ဒေါ်လာသန်း(၅၀၀)ကုန်ကျမည့် ခရီးသွားလုပ်ငန်းအစီအစဉ် မြန်မာနိုင်ငံထုတ်ဖော် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စု ဦးဌေးအောင် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကျင်းပ
(နေပြည်တော်၊ ဇွန်- ၆ ရက်)
 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့သည်အာရှဖွံ့ဖြိုးရေးဘဏ်(ADB)နော်ဝေနိုင် ငံ အစိုးရတို့နှင့်အတူ ဖွံ့ဖြိုးရေးစီမံကိန်း ပေါင်း (၂၁)ခုကိုလုပ်ကိုင်နိုင်ရန်အတွက် ဒေါ်လာသန်း (၅၀၀) ကုန်ကျမည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာစီမံကိန်းတစ်ခုကို ထုတ်ဖော် လိုက်သည်။ အဆိုပါအစီအစဉ်သည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း အပြိုင်အဆိုင် လုပ်ကိုင်မှု၊ ပတ်ဝန်းကျင်ဆိုင်ရာ အရေးကြီးသည့်ဒေသများအား ကာကွယ်ရန်နှင့် တိုင်းရင်း သားပြည်သူလူထုအား ကာကွယ်စောင့်ရှောက် နိုင်ရန်အတွက် အထောက် အကူပြု မည်ဖြစ် ပါသည်။
အဆိုပါ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာစီမံကိန်း ထုတ်ဖော်မှုနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအား ယနေ့နံနက် (၀၉း၀၀)နာရီအချိန်တွင် နေပြည်တော်ဟိုတယ်ဇုန်၊ အမရဟိုတယ် ၌ ကျင်းပပြုလုပ်ရာ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပင်မစီမံကိန်းရေးဆွဲရေး ကျွမ်းကျင် အဖွဲ့ခေါင်းဆောင် Prof.Dr. Paul Rogers နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ဒုတိယ ဥက္ကဌ Mr. Stephen Groff တို့ တက်ရောက်ခဲ့ပါသည်။
 ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်မှ ရှင်းလင်းပြောကြားရာတွင် ယခုမဟာစီမံကိန်း၏ အဓိက အချက်မှာ“ မြန်မာနိုင်ငံ၏ထူးခြားသော ယဉ်ကျေးမှုအမွေအနှစ်များနှင့် ပတ်ဝန်းကျင်များကို မပျက်စီး၊ အန္တရာယ်မကျရောက်စေဘဲ မြန်မာနိုင်ငံကို နိုင်ငံခြားခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ခြင်း အား ကြိုဆိုခြင်း ´´ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် စီးပွားရေး ၊ နိုင်ငံရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ထွန်း ပါက နိုင်ငံတကာ မှ နိုင်ငံခြား သားဧည့်သည်လာရောက် လည်ပတ်မှုသည် ၂၀၂၀ ခုနှစ် တွင် (၇.၅)သန်းအထိ တိုးမြှင့်လာပြီး ခရီးသွားလုပ်ငန်းမှ အလုပ်အကိုင်ပေါင်း (၁.၄)သန်းခန့် စီမံပေးနိုင် မည်ဖြစ်ပါကြောင်း ရှင်း လင်းပြောကြားသည်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ဒုတိယ ဥက္ကဌ Mr. Stephen Groff ရှင်းလင်းပြောကြား ရာတွင် ခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးအတွက် အဓိကဒေါက်တိုင် တစ်ခု ဖြစ် လာမှာဖြစ်ပြီး ဆင်းရဲ သောဒေသတွင် နေထိုင်ကြသည့် ပြည်သူ လူထုအပါ အ၀င် မြန်မာနိုင်ငံ သားများအတွက် လေးနက်သော အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် အလား အလာရှိပါကြောင်း၊  ယခုဆောင်ရွက်မည့် အစီအစဉ်မှာ ရေရှည်မျှော်မှန်းချက်ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းကဏ္ဍမှ တစ်ဆင့် လူမှုရေးနှင့် စီပွားရေးကဏ္ဍများ ညီတူညီမျှ တိုးတက်မှုဖြစ်ပေါ်လာအောင် ဖြည့်ဆည်းပေးနိုင်ရန် အတွက်ခိုင်မာသော အစပျိုး မှုများ ကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါစီမံကိန်းသည် ကမ္ဘာလှည့်ခရီးသွားဧည့်သည် ထိန်းသိမ်းစောင့်ရှောက်ရေး ရဲတပ်ဖွဲ့အသစ် ဖွဲ့စည်းရန် ဖော်ပြထားပြီး အဆိုပါအဖွဲ့သည် နိုင်ငံခြားသားခရီးသွားဧည့်သည်များအား ကာကွယ် စောင့်ရှောက်ရန်သာမက ကလေးသူငယ် လူကုန်ကူးခြင်းနှင့် လိင်ခရီးသွားလုပ်ငန်း များအား တားဆီးရန် ဖြစ်ပါကြောင်း၊ ၄င်းအပြင် ဒေသခံလုပ်သားပြည်သူများ သည် နိုင်ငံခြား သားခရီးသွားဧည့်သည်များ အစုလိုက် အပြုံလိုက်ရောက်ရှိလာပါက စနစ်တကျ ကိုင် တွယ်ဖြေရှင်းနိုင်ရန်နှင့် ၄င်းတို့၏ လူမှုအသိုင်းအ၀ိုင်းတွင် ခရီးသွားလုပ်ငန်းများ ထိန်းသိမ်း ထားနိုင် ရန်အတွက် တိုင်းရင်းသား ပြည်သူများ ဦးဆောင်ပြုလုပ်သည့် လူထုအခြေပြု ခရီးသွား လုပ်ငန်း စမ်းသပ်စီမံကိန်းများအား လုပ်ဆောင်ရန် အကြံပြု ထားပါသည်။
သတင်းစာရှင်းလင်းပွဲသို့ CNA, RFA, MRTV, MI, Sky Net ရုပ်သံလိုင်း သတင်းထောက် များနှင့် TheVoice,The Daily Eleven News,7Day,Myanmar Times,Nikkei, May Myanmar,Street View Journel,Peninsula Press  ဂျာနယ်သတင်းထောက် များ တက်ရောက်ကြပြီး သိရှိလို သည်များအား မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ Prof.Dr. Paul Rogers နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ဒုတိယ ဥက္ကဌ Mr. Stephen Groff တို့မှ ရှင်းလင်းဖြေကြားခဲ့ကြောင်းသတင်းရရှိသည်။
Posted in Uncategorized | Leave a comment
Union Minister for Hotels and Tourism attends and makes a speech at closing ceremony of Hotel Servicing Course (11/2013) at Nay Pyi Taw hotel zone
.
Union Minister H.E. U Htay Aung attended the closing ceremony of Hotel Servicing Course (11/2013) at Nay Pyi Taw hotel zone that supervised by Ministry of Hotels and Tourism and led by Nay Pyi Taw hoteliers association and made a closing speech.
After that, Union Minister said that World Economic Forum, East Asia will be held in June 2013, it makes us proud because it is the first international forum that held in Myanmar and make noticeable among other countries, aid tourism sector of Myanmar and can get some suggestions for the development of Myanmar’s economic, can get some experiences for 27th SEA Games and serving as ASEAN’s chairman in 2014, that trainees should give hospitable service and need to use training experience at working field wisely and must try to continue higher studying for more further development to become efficient employees, need to attract the visitors by giving excellent serving to come back again and again.
After that, Union Minister gave prizes to four brilliant trainees and gave training certificate to a trainee instead of other trainees. Continued, vice president of Nay Pyi Taw Hotelier Association, U Sai Tip Aung gave honorable gift to instructors and finished closing ceremony.
