Increase of Inlay Lake Zoning Fees
1. Being a cultural as well as an eco-tourism site, Inlay Lake in the Southern Shan State of Myanmar has achieved significant tourism growth from time to time. As a result, it becomes very important to pay substantive attention to the conservation tasks that support sustainable development of Inlay Lake and its environs.
2. To fullfil this purpose, the Inlay Lake Zoning Fees has been decided to increase from USD 5 to USD 10 per tourist with effect from 1 October 2013.
3. In order to appropriately and systematically use of the collected zoning fees, the Government of Shan State shall form a Budget Committee which comprises the following repesentatives:
(a) Group of Representatives led by Chief Minister of Shan State;
(b) Representatives from the concerned Ministries (Ministry of Environmental Conservation and Forestry, Ministry of Hotels and Tourism);
(c) Local Representatives (Patrons of townspeople);
(d) Respective Representative(s) of Hluttaw (Parliament);
(e) A Chairperson each from Local Hotel Zone, Union of Myanmar Travel  Association and Union of Myanmar Tourist  Guide Association;        
(f) Representatives recommended by Chief Minister of Shan State  (If necessary)
4. The Budget Committee shall take the following responsibilities:
(a) The Government of Shan State shall collect the zoning fees and control the budget in a transparent manner;
(b) The Budget Committee will discuss the work plan to use the budget and the amount of budget to be spent for the agreed activities;
(c) The Committee shall take the responsibility mentioned in (b) with the approval of Chief Minister of Shan State;
(d) The Committee shall open a saving account at Myanmar Economic Bank and control the saving systematically;
(e) The Committee shall keep financial documents on budgetary status systematically which shall be  audited;
(f) The Committee shall submit a quaterly report on the work done and the future work plan to the higher authority
5. The budget allocation will be prioritized to  the following tasks:
(a) to support sustainable development of Inlay Lake and its environs;
(b) to enhance the social welfare of the community;
(c) to promote Inlay Lake as an attractive tourist destination
—————————————————————————————————-
အင်းလေးကန် ဇုန်ဝင်ကြေးတိုးမြှင့် ကောက်ခံခြင်း
၁။      ရှမ်းပြည်နယ်၊ အင်းလေးဒေသတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ အင်းလေးကန် ရေရှည်တည်တံ့ရေး အထောက်အကူပြုလုပ်ငန်းများကို ပိုမိုဂရုပြု ဆောင်ရွက်နိုင်စေ ရန် အတွက် အင်းလေးဒေသဇုန်ဝင်ကြေး သတ်မှတ်ခြင်းကို တိုးမြှင့်သွားမည်ဖြစ်ပါသည်။
၂။      ထို့အတွက် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှစတင်၍ အင်းလေးဒေသဇုန်ဝင်ကြေး အား နိုင်ငံခြားဧည့်သည်တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၅)ဒေါ်လာ မှ (၁၀)ဒေါ်လာ သို့ တိုးမြှင့် သတ်မှတ်သွားပါ မည်။
၃။      အဆိုပါဝင်ငွေကို အကျိုးရှိစွာနှင့် စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ သည် အောက်ပါကော်မတီတစ်ရပ်ဖွဲ့စည်း၍ တာဝန်ယူ ဆောင်ရွက်သွားပါမည်-
(က)    ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစီးသော ကိုယ်စားလှယ်အဖွဲ့၊
(ခ )    သက်ဆိုင်ရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ (ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေး ရာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန)
(ဂ )    ဒေသခံကိုယ်စားလှယ် (မြို့မိမြို့ဖ)၊
(ဃ)    သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်၊
(င )    ဒေသခံဟိုတယ်ဇုန်၊ ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် ဧည့်လမ်းညွှန်များအသင်းတို့မှ ဥက္ကဌ တစ်ဦးစီ၊
(စ )    လိုအပ်ပါက ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်၏ အစီအစဉ်ဖြင့် ဖြည့်စွက်ဖွဲ့စည်းနိုင်ပါသည်။
၎။      အင်းလေးဒေသဇုန်ဝင်ကြေး ဘဏ္ဍာငွေထိန်းသိမ်းရေးကော်မတီ၏ လုပ်ငန်းတာဝန်များ မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က)    ဇုန်ဝင်ကြေးဘဏ္ဍာငွေများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ယူထိန်းသိမ်းဆောင်ရွက်ရန်၊
(ခ )    ဇုန်ဝင်ကြေးဘဏ္ဍာငွေဖြင့် သုံးစွဲမည့်လုပ်ငန်း၊ သုံးစွဲမည့်ငွေကြေးပမာဏကို ကော်မတီအဖွဲ့မှ  ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ရန်၊
(ဂ )    ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်နှင့် သုံးစွဲမည့်ငွေကြေးပမာဏကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်၏ ခွင့်ပြုချက်ရယူဆောင်ရွက်ရန်၊
