနိုင်သည့် ဆက်သွယ်ရန်ဒေသအလိုက် Information Counter MTT ၏ဖုန်းနံပါတ်များ တပ်ဆင်ပေးထားရန် လိုအပ် ကြောင်း၊ စက်လှေများတွင် လှေဆိပ်၌ Fixed Price များ၊ Information Counter MTT ၏ ဖုန်းနံပါတ်များကပ်၍ စက်လှေများတွင် အသက်ကယ်အင်္ကျီများထားရှိပေးနိုင်ရေး စီစဉ်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
   ဆက်လက်၍ မြန်မာ့ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးမှ နိုင်ငံခြားသား ဧည့်သည်များသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် ပုဂံဒေသတွင်သယ်ယူပို့ဆောင်ရေးယာဉ် များဖြစ်သော မော်တော်ယာဉ်၊ မြင်းလှည်းနှင့်ဧရာဝတီ ရေဆိပ်၌ စက်လှေများ၊ ဟဲဟိုး၊ ညောင်ရွှေရေဆိပ်၌ စက်လှေများ စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်း တင်ပြဆွေးနွေးပြီး အစည်းအဝေး တက်ရောက်လာကြသူများမှ အကောင်အထည်ဖော်ဆောင်ရွက်မည့်  အစီအစဉ်များအား ပြည်လည် တင်ပြဆွေးနွေးကြပါသည်။
  အစည်းအဝေးသို့ ဒုတိယ၀န်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ခံများ ၊ Myanmar Ease Net ကုမ္ပဏီ၊ Art Wave ကုမ္ပဏီနှင့် ပြည်ရွှေဝါ ကုမ္ပဏီတို့မှ အုပ်ချုပ်မှုဒါရိုက်တာများ ၊ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။
Posted in Uncategorized | Comments Off
Deputy Minister for Hotels and Tourism receives Chief Operation Officer and Managing Director of Diethelm Travel Group, Thailand
Nay Pyi Taw, 25 April
Deputy Minister for the Ministry of Hotels and Tourism U Htay Aung received Chief Operation  Officer RICHARD R. BROUWER and Managing Director LILLI SAXER of Diethelm Travel Group, Thailand at the hall of the Ministry, here, at 15;30 pm today.
At the call, the guests discussed matters related to taking measures of the Ministry for improving hotels and tourism industry, adequate hotel rooms availability, hotel room rates, number of tourists and room conditions, conducting tourism training school, university, conferring Degrees and Diplomas of Tourism for tourism related human resource development. The Deputy Minister explained about Responsible Tourism Workshop held at Myanmar International Convention Centre (MICC), Nay Pyi Taw on Feb 23 and coordination meeting for upgrading hotel standard, organizing foreign investment hoteliers association, procedures for hotels with outstanding rental fees and Delay Project Hotels, New Investment Procedure Type (A,B,C) held at the Jade hall of the ministry on March 14. He also discussed matters on upgrading hotel rooms in Yangon Hotel Zone, timely running of Delay Project Hotels, ERG, Centre Point Tower, conditions of restricted areas, conducting university for Degrees and Diplomas’ of Tourism.
Also present at the call were Head of the Minister’s Office and departmental concerned.