Directorate of Hotels and Tourism, Director General and official concerned, vice president of Nay Pyi Taw hotelier association and concerned, instructors and trainees from training school attended the ceremony.
(နေပြည်တော်၊ မေ- ၃၀ ရက်)
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် နေပြည်တော် ဟိုတယ်ဇုန် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများအမှတ်စဉ် (၁၁/၂၀၁၃)သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်မှာကြား
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ကြီးကြပ်၍ နေပြည်တော် ဟိုတယ်ဇုန် ဟိုတယ် ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှုဖြင့်ဖွင့်လှစ်သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင် တန်းများ အမှတ် စဉ်(၁၁/၂၀၁၃) သင်တန်းဆင်းပွဲအခမ်းအနားအား ယနေ့နံနက် (၀၈း၀၀) နာရီ အချိန်တွင် နေပြည်တော်ဟိုတယ်ဇုန်၊ မြတ်မင်္ဂလာဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ် ရာ ပြည်ထောင်စု ၀န်ကြီး ဦးဌေးအောင် တက်ရောက်၍ သင်တန်းဆင်း အမှာ စကားပြောကြားသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးမှ ဆက်လက်မှာကြားရာတွင် ၂၀၁၃ ခုနှစ်၊ ဇွန်လ၌ နေပြည်တော် တွင် ကမ္ဘာ့စီးပွားရေးဖိုရမ် အရှေ့အာရှကို ကျင်းပတော့မှာဖြစ်ပါကြောင်း၊ ၄င်းဖိုရမ် သည် မြန် မာနိုင်ငံ တွင် ပထမဆုံးကျင်းပသည့် နိုင်ငံတကာအဆင့်ဖိုရမ်ဖြစ်ရာ မိမိတို့အားလုံးအတွက် ဂုဏ်ယူဝမ်းမြောက် စရာ ဖြစ်ပါကြောင်း၊ ယင်းသို့ကျင်းပပြုလုပ်သည့်အတွက် မြန်မာနိုင်ငံကို ကမ္ဘာကပိုမိုသိရှိလာခြင်း၊ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးရေးကို အထောက်အကူပြုခြင်း၊ မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးရေးအတွက် ပညာရှင် များ ထံမှ အကြံဥာဏ်များ ရရှိခြင်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲနှင့် ၂၀၁၄ ခုနှစ်  အာဆီယံဥက္ကဌအလှည့်ကျ တာဝန်ထမ်းဆောင်ရန်တို့အတွက် အတွေ့အကြုံများ ရယူနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရှိပါကြောင်း၊ ထို့အတွက် ဟိုတယ်ဝန်ထမ်း များ အားလုံးအနေနှင့် ဧည့်ဝတ်ကျေ ပွန်စွာ ၀န်ဆောင်မှုပြုရန်လိုအပ်ပါကြောင်း၊ သင်တန်းသား များအနေဖြင့် မိမိတို့သင်ယူ တတ်မြောက်ပြီး သည့် ပညာရပ်အတွေ့အကြုံများကို လုပ်ငန်းခွင်တွင် အကျိုးရှိရှိအသုံးချပြီး ပညာရပ်တိုးပွားရေးနှင့် အဆင့်မြင့် ပညာရပ်များကိုလည်း ထပ်မံဆည်း ပူးလေ့လာနိုင်ရေး ကြိုးစားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အရည်အချင်းပြည့်မီပြီး ကျွမ်း ကျင်သော ၀န်ထမ်းကောင်းများဖြစ်အောင်၊ လာရောက် တည်းခိုသည့် ဧည့်သည်များ အကြိမ်ကြိမ်ပြန်လည်လာရောက် လည်ပတ်စေနိုင်ရန် မှန်ကန်ကောင်း မွန်သော ၀န်ဆောင်မှု များဖြင့် ဆွဲဆောင်ကြိုးစားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း မှာကြားသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းအလိုက် ထူးချွန်ဆုရရှိသော သင်တန်းသား၊ သင်တန်း သူ(၄)ဦးအား ထူးချွန်ဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းသား/သူများကိုယ်စား သင်တန်းသူ တစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ နေပြည်တော် ဟိုတယ် ဇုန် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးစိုင်းတစ်အောင် မှ သင်တန်း နည်းပြများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းပွဲအခမ်းအနားအား ရုတ်သိမ်းလိုက်သည်။