(ဃ)    ဇုန်ဝင်ကြေးဘဏ္ဍာငွေကို မြန်မာ့စီးပွားရေးဘဏ်တွင် ငွေစာရင်းဖွင့်လှစ်၍ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ရန်၊
(င )    လုပ်ငန်းအလိုက် ဘဏ္ဍာငွေသုံးစွဲမှုများကို စာရင်းအင်းများ စနစ်တကျထားရှိပြီး စာရင်းစစ်      အဖွဲ့မှ စစ်ဆေးမှုခံယူနိုင်သည်အထိ စနစ်တကျဆောင်ရွက်ရန်၊
(စ )    လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို အထက်ဌာနသို့ (၃)လတစ်ကြိမ် အစီရင်ခံတင်ပြရန်၊
၅။      ရရှိသောဘဏ္ဍာငွေကို အောက်ပါလုပ်ငန်းရပ်များတွင် ဦးစားပေးသုံးစွဲသွားမည်ဖြစ်ပါသည်-
(က)    အင်းလေးကန်ရေရှည် တည်တံ့ခိုင်မြဲရေး အထောက်အကူပြုလုပ်ငန်းများ၊
(ခ )    လူမှုအဖွဲ့အစည်း အကျိုးပြုမည့်လုပ်ငန်းများ၊
(ဂ )    အင်းလေးခရီးစဉ်ဒေသ မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများ၊
Posted in Uncategorized | Leave a comment
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေ ရန်ကုန်မြို့ရှိ တည် ဆောက်ဆဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်းများနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်းများ အား ကြည့်ရှုစစ်ဆေး
(နေပြည်တော်၊ ဧပြီ-၂၉ ရက်)
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေ သည် (၂၇-၄-၂၀၁၃) ရက်နေ့တွင်ရန်ကုန်မြို့ရှိတည်ဆောက်ဆဲနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟိုတယ်စီမံကိန်း များနှင့်ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်းများဖြစ်သည့် Traders Square Commercial Complex စီမံကိန်း၊ Center Point Tower Hotel စီမံကိန်း၊ Rose Garden Hotel စီမံကိန်း၊ Shangrila Hotel စီမံကိန်း၊ Nov၀tel Yangon Hotel စီမံကိန်း၊ Pyi Garden Condomenium စီမံကိန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တိုးတက်ရောက်ရှိလာသော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ရန်ကုန်မြို့သို့ရောက်ရှိလာသည့်အခါ အဆင်ပြေစွာတည်းခို နေထိုင်နိုင်ရန် အတွက်နိုင်ငံတကာအဆင့်မီ ဟိုတယ်အခန်းများ လုံလောက်စွာ တည်ဆောက်ပြီးစီးရေးအတွက် စီမံကိန်းများ၏ လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက် ပေးသွားမည့် ကိစ္စရပ်များနှင့် သက်ဆိုင်ရာ ကုမ္ပဏီများ အနေဖြင့်လည်း စီမံကိန်းများကို သတ်မှတ်ကာလများအတွင်း ပြီးစီးအောင်ကြိုး စား ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။
Traders Square Commercial Complex စီမံကိန်းသည် ဆူးလေဘုရားလမ်းတွင်တည်ရှိပြီး စင်္ကာပူ နိုင်ငံ Traders Square Ltd မှ စစ်ထောက်ချုပ်ရုံးနှင့် သဘောတူညီ၍ ရင်းနှီးမြှုပ်နှံ မှုဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ရုံးခန်းများ၊ အရောင်းဆိုင်များ၊ စားသောက်ဆိုင်များ ပါဝင်ပြီး ၂၀၁၅ နှစ်ကုန်ခန့်တွင် ဖွင့်လှစ်ရန် လျာထားပါသည်။
Center Point Tower Hotel စီမံကိန်းသည် ဆူးလေဘုရားလမ်းတွင် တည်ရှိပြီး ထိုင်းနိုင်ငံမှ L.P Holding Co.,Ltd မှ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် သဘောတူညီ၍ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး (၁၆-၉-၂၀၁၀)ရက်နေ့တွင် ရုံးခန်းအဆောက်အဦအား စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ဟိုတယ်အခန်း(၃၀၀)ကို ၂၀၁၃ ခုနှစ်အတွင်း ပြီးစီး အောင် ဆောင် ရွက် လျှက်ရှိသည်။
Rose Garden Hotel စီမံကိန်းသည် မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပန်းဆိုးတန်းလမ်းတွင် တည်ရှိပြီး ဟောင်ကောင်အခြေစိုက် Emerald Rose Garden Ltd မှ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနနှင့် သဘောတူညီ၍ ၂၀၁၃ ခုနှစ်အတွင်း အခန်း (၂၀၀)နှင့် ၂၀၁၄ ခုနှစ်အတွင်း အခန်း(၈၈)ခန်း၊ စုစုပေါင်း (၂၈၈)ခန်း ပြီးစီးအောင် ဆောင်ရွက် လျှက်ရှိသည်။
Shangrila Hotel စီမံကိန်းသည် ကန်တော်ကြီး ကန်ရိပ်သာလမ်းတွင် တည်ရှိပြီး စင်္ကာပူနိုင်ငံ Shangrila အုပ်စုမှ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် သဘောတူညီ၍ ဟိုတယ်၊ Serviced Apartment နှင့် စီးပွားရေးအဆောင်အဦများ တည်ဆောက်ဖွင့်လှစ်မည်ဖြစ်ပြီး ပထမ အဆင့်အနေဖြင့် အခန်း (၂၄၀)ပါ  Serviced Apartment (၂)လုံး ကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ကုန်တွင် ဖွင့်လှစ်ရန် ဆောင်ရွက် လျှက်ရှိပါ သည်။
Novotel Yangon Hotel စီမံကိန်းသည် ကမာရွတ်မြို့နယ်၊ ပြည်လမ်းမပေါ်တွင်တည်ရှိပြီး နိုင်ငံသား ပိုင် Max Myanmar ကုမ္ပဏီမှ တာဝန်ယူ၍ အခန်း (၃၆၆)ခန်းပါ နိုင်ငံတကာအဆင့်မီဟိုတယ်ကို ၂၀၁၃ ခုနှစ် အတွင်းဖွင့်လှစ်ရန် ဆောင်ရွက်လျှက်ရှိပါသည်။
Pyi Garden Condomenium စီမံကိန်းသည် စမ်းချောင်းမြို့နယ်၊ ပြည်လမ်း တွင်တည် ရှိပြီး ပြည်တွင်း နိုင်ငံသားပိုင် ဇေကမ္ဘာကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောင်ရွက်လျှက်ရှိပြီး အဆင့်မြင့် လူနေအိမ်ခန်း (၁၇၆)ခန်း နှင့် ရုံးခန်း (၂၈)ခန်းပါဝင်ပြီး ၂၀၁၃ ခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက် လျှက်ရှိပါကြောင်း သတင်းရရှိသည်။
Posted in Uncategorized | Leave a comment
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ နေပြည်တော်တွင် ဇူလိုင်လ ပထမပါတ်၌ ကျင်းပပြုလုပ်မည့် World Economic Foreumအခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် တည်းခိုနေထိုင်ရေး၊ဧည့်ခံကျွေးမွေးရေး ကိစ္စများအား အဆင်ပြေစေရန် ဟိုတယ် အထွေထွေမန်နေဂျာများနှင့် တာဝန်ခံများအား တွေ့ဆုံမှာကြား
