Yangon, 8 Aug 2012
A workshop on Yangon Region Hotels and Tourism Development, organized by the Ministry of Hotels and Tourism, was held at Innya Lake Hotel, here, this morning.
At the workshop, Union Minister for Hotels and Tourism U Tint Hsan said that under the leadership of the government, the reform strategy is being carried out in accordance with political and economic reforms in Myanmar and it is aimed at developing of tourism industry.
He called on entrepreneurs to practice Public, Private and Partnership (PPP) in order to grasp the chance of economic success that will lead to stand tall in regional and ASEAN membership countries. To develop lucrative tourism industry, the private sector is involved in it under the supervision of the ministry, he said.
Upon the results of holding workshop, it will go ahead till the reach of National Level in cooperation with region and state governments. With the assistance of region and state governments, such kind of workshops will be held at Mandalay, Bagan and Innlay, the destination of the tourists, he remarked.
After national five years plan, the ministry is expected to arrive 1.4 million tourists in 2015-2016 fiscal year and necessary arrangements are being provided to be convenient for those tourists, he assured.
Yangon Region Chief Minister U Myint Swe made addresses and Deputy Minister U Htay Aung explained work process.
The deputy minister and officials responded to questions.
ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့်လည်း ဟန်ချက်ညီညီ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာလျှင် ပီပြင်သောဈေးကွက်စီးပွားရေးစနစ် ပေါ်ထွန်းလာပြီး ခိုင်မာသောစီးပွားရေးကို ပိုင်ဆိုင်လာမည်
(ရန်ကုန်၊ သြဂုတ်-၈ ရက်)
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက ဦးစီးကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီတွင် ရန်ကုန်မြို့ အင်လျားကန်ဟိုတယ်၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံတွင် ပြောင်းလဲဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေးမူဝါဒများနှင့်အညီ လိုက်လျောညီထွေလိုက်ပါဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရ၏ ဦးဆောင် မှုဖြင့် မဟာဗျူဟာပြုပြင်ပြောင်းလဲရေး (Reform Strategy) ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိပြီး ခရီးသွားလုပ်ငန်းများ စနစ်တကျနှင့်ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးကို ဦးတည်ဆောင်ရွက်လျက် ရှိကြောင်း ၊မိမိတို့ဝန်ကြီးဌာနတွင် ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်းစသည်ဖြင့် ကဏ္ဍစုံပါဝင်ပြီး ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရာ၌ တွေ့ကြုံရသည့် အခြေအနေ၊ ဖြစ်ပေါ်လာနိုင်သည့် အလားအလာများ၊ အားသာချက်၊ အားနည်းချက်များကိုချိန်ထိုး၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကို ဆွေးနွေး ဆောင်ရွက်ကြရန်လိုကြောင်း ၊ဒေသတွင်းနှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ထည်ဝါစွာ ရပ်တည်နိုင်စေမည့် စီးပွားရေးဖွံ့ဖြိုးမှုမျိုးကိုရရှိရန် P.P.P ခေါ် Public ၊ Private ၊ Partnership ကို ဟန်ချက်ညီညီဆောင်ရွက်သွားကြရန် အရေးကြီးသည်ကို လုပ်ငန်းရှင်များ အားလုံးအသိပင်ဖြစ် ပါကြောင်း၊ ထို့ကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို နိုင်ငံ၏အဓိကအားထားရာ စီးပွားရေးလုပ်ငန်း အဖြစ် ဆောင်ရွက်ရာတွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနအနေဖြင့် ညှိနှိုင်း ကြီးကြပ်ပေးပြီး ပုဂ္ဂလိကကဏ္ဍကလည်း လက်တွေ့အပြည့်အ၀ ပါဝင်ဆောင်ရွက်နိုင်ရေး အရေးကြီး ပါကြောင်း။
ယခု အလုပ်ရုံဆွေးနွေးပွဲဆိုင်ရာ ရလဒ်များကို အခြေတည်ပြီး အမျိုသားအဆင့် (National Level) အထိ ဆက်လက်တင်ပြဆွေးနွေးကြမည်ဖြစ်ရာ ဆွေးနွေးပွဲရလဒ်များမှ မဟာဗျူဟာပြုပြင်ပြောင်း လဲရေး ဖော်ဆောင်မှုအတွက် အမှန်တကယ် အကျိုးသက်ရောက်မှုရှိစေနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်း များအောင်မြင်ရေးအတွက် ၀န်ကြီးဌာနတစ်ခုတည်း ဆောင်ရွက်နေရုံဖြင့် ပြီးပြည့်စုံမှုမရှိနိုင်ဘဲ တိုင်းဒေသကြီးနှင့်ပြည် နယ်အစိုးရများ၏ အခန်းကဏ္ဍသည်များစွာအရေးကြီးကြောင်း၊ တိုင်းဒေသ ကြီးနှင့်ပြည် နယ်အစိုးရများ၏ ပံ့ပိုးပါဝင်ဆောင်ရွက်မှုဖြင့် အဓိကခရီးစဉ်ဒေသများဖြစ်သည့် မန္တလေး၊ ပုဂံ၊အင်းလေး တို့၌ ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲများကို ဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ အမျိုးသားစီမံကိန်းအရ ပထမ(၅)နှစ် စီမံကိန်းပြီးဆုံးချိန် ၂၀၁၅-၂၀၁၆ ကာလတွင် ကမ္ဘာလှည့်ခရီးသည် ( ၁ ဒသမ ၄) သန်း ရောက်ရှိရေးမျှော်မှန်းဆောင်ရွက် လျက် ရှိပြီး ခရီးသည်ဝင်ထွက်မှုစနစ်တကျ လွယ်ကူအဆင်ပြေစေရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ သယ်ယူ ပို့ဆောင်ရေးယာဉ်များ စနစ်တကျဖြစ်စေရေး၊ ဟိုတယ်နှင့်စားသောက်ဆိုင်များ အဆင့် အတန်းမြင့်မားစေရေး၊ ခရီးစဉ်ဒေသများပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရေရှည်တည့်တံ့ခိုင်မြဲအောင် ထိန်းသိမ်းရေးစသည့် မူဝါဒများကို ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း၊ အစိုးရနှင့်ပုဂ္ဂလိက မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍတွင် ၀န်ကြီးဌာနအနေဖြင့် ကြီးကြပ်လမ်းညွန်မှုနှင့် မူဝါဒ ချမှတ်ဖော်ဆောင်မှုတို့ကို မျက်ခြည်မပြတ်စေဘဲ အစဉ်ကြိုးစားဆောင်ရွက်နေသည့်နည်းတူ ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့်လည်း ဟန်ချက်ညီညီ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာလျှင် ပီပြင်သော ဈေးကွက်စီးပွားရေးစနစ် ပေါ်ထွန်းလာပြီး ခိုင်မာသော စီးပွားရေးကို ပိုင်ဆိုင်လာ မည့်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက အမှာစကားပြောကြားပြီး ဒုတိယ ၀န်ကြီး ဦးဌေးအောင်က လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်း၊ ရန်ကုန်ဟိုတယ်ဇုန်အသင်း ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးတင်မြင့်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးသက်လွင်တိုး၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနန်းညွှန့်ဝင်းမော်နှင့် တက် ရောက်လာကြသူများက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ စနစ်တကျနှင့်ရေရှည် ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးကြရာ ဒုတိယ၀န်ကြီး ဦးဌေးအောင်နှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သတင်းရရှိသည်။