အဆိုပါသင်တန်းဆင်းပွဲသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာန တာဝန်ခံအရာရှိများ၊ နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဌ နှင့် တာဝန်ရှိ သူများ သင်တန်းကျောင်းများမှ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။
Posted in Uncategorized | Leave a comment
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် ဂျာမဏီနိုင်ငံအခြေစိုက် Hanns Seidel Foundation နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန တို့အကြား ခရီးသွားလုပ်ငန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့တက်ရောက်
(နေပြည်တော်၊ မေ- ၃၀ ရက်)
ဂျာမဏီနိုင်ငံအခြေစိုက် Hanns Seidel Foundation နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီး ဌာန တို့အကြား ခရီးသွားလုပ်ငန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနား အား ယနေ့နံနက် (၀၉း၀၀)နာရီအချိန်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ၊ပြည်ထောင်စု ၀န်ကြီး ၏ ဧည့်ခမ်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် တက်ရောက်ခဲ့ပါသည်။
အဆိုပါနားလည်မှုစာချွန်လွှာတွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် ဂျာမဏီနိုင်ငံ အခြေစိုက် Hanns Seidel Foundation တို့အကြား တာဝန်သိ၍ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်သွားရန်၊ ကွန်ဖရင့်များနှင့် စာတမ်းဖတ်ပွဲများ ကျင်းပရေး ကိစ္စများတွင် ထောက်ပံ့ကူညီပေးရန်၊ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများတွင် နည်းပညာနှင့် ငွေကြေး ဆိုင်ရာအထောက်အပံ့များကို Hanns Seidel Foundation မှ ထောက်ပံ့ပေးရန်၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အဆိုပြုစီမံကိန်းများအား အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ပေါ် တွင် နိုင်ငံတကာနှင့် အစိုးရ မဟုတ်သောအဖွဲ့အစည်းများအတွက် ချမှတ်ထားသည့်လမ်းညွှန်ချက်များနှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက်သွားရန် စသည့်အချက်များပါဝင်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းနှင့် Hanns Seidel Foundation  မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr. Achim Munz တို့မှ သဘောတူလက်မှတ် ရေးထိုးကြပါသည်။
အဆိုပါနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေ နှင့် ဌာနတာဝန်ခံအရာရှိများ၊ ဂျာမဏီနိုင်ငံသံအမတ်ကြီး H.E. Mr. Christian Ludwig Weber Lortsch တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
Posted in Uncategorized | Leave a comment
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ဧပြီလအထိ လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
(နေပြည်တော်၊ မေ- ၂၂ ရက်)
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ဧပြီလအထိ လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေနှင့် ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်း စဉ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက် (၀၉း၀၀)နာရီ အချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၃၃)၊ ကျောက် စိမ်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