(နေပြည်တော်၊ ဧပြီ- ၂၆ ရက်)
World Economic Foreum အား နေပြည်တော်တွင် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့မှ (၇)ရက်နေ့ အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည် တော်များတည်းခိုနေထိုင်ရေး၊ ဧည့်ခံကျွေးမွေးရေးကိစ္စများအား အဆင်ပြေစွာဆောင် ရွက်နိုင်စေရန်အတွက် ယနေ့နံနက် (၁၁း၀၀)နာရီအချိန်တွင် ရုံးအမှတ်(၃၃)၊ ကျောက်စိမ်း အစည်းအဝေး ခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် သည် နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ်များမှ ဟိုတယ် အထွေထွေမန်နေဂျာများနှင့် တာဝန်ခံ များအား တွေ့ဆုံမှာကြားသည်။
 ပြည်ထောင်စုဝန်ကြီးမှ ဆက်လက်မှာကြားရာတွင် ဟိုတယ်များရှိ ၀န်ထမ်းများ ဧည့်ဝန်ဆောင်မှု ကျွမ်း ကျင်စွာ ဆောင်ရွက်နိုင်စေရန်အတွက်  ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း (၄)မျိုးကို နေပြည်တော် ဟိုတယ်ဇုန်တွင် မေလ(၆)ရက်နေ့မှစတင်ပြီး ရက်သတ္တပတ်(၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်၍ ဟိုတယ်များအလိုက် ၀န်ထမ်းများပါဝင်တက်ရောက်ရေး ကြပ်မတ်ဆောင်ရွက်သွားစေလိုပါကြောင်း၊ ယခုသင်တန်း သည် World Economic Foreum အခမ်းအနားတွင် ဧည့်သည်တော်များအား ဧည့်ခံ ၀န်ဆောင်မှုပေးရာတွင် အထောက်အကူပြုစေနိုင်ရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း ရှင်းလင်း မှာကြားသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ တင်ရွှေ နှင့် ဌာနတာဝန်ခံအရာရှိများ၊ နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ်များမှ ဟိုတယ်အထွေထွေ မန်နေဂျာများနှင့် တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
Posted in Uncategorized | Leave a comment
ဧည့်လမ်းညွှန်(အခြေခံ)သင်တန်းအမှတ်စဉ်(၄၂)နှင့် အမှတ်စဉ်(၄၃)၀င်ခွင့်နှင့်သင်တန်းဖွင့်ရက်များ
ဧည့်လမ်းညွှန်(အခြေခံ)သင်တန်း အမှတ်စဉ်(၄၂)
သင်တန်းကြေး                              -        ၁၀၀၀၀၀ကျပ်
သင်တန်းကြေးကောက်ခံသည့်ကာလ  -        ၂၃-၄-၂၀၁၃နေ့မှ ၃၀-၄-၂၀၁၃ နေ့အထိ
ဧည့်လမ်းညွှန်(အခြေခံ)သင်တန်း အမှတ်စဉ်(၄၂)
သင်တန်းကာလ                            -        ၆-၅-၂၀၁၃နေ့မှ ၂၈-၆-၂၀၁၃ နေ့အထိ
ဧည့်လမ်းညွှန်(အခြေခံ)သင်တန်း အမှတ်စဉ်(၄၂) သင်တန်းဖွင့်ပွဲရက်ကြေငြာခြင်း
သင်တန်းဖွင့်မည့်ရက်                     -        ၆-၅-၂၀၁၃ (တနင်္လာ)
နေရာ                                        -        ပန်ဒါဟိုတယ်
အချိန်                                        -        (၀၈း၀၀)နာရီအရောက်
သင်တန်းဖွင့်ပွဲတွင်ဝတ်ဆင်ရန်
အမျိုးသား                                    -        အမျိုးသားဝတ်စုံ (တိုက်ပုံ)
အမျိုးသမီး                                   -        မြန်မာအမျိုးသမီးဝတ်စုံ
ဧည့်လမ်းညွှန်(အခြေခံ)သင်တန်း အမှတ်စဉ်(၄၃)
သင်တန်းကြေး                              -        ၁၀၀၀၀၀ကျပ်
သင်တန်းကြေးလက်ခံသည့်ကာလ      -        ၁-၇-၂၀၁၃မှ ၅-၇-၂၀၁၃ နေ့အထိ
ဧည့်လမ်းညွှန်(အခြေခံ)သင်တန်း အမှတ်စဉ်(၄၃)
သင်တန်းကာလ                            -        ၈-၇-၂၀၁၃နေ့မှ ၃-၉-၂၀၁၃ နေ့အထိ
Posted in Uncategorized | Leave a comment
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် နေပြည်တော်၊ ဟိုတယ်ဇုန်ရှိ ဟိုတယ်များမှ ဟိုတယ်အထွေထွေမန်နေဂျာများ၊ တာဝန်ခံများအား တွေ့ဆုံမှာကြား
(နေပြည်တော်၊ မတ်-၂၀ ရက်)
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်သည် ယနေ့ နံနက် (၉း၀၀)နာရီ အချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၃၃)၊ ကျောက်စိမ်းအစည်းအဝေးခန်းမ၌ နေပြည် တော် ဟိုတယ်ဇုန်ရှိ ဟိုတယ်များမှ ဟိုတယ်အထွေထွေမန်နေဂျာများ၊ တာဝန်ခံများနှင့် တွေ့ဆုံအမှာ စကား ပြောကြားသည်။
 တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးမှမှာကြားရာ၌ မကြာမီအချိန်ကာလအတွင်း နေပြည်တော်လေဆိပ် ကို ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ နေပြည်တော်လေဆိပ်သို့ နိုင်ငံခြားသားခရီးသည် တင်ဆောင်မည့်လေယာဉ်များ ပုံမှန်ဆင်းသက်နိုင်ရေးအတွက် နိုင်ငံခြားသားခရီးသည် ရရှိရေးသည် အဓိက အချက်တစ်ခုဖြစ်ပါကြောင်း၊ သို့အတွက် နေပြည်တော်သို့ လာရောက်လည်ပတ် မည့် နိုင်ငံခြား သားခရီးသည် များ ရရှိရေးအတွက် စီစဉ်ဆောင်ရွက်ရာတွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီး ဌာနအနေဖြင့် ခရီးစဉ်ဒေသတစ်ခုအဖြစ် ဆွဲဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရ မည်ဖြစ် ပါကြောင်း၊ နေပြည်တော်တွင် နိုင် ငံခြားသားခရီးသည် လာရောက်ပါက ဧပြီလမှဇွန်လအထိ ပထမ (၃)လ တာကာလအတွင်း လေဆိပ်မှတည်းခို သည့် ဟိုတယ်နေရာအထိ ပို့ဆောင်ရေး မော်တော်ယာဉ် အခမဲ့စီစဉ်ပေးခြင်း၊ နိုင်ငံခြားသားခရီးသည် တစ်ဦး လျှင် တစ်ညအိပ်ခရီးစဉ်ကာလအတွက် နံနက်စာ အပါအ၀င် တည်းခိုသည့်ဟိုတယ်အခန်းခအခမဲ့ စီစဉ်ဆောင် ရွက်ပေးခြင်းဖြင့် နိုင်ငံခြားသား ခရီးသည် များအား ဖိတ်ခေါ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဇူလိုင်လမှ စက် တင်ဘာလအထိ ဒုတိယ (၃)လတာ ကာလအတွင်း တည်းခိုသည့် ဟိုတယ်အခန်းခကို (၁)ရက်လျှင် အမေရိကန်ဒေါ်လာ (၃၀)နှုန်းဖြင့် စီစဉ်ဆောင်ရွက်ပေးသွားနိုင်ရေးအတွက် ယခုလို နေပြည်တော် ဟိုတယ် ဇုန်မှ တာဝန်ရှိ သူ များအား ခေါ်ယူတွေ့ဆုံ ဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ နေပြည်တော်တွင် လက်ရှိဖွင့်လှစ်ပြီး ဟိုတယ်ပေါင်း (၃၁)လုံး ရှိသည့်အတွက် ဟိုတယ်တစ်လုံးလျှင် တစ်ရက်လျှင် (၁၀)ခန်းနှုန်းဖြင့် အခန်းပေါင်း (၃၁၀)ခန်းနှင့် ဆောင်ရွက်သွားရန် လျာထားပါကြောင်း၊ နေ့စဉ်လေဆိပ်မှ ဟိုတယ်ဇုန်အထိပို့ဆောင်ပေးနိုင်ရေး အတွက် (၄၅)ဦးဆန့် မော်တော်ယာဉ် (၅)စီးခန့်ဖြင့် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ဤကဲ့သို့ ကြော်ငြာမြှင့်တင်၍ ဆွဲဆောင်မှုဖြင့် လုပ်ဆောင်ပေးပါကနိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ယခုထက် ပိုမို တိုးတက်ရောက်ရှိလာပြီး ရေရှည်တွင်  နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ်များ အနေဖြင့် လုပ်ငန်းပိုင်း တွင် အဆင်ပြေလာမည်ဖြစ်ပါ၍ ယခုကဲ့သို့ စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ သို့အတွက် ဟိုတယ် လုပ်ငန်း ရှင်များ ဟိုတယ်အလိုက်တာဝန်ခံများမှ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုပါကြောင်း အကျယ် တ၀င့် ရှင်းလင်း မှာကြားသည်။
၎င်းနောက် တွေ့ဆုံပွဲသို့တက်ရောက်လာသည့် ဟိုတယ်လုပ်ငန်းရှင်များ၊ အထွေထွေမန်နေဂျာ များနှင့် တာဝန်ခံများ၏ ဆွေးနွေးတင်ပြမေးမြန်းချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ရှင်းလင်း   ဆွေးနွေးပြီး အခမ်းအနားအား ရုတ်သိမ်းလိုက်ပါသည်။တွေ့ဆုံပွဲသို့ ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေ နှင့် ဌာနတာဝန်ခံ အရာရှိကြီးများ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးရန်ဝင်း နှင့် တာဝန်ရှိသူများ၊ နေပြည်တော် ဟိုတယ် ဇုန်ရှိဟိုတယ်များမှ အထွေထွေမန်နေဂျာများနှင့် တာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိ သည်။
Posted in Uncategorized | Leave a comment
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် အား ဂျပန်နိုင်ငံ နိုင်ငံတကာရေးရာနှင့် မြေယာ၊ အဆောက်အဦ၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး Mr.Hajime ISHIZU ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ
(နေပြည်တော်၊ မတ်-၁၈ ရက်)
 ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် အား ဂျပန်နိုင်ငံ နိုင်ငံတကာရေးရာနှင့် မြေယာ၊ အဆောက်အဦ၊ သယ်ယူပို့ဆောင်ရေးနှင့်  ခရီးသွားလုပ်ငန်း ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး Mr.Hajime ISHIZU ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေ (၄)နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃၃) ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ သို့ လာရောက်တွေ့ဆုံ သည်။
 တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး မှ ဆွေးနွေးရာ၌ ဂျပန်-မြန်မာ ချစ်ကြည်ရင်းနှီးမှုသည် ရှေးယခင် ကာလများကပင် အဓွန့်ရှည်တည်တံ့ခဲ့ကြောင်း၊ယခုအခါ မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်း သည် နိုင် ငံရေး၊ စီးပွားရေးပြောင်းလဲလာမှုနှင့်အတူ ဖွံ့ဖြိုးတိုးတက်လျှက်ရှိပါကြောင်းနှင့် ယင်းတွင်ဂျပန်နိုင်ငံသား ခရီးသွားဧည့်သည်များလည်း တိုးတက်ရောက်ရှိလျှက်ရှိပါကြောင်း၊ ဂျပန်နိုင်ငံမှ လေကြောင်းလိုင်းများ ပိုမိုတိုးချဲ့ပျံသန်းပြေးဆွဲပါက ဂျပန်နိုင်ငံသားခရီးသွားဧည့်သည်များလည်း ယခုထက်ပိုမိုလည် ပတ်ရောက် ရှိနိုင်မည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းတိုးတက်မှုနှင့်အတူ အနာဂတ်လူငယ်များနှင့် လူမှုအဖွဲ့အစည်း များတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းပညာရပ်များ လိုအပ် လျှက်ရှိပါကြောင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းတွင် Responsible Tourism Policy အား ဂျာမဏီနိုင်ငံ Hanns Seidel Foundation အကူအညီဖြင့်လည်းကောင်း၊ Myanmar Tourism Master Plan အား နော်ဝေးနိုင်ငံအစိုးရ၏ ငွေကြေးအကူအညီ အာရှဖွံ့ဖြိုးရေးဘဏ်၏ နည်းပညာအကူအညီ များဖြင့် ဆောင် ရွက်လျှက်ရှိရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးကူညီပေးစေ လို ပါကြောင်း၊ အထူးသဖြင့် Vocational Training (အသက်မွေးဝမ်းကြောင်းအတတ်ပညာသင် တန်းကျောင်းများ ) ထူထောင်လိုပါ ကြောင်း ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။
ဂျပန်နိုင်ငံ နိုင်ငံတကာရေးရာနှင့် မြေယာ၊ အဆောက်အဦ၊ သယ်ယူပို့ဆောင်ရေးနှင့်  ခရီးသွား လုပ်ငန်း ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး Mr.Hajime ISHIZU မှ ပြန်လည်ဆွေးနွေးရာတွင် မိမိအနေဖြင့် မြန်မာနိုင်ငံ သို့ ပထမဦးဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် နိုင်ငံခြားခရီးသွား ဧည့်သည် အများအပြားလာရောက်လည်ပတ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ဂျပန်နိုင်ငံသားများအနေဖြင့် လည်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်းကို အထူးနှစ်ခြိုက်ကြသည်ဟု ကြားသိရပါကြောင်း၊ ယခု  ဆွေးနွေးချက်များအား မှတ်သားပြီး ၀န်ကြီးအား ပြန်လည်တင်ပြဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မိမိတို့ ၀န်ကြီးအနေဖြင့်လည်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် အထူးစိတ်အားထက်သန် လျှက်ရှိပါ ကြောင်းဖြင့် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။
