(နေပြည်တော်၊ ဖေဖော်ဝါရီ-၆ ရက်)
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်အား ဥရောပ ကော်မရှင်၏ အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးနှင့်ပူပေါင်းဆောင်ရွက်ရေးဌာန အကြီးတန်း အရာရှိနှင့် သံအမတ်ကြီးဟောင်းဖြစ်သူ Mr. Thierry Rommen မှ ယနေ့နံနက် (၁၀း၀၀) နာရီအချိန် တွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၃)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမသို့ လာရောက်၍ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းတွင် Payment of Tariff စနစ်ကျင့်သုံးဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ အား တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ တင်ရွှေ၊ ညွှန်ကြားရေးမှူးချုပ်၊ခေတ္တဦးဆောင်ညွှန်ကြားရေးမှူးနှင့် ရုံးအဖွဲ့မှူးတို့တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။