KMT
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဌေးအောင်အား Diethelm Travel Group , Thailand မှ Chief Operation Officer RICHARD R.BROUWER နှင့် Managing Director LILLI  SAXER တို့မှလာရောက်တွေ့ဆုံ
နေပြည်တော်၊ ဧပြီ (၂၅) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဌေးအောင်အား Diethelm Travel Group , Thailand မှ Chief Operation Officer RICHARD R.BROUWER နှင့် Managing Director LILLI SAXER တို့သည် (၂၅-၄-၂၀၁၂) ရက်နေ့ နေ့လည် (၁၅း၃၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမသို့လာရောက်တွေ့ ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ၀န်ကြီးဌာန၏ ဆောင်ရွက်ပေးနေမှုအခြေအနေ၊ ဟိုတယ်အခန်းများအလုံအလောက်ရရှိရေး၊ ဟိုတယ်အခန်းခဈေးနှုန်းများ၊ နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှုပမာဏနှင့် အခန်းအခြေအနေများကို လည်းကောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်း အတတ်ပညာသင် ကျောင်း /တက္ကသိုလ်နှင့်ဆိုင်ရာဘွဲ့/ ဒီပလိုမာများပေးအပ်နိုင်မှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေးရာ ဒုတိယ၀န်ကြီးမှ (၂၃-၂-၂၀၁၂)ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင် ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC) ၌ တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို လည်းကောင်း၊ (၁၄-၃-၂၀၁၂)ရက်နေ့တွင် ၀န်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ဟိုတယ်အဆင့်အတန်းမြင့် မားရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်အသင်းဖွဲ့စည်းရေး၊ Delay Project Hotel များနှင့် ကြွေးကျန် ဟိုတယ်များအတွက် Procedure များကိုလည်းကောင်း၊ New Investment Procedure Type (A,B,C) ကိစ္စများကိုလည်းကောင်း၊ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ရန်ကုန်ဟိုတယ်ဇုန်အတွက် အရည် အသွေးမီဟိုတယ်အခန်းများ တိုးတက်အောင်ဆောင်ရွက်မှုအခြေအနေ၊ Delay Project Hotel များ ERG, Centre Point Tower များ အမြန်ပြီးစီးအောင် ဆောင်ရွက်နေသည့်အခြေအနေများ၊ ကန့်သတ်ခရီးစဉ် ဒေသအခြေအနေများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ဒီပလိုမာနှင့်ဘွဲ့များအတွက် တက္ကသိုလ် ဖွင့်လှစ်သင်ကြားနေမှု အခြေအနေများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရုံးအဖွဲ့မှူး)နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ရကြောင်း သတင်းရရှိသည်။
Posted in Uncategorized | Leave a comment
Union Minister for Hotels and Tourism and for Sports U Tint Hsan meets Region/State in-charges
NAY PYI TAW, 10 April-Union Minister for Hotels and Tourism and for Sports U Tint Hsan met Region/State in-charges at Nilar Meeting Hall of the ministry here yesterday morning.
He said 53 officers and staff have been assigned to each hotel zone as Region/State in-charges and members to realize four missions of the ministry, with 22 objectives to be adhered to. He pointed out that the tourism industry will enjoy sustainable development only when arrival, accommodation and transportation for tourists are smooth and easy. The ministry is working in cooperation with related ministries to introduce e-visa system for smoother entrance of tourists to Myanmar, he said.
Plans are underway to introduce e-visa at Yangon International Airport in the fourth week of this April.
He called on the Region/State incharges to make all-out efforts to fulfill four basic missionsand 22 objectives of the ministry for sustainable development of tourism industry.