 တွေ့ဆုံပွဲသို့ ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေ နှင့် ဌာနတာဝန်ခံအရာရှိများ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။
  (သတင်းစဉ်)
Posted in Uncategorized | Leave a comment
ဟိုတယ်လုပ်ငန်းကဏ္ဍ၌နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတိုးပွားလာ
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းသည်၂၀၁၁ ခုနှစ်မှစတင်၍ သိသိသာသာဖွံ့ဖြိုးတိုးတက်လာခဲ့ပါ သည်။ အထူးသဖြင့်  မြန်မာနိုင်ငံသို့  ကမ္ဘာလှည့်ခရီးသည်များရောက်ရှိမှုသည်  ၂၀၁၁ခုနှစ်တွင် ၃% တိုး ခဲ့သော် လည်း ၂၀၁၂ခုနှစ်တွင်၃၀%အထိတိုးတက်လာခဲ့ပါသည်။
 ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းဟူသည်   ၀န်ဆောင်မှုလုပ်ငန်းတစ်ရပ်ဖြစ်ပြီး  အရင်းအနှီးများပြား စွာဖြင့် အကျိုးသက်ရောက်မှု များစွာရရှိသော    လုပ်ငန်းအမျိုးစားဖြစ်သည်။အထူးသဖြင့်   နိုင်ငံခြားဝင်ငွေ ရရှိခြင်း၊ အလုပ်ကိုင်များရရှိခြင်း၊  နည်းပညာဗဟုသုတများရရှိခြင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုကို အထောက်အကူပြုခြင်းနှင့် နိုင်ငံတကာနှင့်ချစ်ကြည်ရင်းနှီးမှုရခြင်းမှအစပြု၍ ဆင်းရဲမှုလျော့ချရေးအထိ အထောက်အကူပေးသောလုပ်ငန်းဖြစ်ပါသည်။
 ဤလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အဓိကအားဖြင့် လာရောက်လည်ပတ်မှု လွယ်ကူရေး၊ နေထိုင် တည်းခို မှုဖူလုံရေး၊လှည့်လည်ကြည့်ရှုဖွယ်ရာများပြည့်စုံခြင်းနှင့်ကောင်းမွန်သောစီမံခန့်ခွဲမှုရှိခြင်းတို့သည် အခြေခံလိုအပ်ချက်များဖြစ်ပေသည်။
သို့ဖြစ်ရာဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနသည် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည် များအဆင်ပြေ ချောမွေ့စွာ ပိုမိုတိုးတက်ကာလာ ရောက်စေပြီး၎င်းတို့နေထိုင် လည်ပတ်ရေး အတွက် လိုအပ်သော  အစီအမံများချမှတ်၍ပံပိုးဆောင်ရွက်လျက်ရှိပါသည်။
ဤသို့ဆောင်ရွက်ရာတွင် ကမ္ဘာလှည့်ခရီးသည်များ၏လိုအပ်ချက်များ ကိုဖြည့်ဆည်းပေးနိုင်မည့် နိုင်ငံ တကာအဆင့်မီဟိုတယ်များ ဖွံ့ဖြိုးတိုးတက်ပြီးအခန်းများ လုံလောက်စွာပေါ်ထွန်းလာရေးသည်လည်း အဓိကလုပ်ငန်းစဉ်တစ်ရပ်ပင်ဖြစ်ပါသည်။ဟိုတယ်လုပ်ငန်းဟူသည်ကား  အရင်းအနှီးများစွာ စိုက်ထုတ် ရပြီးတတ်ကျွှုမ်းနားလည်စွာစီမံခန့််ခွဲရန်လိုအပ်သောလုပ်ငန်းဖြစ်သကဲ့သို့မြေအသုံး ချခ၊ဌားရမ်းခနှင့် အခြားအ ခွန်များရခြင်း၊ဒေသခံ များအတွက်အလုပ်အကိုင်အခွင့်လမ်း များဖန်တီးပေးခြင်း ၊ဒေသ ထွက် စားကုန် များရောင်းချရခြင်းနှင့်နိုင်ငံတော်၏လိုအပ်သော အစည်းဝေးကြီးများ၊ဆွေနွေး ပွဲပြပွဲကြီ များနှင့်မင်္ဂလာ ပွဲကြီးများအဆင့် မီမီကျင်းပနိုင်ခြင်းတို့အတွက်များစွာအထောက်အကူပြုပါသည်။
 နိုင်ငံတကာအဆင့်မီဟိုတယ်လုပ်ငန်းအတွက် လုံလောက်သောအရင်းအနှီးနှင့် နည်းပညာ လိုပါသည်။ ဤအရင်းအနှီးနှင့်နည်းပညာများကိုအဓိကအားဖြင့် ဤလုပ်ငန်းထွန်းကားနေသော ပြည်ပနိုင်ငံ ကြီးများ ကရရှိပါသည်သို့ဖြစ်ပါ၍မြန်မာနိုင်ငံသို့နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဟိုတယ်များလာရောက်တည်ဆောက်  လုပ် ကိုင်ရန် မြန်မာနိုင်ငံရင်းနှီမြုပ်နှံမှု ဥပဒေကလည်း အသစ်ပြဌာန်းဖြေလျော့ပေးသကဲ့သို့ ၀န်ကြီး ဌာန ကလည်းလက်ကမ်း၍ ဖိတ်ခေါ်လျက်ရှိပါသည်။ သို့ရာတွင် နိုင်ငံခြာရင်းနှီးမြုပ်နှံမှုကအသစ်ဖွင့်လှစ်မှု အစပျိုးချိန်ဖြစ်၍  မြေစမ်းခရမ်းပျိုးမေးမြန်းစုံစမ်းကြပါသည်။   ထိုအထဲတွင်  အိမ်နီးချင်း   ဗီယက်န မ်နိုင် ငံ မှHoang Anh Gia Lai Myanmar Co, Ltd သည် ဟိုတယ်နှင့်စီးပွားရေး အဆောက် အအုံများကို ဤ၀န်ကြီး ဌာနနှင့်ချိတ်ဆက်၍ ပထမဆုံးရင်းနှီးမြုပ်နှံသူဖြစ်ပါ၍လှိုက်လဲစွာကြိုဆိုရပါသည်။
ဤဟိုတယ်လုပ်ငန်းမစတင်မီကာလကပင် ပြည်တွင်းသတင်းဂျာနယ်များကစုံစမ်းမေမြန်းကြရာ ၀န်ကြီး ဌာနကအရေးတယူလှိုက်လဲစွာရှင်းလင်းပြသခဲ့ပြီး ၎င်းတို့ကလည်း ဂျာနယ်အချို့ တွင်ဖော်ပြသည် ကို တွေ့ ရပါသည်။ဒါတင်မကဒေသတွင်းခရီးသွားလုပ်ငန်းအစည်းအဝေးများ နှင့်ဆက်စပ်ကျင်းပသော ခရီး သွားပြပွဲဆွေးနွေးပွဲများ၌လည်း ရှင်လင်းအသိပေးခဲ့ကြပါသည်။ သို့ဖြစ်ရာလုပ်ငန်းဆောင် ရွက်ခွင့် ကိုမြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုဥပဒေစည်းမျဉ်းများနှင့်အညီ အဆင့်ဆင့် တင်ပြခဲ့ပြီး ဟိုတယ်နှင့် ခရီးသွာလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့်  ဗီယက်နမ်နိုင်ငံHoang Anh Gia Lai Co,ltd တို့သည် မြန်မာနိုင်ငံရင်နှီးမြုပ်နှံမှုကော်မရှင်၏ခွင့်ပြုမိန့်(၃၀.၁၁.၂၀၁၂ )ရက်စွဲ ပါ(၅၂၅/၂၀၁၂)ဖြင့်ရန်ကုန်မြို့အမှတ်(၁၉၂) ကမ္ဘာအေးဘုရားလမ်းနှင့်စက်မှု(၁)လမ်းထောင့်ရှိ ယခင်အမှတ်(၁)စက်မှုဝန်ကြီးဌာန ရုံးဟောင်းနေရာရှိ မြေဧရိယာ(၁၈.၁၃၁)ဧကတွင် နိုင်ငံတကာအဆင်မှီ ဟိုတယ်နှင့်စီးပွားရေးအဆောက်ဦးများဆောက်လုပ် ရန်(၁၈.၁၂.၂၀၁၂)ရက်နေ့တွင်B.O.T contractနှင့် Lease Agreement  နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုပြီးလုပ်ငန်းများ အကောင်ထည်ဖော်ဆောင် ရွက်လျက်ရှိပါသည်။လက်မှတ်ရေးထိုးခြင်းအခမ်းအနားအကြောင်းကို၂၀.၁၂.၂၀၁၂ ရက်(အင်္ဂါ)နေ့ထုတ် The New Light Of Myanmar တွင်လည်းကောင်း (၁၉.၁၂.၂၀၁၂) ရက်နေ့ည (၈.၀၀)မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းတွင်လည်းကောင်း(၄.၂.၂၀၁၃) ရက်(တနလာင်္)နေ့ ထုတ် မြန်မာ့အလင်းသတင်းစာတွင်လည်းကောင်း၊ တရားဝင်ထုတ်ပြန်သော အခြားပြည် တွင်းဂျာနယ်များတွင်လည်းကောင်းအသီးသီး ထုတ်ပြန်ကြေငြာထားခဲ့ပါသည်။ဆက်လက် ၍ဒေသတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရင်းနှီးမြုပ်နှံမှုဆွေးနွေးပွဲများတွင်တင်ပြခြင်း၊နိုင်ငံခြား သတင်း ဌာနများ မှဟိုတယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိုသိလို၍မေးမြန်းလာမှုများကိုလည်း သတင်းပေး လျက်ရှိ ပါသည်။