၎င်းနောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့ ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းတို့မှ ဌာနအလိုက်တာဝန်ခံအရာရှိများနှင့် နယ်ရုံးခွဲတာဝန်ခံများမှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ဧပြီလအထိ လုပ် ငန်းဆောင်ရွက်နိုင်မှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးချုပ်၊ ခေတ္တ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် ဒုတိယ၀န်ကြီး တို့မှ ဖြည့်စွက်ရှင်း လင်းတင်ပြဆွေးနွေး သည်။
၎င်းနောက် ဌာနအလိုက်ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များး လမ်းညွှန်မှာကြားကာ အစည်းအဝေးအား ရုတ်သိမ်းလိုက် သည်။ အဆိုပါအစည်းအဝေးသို့ ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်းဝန်ကြီး ဌာနဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ခေတ္တ ဦးဆောင် ညွှန်ကြားရေးမှူးနှင့်ဌာနတာဝန်ခံအရာရှိများတက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
Posted in Uncategorized | Leave a comment
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာ သင်တန်းများအမှတ်စဉ် (၁၁/၂၀၁၃)သင်တန်းဖွင့်ပွဲအခမ်းအနားနှင့် ကမ္ဘာ့စီးပွားရေးဖိုရမ် (အရှေ့အာရှ) အခမ်းအနားသို့ တက်ရောက်မည့်ဧည့်သည်တော်များ တည်းခိုနေထိုင် စားသောက်ရေး အဆင်ပြေစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်မှာကြား
(နေပြည်တော်၊ မေ- ၇ ရက်)
 ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ကြီးကြပ်၍ နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း များ အမှတ်စဉ် (၁၁/၂၀၁၃) သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၈း၀၀)နာရီအချိန် တွင် နေပြည်တော် ဟိုတယ်ဇုန် ရှိ သင်္ဂဟဟိုတယ် GRAND BALLROOM ခမ်းမ၌ ကျင်းပပြု လုပ်ရာ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားသည်။
 ပြည်ထောင်စုဝန်ကြီးမှ သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ၀န်ကြီးဌာန၏ ရည်ရွယ်ချက် များ အနက် “ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ အတတ်ပညာရပ်များ တိုးတက်ထွန်း ကားစေ၍အလုပ်အကိုင်အခွင့်အလမ်းများပိုမိုတိုးပွားလာစေရန်´´ ယခုကဲ့သို့ ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေရခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းသည် ၂၀၁၃ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (အရှေ့အာရှ) အခမ်းအနားတွင် တက်ရောက်လာ မည့် ဧည့်သည်တော်များ တည်းခိုနေထိုင် စားသောက်ရေး အဆင်ပြေစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု မည်ဖြစ် ပါကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းအမှတ်စဉ် (၁၁/၂၀၁၃)တွင် ဧည့်ကြို လုပ်ငန်းသင်တန်း၊ အိပ်ခန်းဆောင် ထိန်းသိမ်းရေးသင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ ဧည့်ခံ ကျွေးမွေးရေး သင်တန်းနှင့်၊ အစားအစာနှင့် အဖျော်ယမကာ ထုတ်လုပ်ရေးသင်တန်းများတွင် စုစုပေါင်း သင်တန်းသားဦးရေ (၂၂၄)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် နေပြည်တော်တွင် ၂၀၁၃ ခုနှစ်၊ ဇွန်လ၌ ကမ္ဘာ့စီးပွားရေးဖိုရမ် (အရှေ့အာရှ)၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဌ ရာထူးတာဝန်များကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဆောင်ရွက် သွားရမည်ဖြစ် သဖြင့် နေပြည်တော်သို့ နိုင်ငံခြားသားဧည့်သည်တော် များပိုမိုလာရောက်တည်းခိုနေထိုင် မည်ဖြစ်သည့်အတွက် တည်းခိုနေထိုင်မည့်ဟိုတယ်များတွင် စနစ်ကျသော ၀န်ဆောင်မှုကောင်း များပေးနိုင်အောင် အရည်အချင်းပြည့်မီသော ဟိုတယ်ဝန်ထမ်းကောင်းများ မွေးထုတ်ပေးနိုင်ရေး အတွက် ယခုလို သင်တန်းများဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ မိမိဂုဏ်သိက္ခာ၊ မိမိဟိုတယ် ဂုဏ်သိက္ခာ၊ နိုင်ငံ့ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းခြင်း မရှိအောင် ဟိုတယ်ဝန်ထမ်းများ၊ တာဝန်ရှိသည့် ဟိုတယ်မန်နေဂျာ၊ အထွေထွေမန်နေဂျာများမှ စေတနာထား ကြိုးစားဆောင်ရွက် သွားရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယ ၀န်ကြီးဒေါက်တာတင်ရွှေ နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဌ ဦးရန်ဝင်း၊ နေပြည်တော်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း  ဥက္ကဌ နှင့် တာဝန်ရှိသူများ၊ ဟိုတယ်အထွေထွေ မန်နေဂျာများ၊ သင်တန်းကျောင်းများမှ သင်တန်းနည်းပြ များ နှင့် ဖိတ်ကြားထားသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Posted in Uncategorized | Leave a comment
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေးနိုင်ငံ သံအမတ်ကြီး H.E Ms Katja N၀rdgaard အား လက်ခံတွေ့ဆုံ
(နေပြည်တော်၊ ဧပြီ-၃၀)
 ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် သည် ယနေ့ နံနက်(၀၉း၃၀)နာရီအချိန်တွင် ရုံးအမှတ်(၃၃) ပြည်ထောင်စုဝန်ကြီး ၏ ဧည့်ခမ်းမ ၌ နော်ဝေးနိုင်ငံ သံအမတ်ကြီး H.E Ms Katja N၀rdgaard အား လက်ခံတွေ့ဆုံသည်။
 တွေ့ဆုံပွဲတွင် နော်ဝေးနိုင်ငံသံအမတ်ကြီး မှ ဆွေးနွေးရာတွင် လက်ရှိနိုင်ငံရေး တိုးတက်ပြောင်း လဲ ဖြစ်ထွန်းလာမှုနှင့်အညီ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာသည်ကို ကြားသိရ ပါကြောင်း၊ ယင်း အတွက်နော်ဝေးနိုင်ငံ၏ ငွေကြေးအကူအညီ၊ အာရှဖွံ့ဖြိုးရေးဘဏ်၏နည်းပညာ အကူအညီတို့ဖြင့် ဆောင် ရွက်လျှက်ရှိသော မြန်မာ့ခရီးသွားလုပ်ငန်းပင်မ စီမံကိန်း ဆောင် ရွက်ပြီးစီးမှုအခြေအနေများကိုလည်း သိရှိရ ပါကြောင်း၊ ပင်မစီမံကိန်းပြီးစီးပါက ခရီးသွား လုပ်ငန်းဆိုင်ရာ ဆက်လက်ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်လိုသည်များကို သိရှိလို ပါကြောင်း စသည်ဖြင့် ဆွေးနွေးပါသည်။
 ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဆွေးနွေးရာတွင် နော်ဝေးနိုင်ငံအစိုးရ၏ ကူညီထောက်ပံ့မှု၊ အာရှ ဖွံ့ဖြိုးရေးဘဏ်၏ နည်းပညာအကူအညီဖြင့် ရေးဆွဲလျှက်ရှိသည့် Tourism Master Plan ဆောင်ရွက်ပြီး စီးမှုအခြေအနေ၊ ထုတ်ပြန်နိုင်မည့်အခြေအနေနှင့် နေပြည်တော်တွင် ယခုနှစ် ဇွန်လ၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (အရှေ့အာရှ) တွင် စီမံ ကိန်းရေး ဆွဲရေးအဖွဲ့ခေါင်းဆောင် ပါမောက္ခ Dr Paul Roger မှရှင်းလင်းတင်ပြရန် စီစဉ်ထား ရှိမှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