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တိုင်းဒေသကြီး/ပြည်နယ်တာဝန်ခံများအား တွေ့ဆုံမှာကြား
(နေပြည်တော်၊ ဧပြီ-၁၀ရက်)
          ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် (၉-၄-၂၀၁၂)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးရုံး၊ နီလာအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သော တိုင်းဒေသကြီး/ပြည်နယ်တာဝန်ခံများအား တွေ့ဆုံပွဲသို့ တက်ရောက်အမှာ စကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးမှ ဆက်လက်မှာကြားရာတွင် တိုင်းဒေသကြီး/ ပြည်နယ်တာဝန်ခံများ အနေ ဖြင့် မိမိတို့နယ်မြေအတွင်း ဟိုတယ်များအဆင့်အတန်းမြင့်မားစေရေး ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပြီး Star အဆင့်သတ်မှတ်ခြင်းကို ၀န်ကြီးဌာနမှ ဖွဲ့စည်းပေးထားသော အဖွဲ့များဖြင့် ပူးပေါင်းပြီး စည်းမျဉ်း/ စည်းကမ်းများအတိုင်း တိကျစွာစစ်ဆေးဆောင်ရွက်ရေး၊ ဟိုတယ်များတွင် Star အဆင့်အလိုက် ထားရှိရ မည့် ၀န်ထမ်းအင်အား၊ သင်တန်းတက်ရောက်ပြီးဖြစ်ရမည့် ၀န်ထမ်းအင်အားတို့ကို တွက်ချက်၍ ထပ်မံ သင်တန်းတက်ရောက်ရန်လိုအပ်သော အရေအတွက်ကို သက်ဆိုင်ရာဟိုတယ်များနှင့် ညှိနှိုင်းဆောင်ရွက် ပြီး ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း(၄)မျိုးတွင် သင်တန်းတက်ရောက်နိုင်ရေးကိစ္စအား တွန်းအား ပေးကြပ်မတ်ဆောင်ရွက်ရေး၊ ဟိုတယ်အိပ်ခန်းများကိုလည်း ခွင့်ပြုလိုင်စင်ပါ အိပ်ခန်းအရေ အတွက်နှင့် အမှန်တကယ်ဖွင့်လှစ်ထားရှိသည့် အိပ်ခန်းအရေအတွက်များ ကိုက်ညီမှုရှိစေ ရန်ဆောင်ရွက်ရေး၊ မိမိတို့ နယ်မြေတွင် ဟိုတယ်ဇုန်များတိုးချဲ့နိုင်ရန် ရရှိနိုင်သောမြေနေရာများ ရှာဖွေခြင်း၊ မြေနေရာများ ရရှိမည် ဆိုပါက ၀န်ကြီးဌာနသို့ သတင်းပို့ခြင်း၊ လိုအပ်သည့်သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း၊ သယ်ယူပို့ဆောင်ရေးယာဉ်များအနေဖြင့် မှန်ကန်သောဈေးနှုန်းဇယားကပ်၍ ဆောင်ရွက် ရေး၊ လုပ်ငန်းလိုင်စင်ရယူဆောင်ရွက်ရေး၊ သပ်ရပ်သောဝတ်စုံ၊ ယာဉ်မောင်းလိုင်စင်၊ လုပ်ငန်းလိုင်စင်တို့ဖြင့် စနစ်တကျဖြစ်စေရေး   နိုင်ငံခြား ဧည့်သည်များကိုလည်း ၀န်ကြီးဌာနအသိအမှတ်ပြု နံပါတ်အပြာ လိုင်စင်ရယူထားသော ယာဉ်များကို သာစီးနင်းရမည်ကို သိရှိနားလည်အောင် စည်းရုံးဆောင်ရွက်ရေး၊  ဧည့်သည်များနှင့်အတူပါလာသော ဧည့်လမ်းညွှန်များကိုလည်း လိုအပ်သည့်အကူအညီများ၊ အခက်အခဲများ ဖြေရှင်းဆောင်ရွက်ပေး၍ ဧည့်လမ်းညွှန်များ စည်းကမ်းစနစ်တကျဖြစ်စေရေးကို ဟိုတယ်ဇုန်တာဝန်ခံများနှင့်အတူ ၀ိုင်းဝန်းကြပ်မတ်ဆောင်ရွက်ရေး၊ ခရီးစဉ်ဒေသသစ်များဖော်ထုတ်ပြီး ဧည့်သည်များသွားလာ လည်ပတ်နိုင်အောင် ခရီးစဉ်သစ်များကြော်ငြာဆောင်ရွက်ပေးသည့် လုပ်ငန်းတာဝန်များ ကို ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အနေဖြင့် မှာကြားရာတွင် တိုင်းဒေသကြီး/ပြည်နယ် တာဝန်ခံများ အနေဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၀န်ကြီးဌာန၏ အခြေခံမူ (၄)ရပ်၊ လုပ်ငန်းတာဝန်(၂၂)ရပ်တို့ကို အောင်မြင်အောင် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ နည်းလမ်းရှာဖွေ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းမှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယ၀န်ကြီးမှ ရှင်းလင်းတင်ပြဆွေးနွေးပြီး အစည်းအဝေးသို့ တက်ရောက်လာ သော ဌာနအလိုက်တာဝန်ခံအရာရှိကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ်တာဝန်ခံများမှ မိမိဒေသနယ်မြေ အလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်း တင်ပြ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
Posted in Uncategorized | Leave a comment
Work coord meeting for the implementation of e-visa system take place
Nay Pyi Taw, April 4
            For implementation of e-visa system, the work coordination meeting of committee for smooth entrance of foreign tourists took place at the Ministry of Hotels and Tourism, here at 10 am and the Union Minister for Hotels and Tourism and for Sports, U Tint Hsan delivered an address.