အဆိုပါစီမံကိန်းအားရင်နှီးမြုပ်နှံမှုတန်ဖိုးအမေရိကန်ဒေါ်လာ(၃၀၀)သန်းဖြင့်ရင်းနှီးမြုပ်နှံ၍ အခန်း(၄၁၄) ခန်းပါ Five Starဟိုတယ်နှင့်အခန်း(၅၈၅)ခန်းပါ Commercial Centreနှင့် Office  Building No(1) ကိုပထမအဆင့်အနေဖြင့် ၂၀၁၆ ဇွန်လနောက်ဆုံးထား၍ ဖွင့်လှစ်ရန်အဖြစ်လည်ကောင်း၊ အခန်း (၃၅၄)ခန်းပါ Office Building No(2)နှင့် (၂၃၉၆) ယူနှစ်ပါ Service Apartments(၄)လုံးကို ဒုတိယ အဆင့်အနေဖြင့်၂၀၁၉ခုနှစ်ဇွန်လနောက်ဆုံးထား၍ဖွင့်လှစ်ရန် အဖြစ် လည်းကောင်း ကာလသတ် မှတ်ဆောင် ရွက် လျက်ရှိပါသည်။
ယခုအခါတွင်ဗီယက်နမ်နိုင်ငံအခြေပြု Hoang Anh Gia Lai Co,ltd သည် တည်ဆောက်ရေး လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ဤ၀န်ကြီးဌာနအပါအ၀င်ဌာနအသီသီးကဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့် အညီပံပိုးဆောင်ရွက်လျက်ရှိပါသည်။ ဟိုတယ်နှင့်ခရီးးသွားလာရေးဝန်ကြီးဌာနသည် တိုးတက် လာသောနိုင်ငံနှင့်ပြည်သူလူထု အတွက် ဆင့်ပွားအကျိုး သက်ရောက်မှုရှိစေသော ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုအရှိန်အဟုန်ကို နှောင်နှေးစေမည့်အဟန်အတား လိုအပ်ချက်များကိုမဟာဗျူဟာ စီမံကိန်းများ ချမှတ်ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားစွာ လည်ပတ် သောရန်ကုန်၊မန္တလေး၊ပုဂံ၊အင်းလေးဒေသများတွင် ဟိုတယ်အခန်းများ ပိုမိုဖွံ့ဖြိုးတိုး တက်ရေး အတွက် ပြည်တွင်းပြည်ပရင်းနှီးမြုပ်နှံသူများကိုကြိုဆိုလျက်ရှိပါကြောင်းဖော်ပြလိုက်ရပေသည်။
Posted in Uncategorized | Leave a comment
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဌေးအောင် ချင်းပြည်နယ် အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံမှာကြားပြီး ပြည်နယ်အတွင်း လှည့်လည် ကြည့်ရှု့လေ့လာ
( နေပြည်တော်၊ မတ်- ၄ ရက် )
          ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဌေးအောင်သည် တာဝန်ရှိသူများ လိုက်ပါလျှက် ချင်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များ ဆောင်ရွက်ရန် ဖေဖော်ဝါရီလ(၂၈)ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့ သို့ ရောက်ရှိကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း နှင့်စီးပွားရေးဝန်ကြီး ဦးရမ်မန်း လိုက်ပါလျှက် ကလေးမြို့မှ ထွက်ခွာလာခဲ့ကြရာ ညပိုင်းတွင် ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ရောက်ရှိကြပါသည်။
          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ်လ(၁)ရက်နေ့ နံနက်ပိုင်းတွင် ဖလမ်းမြို့အား လှည့်လည်ကြည့်ရှု့လေ့လာပြီး ဆက်လက်ထွက်ခွာလာခဲ့ကြရာ နံနက်(၁၀း၃၀) နာရီခွဲအချိန်တွင် ဟားခါးမြို့သို့ ရောက်ရှိသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် နေ့လည် (၁း၀၀) နာရီအချိန် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်းငိုင်း နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ မြို့မိ မြို့ဖ များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ချင်းပြည်နယ်အတွင်း ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များ ကူညီပံ့ပိုး ဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပိတ်ဆို့ ကန့်သတ်မှုများ သဘာဝ ဘေးအန္တရာယ်များ၊ နိုင်ငံရေးပယောဂများကြောင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှု နှေးကွေးခဲ့ရကြောင်း၊ ၂၀၁၁ခုနှစ်၊ နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် နိုင်ငံရေး၊ စီးပွားရေး စံနစ်ပုံစံများ ပြောင်းလဲလာမှုကြောင့် နိုင်ငံတကာနှင့် ရင်းနှီးပွင့်လင်းစွာ ဆက်ဆံလာနိုင်ခဲ့ရာ ခရီးသွား လုပ်ငန်းအပိုင်းတွင် သိသာထင်ရှားစွာ ပြောင်းလဲတိုးတက်လာခဲ့ကြောင်း၊ ၂၀၁၂ခုနှစ်အတွင်း ခရီးသည် ၀င်ရောက်မှု (၁)သန်းကျော်ရှိခဲ့ပြီး ယခု ၂၀၁၃ခုနှစ်တွင်လည်း ဆက်လက်ဖွံ့ဖြိုးလျှက်ရှိကြောင်း ယခုအခါ ခရီးစဉ်ဒေသများ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိရာ ခရီးသွားလုပ်ငန်း စံနစ်တကျ တိုးတက် အောင်မြင်စေရန်၊ ၀န်ဆောင်မှု အရည်အသွေးပြည့်ဝကောင်းမွန်ရန် လိုအပ်ကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများအတွက် ၀န်ဆောင်မှု အရည်အသွေး ပြည့်ဝစေရန် လိုအပ်သည့် သင်တန်းများ ချင်းပြည်နယ်အတွင်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ကောင်းမွန်စေရေးတွင် ခရီးသွားလုပ်ငန်းသည်လည်း အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ ဘေးထွက်ဆိုးကျိုးများလည်း ဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်ကာကွယ်ထိန်းသိမ်းရန် လိုကြောင်းမှာကြားပါသည်။ ထို့နောက်ဆွေးနွေးပွဲသို့ တက်ရောက်လာသူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများမှ ဆွေးနွေးဖြေကြားပြီး လိုအပ်ချက်များကို ဖြေရှင်းဆောင် ရွက်ပေးခဲ့ပါသည်။              ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟားခါးမြို့ ၀န်းကျင်နှင့် ချင်းပြည်နယ်၊ ယဉ်ကျေး မှုပြတိုက်တို့အား သွားရောက်ကြည့်ရှု့လေ့လာကြရာ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်း ပြသကြ ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ်လ(၂)ရက်နေ့ နံနက်ပိုင်းတွင် ချင်းပြည်နယ်အစိုးရ အဖွဲ့ဝင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးနန်ဇမုန်လိုက်ပါလျှက် ဟားခါးမြို့မှ ထွက်ခွာလာခဲ့ကြရာ ညနေပိုင်းတွင်တီးတိန်မြို့သို့ ရောက်ရှိကြပါသည်။ ထို့နောက် တီးတိန်မြို့ ဆောက်လုပ်ရေးရိပ်သာတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ် သည်များ ၀ိုင်းဝန်းကုညီပါဝင်ဆောင်ရွက်ကြရန် မှာကြားပြီး တီးတိန်မြို့အတွင်း လှည့်လည် ကြည့်ရှုလေ့ လာကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ်လ(၃)ရက်နေ့ နံနက်ပိုင်းတွင် တီးတိန်မြို့မှ ထွက်ခွာ လာခဲ့ကြရာ ဟိုင်မွာနယ်စပ်ကုန်သွယ်ရေးစခန်းသို့ရောက်ရှိကြပါသည်။ နယ်စပ်ကုန်သွယ်ရေးစခန်း တွင်ဌာနဆိုင်ရာ တာဝန်ရှိသူများရပ်မိရပ်ဖများလုပ်ငန်းရှင်များနှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးမှ ချင်းပြည်နယ် အတွင်းခရီးသွားလုပ်ငန်းများတိုးတက်အောင်မြင်စေရေး လိုအပ်သည်များ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေး ကြရန် မှာကြားခဲ့ပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရိဒ်မြို့နယ်ခွဲ နယ်စပ်စစ်ဆေးရေး ဂိတ်သို့ ရောက်ရှိကြပြီး မြန်မာ-အိန္ဒိယနယ်စပ်ဖြတ်ကျော်လည်ပတ်သွားလာမှု အခြေအနေများ အားလေ့လာမေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပါသည်။ ဆက်လက်၍  ပြည်ထောင်စု ၀န်ကြီးနှင့်အဖွဲ့သည်ရိဒ်ရေကန်သို့ရောက်ရှိကြပြီး ရေကန်ရေရှည်တည်တံ့အောင်ထိန်း သိမ်းရေး၊ ခရီးသွားဧည့်သည်များ ဘေးအန္တရယ်ကင်းရှင်းစွာဖြင့် အပန်းဖြေအနားယူနိုင်ရေးအတွက် လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ ခရီးသွားဧည့်သည်များတိုးတက်များပြား လာပါက ဆောင်ရွက် မည့် အစီအမံတို့အား ဒေသခံမြို့မိမြို့ဖများနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရိဒ်ရေကန်မှ ပြန်လည်ထွက်ခွာလာခဲ့ကြရာ တီးတိန်မြို့သို့ မွန်းလွဲပိုင်းတွင် ရောက်ရှိကြပါသည်။ တီးတိန်မြို့တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသော တိုင်းရင်းသား ခရီးသွားလုပ်ငန်းရှင် (၂) ဦးတို့မှ (၁) ဦးလျှင် အလှူငွေ ကျပ်(၂၀)သိန်းစီနှင့်  စုစုပေါင်း အလှူ ငွေကျပ် (၄၀)သိန်းတို့အား တီးတိန်မြို့နယ် ပြည်သူ့ ဆေးရုံအတွက် လှူဒါန်းကြရာ တီးတိန်မြို့နယ် အုပ်ချုပ်ရေး မှူးမှ လက်ခံရယူပါသည်။ ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တီးတိန်မြို့မှ ထွက်ခွာလာ ခဲ့ကြရာ စစ်ကိုင်းတိုင်း ကလေးမြို့သို့ ညနေပိုင်းတွင် ရောက်ရှိကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ်လ(၄)ရက်နေ့နံနက်ပိုင်းတွင် ကလေးမြို့၊ တာဟန်း ဈေးသို့ ရောက်ရှိကြပြီး ချင်းတိုင်းရင်းသားများ၏  ရိုးရာအ၀တ်အစား အသုံးအဆောင် ပစ္စည်းများ ရောင်းဝယ်နေမှု ရိုးရာအစားအသောက်များ ထုတ်လုပ်ပြင်ဆင်ရောင်းချနေမှုများအား ကြည့်ရှု လေ့လာခဲ့ပြီး ကလေးမြို့မှ ပြန်လည်ထွက်ခွာလာခဲ့ကြရာ နေ့လည်ပိုင်းတွင် နေပြည်တော် သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။
Posted in Uncategorized | Leave a comment
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် Myanmar Tourism Master Plan ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်မှာကြား။ Myanmar Hospitality & Tourism Conference (2013) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြား
(နေပြည်တော်၊ ဖေဖော်ဝါရီ – ၂၈ ရက်)
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်သည် ဖေဖော်ဝါရီလ (၂၆)ရက်နေ့ နေ့လည် (၂) နာရီအချိန်တွင် ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်သို့ ရောက်ရှိ ပြီး ပြည်တွင်း ပြည်ပ ပညာရှင်များနှင့်တွေ့ဆုံပြီး Myanmar Tourism Master Plan ရေးဆွဲရေးနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။ ဆက်လက် ၍ ပြည်ထောင်စုဝန်ကြီးသည် J-V ဟိုတယ်နှင့် FDI ဟိုတယ် များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဖေဖော်ဝါရီလ (၂၇) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ဆူးလေဘုရားလမ်းရှိ Traders Hotel ၌ ကျင်းပပြုလုပ်သော Myanmar Hospitality & Tourism Conference (2013) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်အမှာ စကားပြောကြား ပေးခဲ့သည်။ အဆိုပါ Conference တွင် ဧည့်ဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံနိုင်သော အခွင့်အလမ်းများ၊ ဟိုတယ်စီမံကိန်းများ၊ နိုင်ငံတကာမှ ဟိုတယ်လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံ နိုင်သော ဈေးကွက်သစ်များ ဖော်ထုတ်ခြင်း၊ အခွင့်အလမ်းနှင့်စိန်ခေါ်မှုများ၊ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများ နှင့် အသစ်ထွက်ပေါ်လာနိုင်သော ခရီးစဉ်ဒေသများ၊ ခရီးသွားလာရေးလုပ်ငန်းနှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သော စည်းမျဉ်းဥပဒေများ စသည့် အကြောင်း အရာများအား အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
          အဆိုပါ Conference ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ တက်ရောက်အားပေးခဲ့ပြီး Conference အား ဖေဖော်ဝါရီလ (၂၇)၊ (၂၈) ရက်နေ့ များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်တွင်းပြည်ပ ပညာရှင်များ၊ စိတ်ပါဝင်စားသူများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။
Posted in Uncategorized | Leave a comment
မြန်မာနိုင်ငံလူမှုအဖွဲ့အစည်း အခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒရေးဆွဲရေး ကွန်ဖရင့် (Conference on Policy for Community Involvement in Tourism in Myanmar ) အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
(နေပြည်တော်၊ ဖေဖော်ဝါရီ  ၁၅ ရက်)
        ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနသည် ဂျာမဏီနိုင်ငံအခြေစိုက် Hanns Seidel Foundation ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံလူမှုအဖွဲ့အစည်း အခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ မူဝါဒရေးဆွဲရေး ကွန်ဖရင့် (Conference on Policy for Community Involvement in Tourism in Myanmar)ကို ယနေ့ နံနက် (၀၉း၀၀)နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃၃)၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ် ရာ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
          ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် ယခုအချိန်အခါသည် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည် ပိုမိုရောက်ရှိလာသဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု ရှိလာသော်လည်း တစ်ဖက်က စိမ်ခေါ်မှုများဖြစ်သော ဟိုတယ်အခန်းများလုံလောက်မှုရှိရန် လိုအပ်ခြင်း၊ ၀န်ဆောင်မှုများကောင်းရန် လိုအပ်ခြင်း၊ ဟိုတယ်အခန်းခနှုန်းထားများ မျှတရန်လိုအပ်ခြင်း စသည်တို့ကိုလည်း တစ်ဖက်မှဖြည့်ု ဆည်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဟိုတယ်အခန်းခဈေးနှုန်းများ ကြီးမြင့်ခြင်းနှင့်စပ်လျဉ်းပြီး ဈေးကွက် သဘောသဘာဝအရ လိုအပ်ချက်နှင့် ဖြည့်ဆည်းမှု ညီညွတ်မျှတသွားပါက အခန်းခဈေးနှုန်းများ ကျဆင်း သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကို ဦးတည် ဆောင်ရွက်လျက်ရှိသဖြင့် အနှုတ်လက္ခဏာဆောင်သော အကျိုးသက်ရောက်မှုကို နည်းနိုင် သမျှ လျော့နည်းစေပြီး အကျိုးသက်ရောက်မှု များနိုင်သမျှများအောင် ဆောင်ရွက်လိုသဖြင့် ယနေ့ အလုပ်ရုံဆွေးနွေးပွဲသည် ခရီးသွားလုပ်ငန်း၌ ဒေသခံလူ့အဖွဲ့အစည်းများမှ ပါဝင်ဆောင်ရွက်ရာတွင် သိရှိ ထားသင့်သော မူဝါဒလမ်းညွှန်ချက်များ ပေါ်ထွက်လာစေရေးအတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ၄င်းမှ တဆင့် ဒေသခံလူမှုအဖွဲ့အစည်းများကို အခြေခံသော မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် အထောက်အကူပြုမည်ဖြစ်၍  တက်ရောက်လာကြသော ၀န်ကြီးဌာနအလိုက် တာဝန်ရှိပုဂ္ဂိုလ် များနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ အနေဖြင့် ၀ိုင်းဝန်းဆွေးနွေး အကြံပြုပေးစေလိုပါကြောင်း မှာကြား သည်။
    အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် ၀န်ကြီးဌာနများ အနက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာနတို့မှ ဒုတိယ၀န်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှကိုယ်စားလှယ်များ၊မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF)နှင့်၎င်း၏လက်အောက်ခံအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ နေပြည်တော်ဟိုတယ်ဇုန်မှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။
          ဆက်လက်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကြည်သိန်းကို နှင့် Hanns Seidel Foundation မှ ဌာနေဒါရိုက်တာဖြစ်သူ Mr. Achim Munz တို့မှ အဖွင့် အမှာစကားများ အသီးသီးပြောကြားခဲ့ပါသည်။ ၄င်းနောက် Hanns Seidel Foundation မှ ခရီးသွား လုပ်ငန်း ကျွမ်းကျင်ပညာရှင် Mr. Nicole Haeusler မှ ရန်ကုန်၊ ပုဂံ၊ ကျိုင်းတုံ၊ အင်းလေးနှင့် လွိုင်ကော် တို့တွင် ကျင်းပပြီးစီးခဲ့သော အလုပ်ရုံဆွေးနွေးပွဲ အသီးသီးမှ ထွက်ပေါ်လာသော ရလာဒ်များကို လည်းကောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းတွင် လူမှုအဖွဲ့အစည်းအခြေခံခရီးသွားလုပ်ငန်း ပါဝင် လာခြင်းဖြင့် ဖြစ်ပေါ်လာမည့် အလားအလာကောင်းများ၊ စိမ်ခေါ်မှုများနှင့် ရလာဒ်များအကြောင်းကို ရှင်းလင်းတင်ပြပါသည်။       အဆိုပါကွန်ဖရင့်သည် မြန်မာနိုင်ငံအနေဖြင့် အဓိကခရီးသွားထွက်ကုန် များဖြစ်သော သဘာဝ အခြေခံခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုအမွေအနှစ်အခြေခံ ခရီးသွားလုပ်ငန်း၊ အပျော်စီးသင်္ဘောနှင့် မြစ်တွင်းသွားလာမှုကိုအခြေခံသော ခရီးသွားလုပ်ငန်းများအပြင် လူမှုအဖွဲ့အစည်း အခြေခံ ခရီးသွားလုပ်ငန်း မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော်ဆောင် ရွက်ရာ၌ မူဝါဒများ ပေါ်ထွက်လာမည်ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာ အထောက်အကူ ပြုမည်ဖြစ်ပါကြောင်း သိရှိရသည်။
Posted in Uncategorized | Leave a comment