          In his address, the Union Minister said that, the Ministry of Hotels and Tourism  has laid down the 4 strategic policies guidelines for the systematic development of hotels and tourism industry. These are; to facilitate smooth entry for tourist, to provide convenient transportation system, to upgrade the standard of hotels and restaurants and to conserve the sustainable development of tourist destinations. Introducing the e-visa system is one of the key points for the smooth entry of tourists. Therefore, coordination was made with related ministries to introduce e-visa system which could save time and ensure security. The system will be installed firstly at Yangon International Airport, Ministry of Home Affairs, Ministry of Immigration and Population, Ministry of Communications, Posts and Telegraphs and Ministry of Hotels and Tourism and then at Mandalay International Airport and Muse, Tachilek, Kawthoung and Myawaddy border gates. Thirdly it will be installed at Baga, Heho and Thandwe airports. Tourist visa, business visa, social visa and other visa will be transformed into e-visa which will be introduced in the fourth week of this April.
         After that, Managing Director U Kyaw Moe Naing of Myanmar Ease Net Co.Ltd, technical arm of e-visa system implementation team and committee members reported on the progress of works.
TDA
နိုင်ငံခြားဧည့်သည် ၀င်ရောက်မှု အဆင်ပြေလွယ်ကူရေးကော်မတီ e-Visa စနစ် အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
(နေပြည်တော်၊ ဧပြီ – ၄ ရက်)
          နိုင်ငံခြားဧည့်သည် ၀င်ရောက်မှု အဆင်ပြေလွယ်ကူရေးကော်မတီ e-Visa စနစ် အကောင် အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ နီလာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကော်မတီဥက္ကဌ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်း တက်ရောက်၍ အမှာစကားပြောကြားသည်။
          ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းတာဝန်ကြီး(၄)ရပ်ကို ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ ၄င်းတာဝန်ကြီး(၄)ရပ်မှာ နိုင်ငံခြားသားခရီးသည် ၀င်/ထွက်မှုစနစ်တကျ လွယ်ကူ အဆင်ပြေစေရေး၊  ခရီးသည်များသွားလာရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် သယ်ယူ ပို့ဆောင် ရေးဆိုင်ရာ ယာဉ်များစနစ်တကျဖြစ်စေရေး၊ ဟိုတယ်နှင့်စားသောက်ဆိုင်များ အဆင့် အတန်း မြင့်မားရေး၊ ခရီးစဉ်ဒေသများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းရေးတို့ဖြစ်ကြောင်း၊ ယခုပြုလုပ်သည့်အစည်းအဝေးမှာ နိုင်ငံခြားသားခရီးသည် ၀င်/ထွက်မှု စနစ်တကျ လွယ်ကူအဆင်ပြေစေ ရေးအတွက် ရည်ရွယ်၍ e-Visa စနစ် အကောင်အထည်ဖော်ရေး အတွက် ဆွေးနွေးညှိနှိုင်းခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားဧည့်သည်များသည် မြန်မာနိုင်ငံသို့လာရောက်နိုင်ရန် အတွက် ပြည်ဝင်ခွင့်ဗီဇာရရှိရေးကို သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ၌ ရယူခြင်း၊ မြန်မာနိုင်ငံနှင့် သံတမန်အဆက် အသွယ်မရှိသော နိုင်ငံများအတွက် ရယူရန်ခက်ခဲခြင်း၊ သံရုံးရှိသော်လည်း အလှမ်းကွာဝေးသောမြို့များတွင် နေထိုင်သူများအတွက် အဆင့်ဆင့်ခက်ခဲစွာ ဆက်သွယ်ဆောင်ရွက်ရခြင်း၊ ခရီးသွားကုမ္ပဏီ များ၏ အကူအညီရှာဖွေ၍ Pre Arrangement on Arrival Visa ရရှိရေးကို အဆင့်ဆင့်စိစစ် ထောက်ခံ ချက်ဖြင့် ဆောင်ရွက်ရခြင်းစသည့် အခက်အခဲ ကြန့်ကြာမှုများကို ဖြေလျော့ပေးနိုင်ရေးအတွက် လုံခြုံမှုအရ ကြိုတင်စစ်ဆေးကြည့်ရှုပြီးမှ ခွင့်ပြုပေးနိုင် သည့် အီလက်ထရောနစ်စနစ်ကို အခြေခံသော ပြည်ဝင်ခွင့်ဗီဇာ ပုံစံ e-visa စနစ်ကို စမ်းသပ်ကျင့် သုံးနိုင်ရန်အတွက် ဆက်စပ်ဝန်ကြီးဌာနများဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန တို့နှင့်ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ e-visa စနစ်ကို အဆင့်အပိုင်းခွဲခြား၍ ဦးစားပေး အလိုက် တပ်ဆင်မည်ဖြစ်ပြီး ပထမအပိုင်းအနေဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊  ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ရုံးချုပ်နေရာများတွင်လည်းကောင်း၊ ဒုတိယအပိုင်းအနေဖြင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၊ မူဆယ်၊ တာချီလိတ်၊ ကော့သောင်း၊ မြ၀တီ နယ်စပ်ဂိတ်များတွင်လည်းကောင်း၊ တတိယပိုင်းအနေဖြင့် ပုဂံ၊ ဟဲဟိုး၊ သံတွဲလေဆိပ် များတွင် လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ကျွမ်းကျင်ဝန်ထမ်းများ နှင့်အတူ စက်ကိရိယာ များကို တပ်ဆင်ပြီးနောက် စတင်စမ်းသပ်ဆောင်ရွက်သည့်အခါ ကနဦး၌ ကမ္ဘာလှည့် ခရီးသည်ဗီဇာ (Tourist Visa)၊ နောက်တစ်ဆင့် Business Visa ၊ Social Visa နှင့် Other Visa များကို အဆင့်လိုက်ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ၄င်းလုပ်ငန်းများကို စနစ်တကျဆောင် ရွက်နိုင်ရန်အတွက် ပြည်တွင်းကုမ္ပဏီ Myanmar Ease Net အား ၀န်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲ မှုဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ e-visa စနစ်အား ၂၀၁၂ခုနှစ်၊ ဧပြီလခန့်မှန်း စတုတ္ထပါတ်မှ စတင်၍ စမ်းသပ်ဆောင်ရွက်ပြီး လုပ်ငန်းစဉ်ချောမွေ့ပြီး အခက်အခဲမရှိပါက ဆက်လက်ဆောင်ရွက်ခွင့်ပြုရန် အစီအစဉ်ကို တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
    ထို့နောက် e-visa စနစ်ဖော်ဆောင်ကျင့်သုံးနိုင်ရေးအတွက် နည်းပညာများကို တာဝန် ယူ ဆောင်ရွက်နေသည့် Myanmar Ease Net Co., Ltd အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်မိုးနိုင်မှ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး၊ အစည်းအဝေးတက်ရောက်လာသော ကော်မတီအဖွဲ့ဝင် များမှ ၀န်ကြီးဌာနအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးတင်ပြကြကြောင်း သတင်းရရှိ သည်။
Posted in Uncategorized | Leave a comment