 မြန်မာနိုင်ငံအားခရီးစဉ်ဒေသတစ်ခုအဖြစ်မြှင့်တင်နိုင်ရန်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးမှ ယခု အခါ Nation Branding Campaign လှုပ်ရှားမှုအဖြစ် CNA နှင့် BBC တို့တွင် ထုတ်လွှင့်နိုင်ရေးအတွက် Image Diplomacy အဖွဲ့က တာဝန်ယူပြီး ရိုက်ကူးရေး ပညာရှင် အဖွဲ့မှ မြန်မာပြည် ၏ ထင်ရှားသော နေရာဒေသများကို ရိုက်ကူးခဲ့ပြီးဖြစ်ပါကြောင်း၊ ကမ္ဘာ့ စီးပွားရေးဖိုရမ် (အရှေ့အာရှ)   ကျင်းပချိန်နှင့် ကိုက်ညီ၍ မြှင့်တင်ကြော်ငြာ ရန်စီစဉ် လျက်ရှိ ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီးမှ ဆက်လက်ဆွေးနွေးရာတွင် ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီး သည် (၁)သန်းကျော် ၀င်ရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် (၃)သန်းခန့် ၀င်ရောက်နိုင်ရေး မျှော်မှန်းလုပ်ဆောင်နေမှုအစီအစဉ်များ၊ ဧည့်သည်တိုးတက် ၀င်ရောက် လာ သည်နှင့်အမျှ လိုအပ်သည့်အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးအောင် ဆောင်ရွက်ရ မည်ဖြစ်ကြောင်းနှင့် အင်းလေး ကန်ရေရှည်တည်တံ့ရေးနှင့် သဘာဝပါတ်ဝန်းကျင် ထိန်း သိမ်းစောင့်ရှောက် မှု အခြေအနေများကို ဆွေးနွေးကြပါသည်။
ပြည်ထောင်စုဝန်ကြီးမှ ဆက်လက်ဆွေးနွေးရာတွင် Tourism Master Plan မှာ တစ်ပြည်လုံး အတွက် ခြုံငုံရေးဆွဲထားခြင်းဖြစ်ပြီး နောင်တွင် ဒေသအလိုက်အသေး စိတ်ရေးဆွဲ အကောင် အထည်ဖော်ရန် လိုအပ် မည်ဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရန်ဒေသအလိုက် အသက်မွေးမှု သင်တန်းကျောင်းများ လိုအပ်သကဲ့သို့ အဆင့်မြင့်ပညာရေးအစီအစဉ် အတွက် လည်း ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
Posted in Uncategorized | Leave a comment
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် မြန်မာနိုင်ငံရီးသွားလုပ်ငန်းရှင်များအသင်း၏ (၈)ကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ် အထွေထွေအစည်းအဝေးနှင့် အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲသို့တက်ရောက်မှာကြား
(နေပြည်တော်၊ ဧပြီ – ၂၉ ရက်)
 မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၏ (၈)ကြိမ်မြောက် နှစ်ပတ်လည်သင်းလုံးကျွတ် အထွေ ထွေ အစည်းအဝေးနှင့် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲကို ဧပြီလ (၂၈)ရက်နေ့ တွင် အင်းလျားကန်ဟိုတယ် မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးဦးဌေးအောင် တက်ရောက်၍ အဖွင့်အမှာ စကားပြော ကြားသည်။
 ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ခရီးသွားလုပ်ငန်းလိုင်စင် ရရှိလုပ်ကိုင်နေ သူ (၁၀၄၀)ရှိပြီး အသင်းသားဦးရေ (၆၁၉)ဦးရှိသည့်အနက် ယခုအစည်းအဝေး သို့ အသင်းသား ဦးရေ (၃၅၆) ဦး တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ပါကြောင်း၊ ယခု အစည်းအဝေး တွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ရွေး ချယ်ရာ၌ အသင်းသားများ၏ သဘောဆန္ဒနှင့်အညီ မျှတမှုရှိအောင် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသို့  ၂၀၁၂ အတွင်း ရန်ကုန်၊ မန္တလေးဝင်ပေါက် မှ နိုင်ငံခြား ခရီး သွားဧည့်သည် (၆)သိန်းခန့်၊ နယ်စပ်ဝင်ပေါက်များ မှ (၄)သိန်း (၆)သောင်းခန့်ဖြင့် စုစုပေါင်း နိုင်ငံခြားခရီးသွားဧည့်သည် (၁)သန်း (၆)သောင်းခန့် ၀င်ရောက် ခဲ့ပါကြောင်း၊ ရန်ကုန်မြို့၌ ဟိုတယ်အခန်းအရေအတွက် (၉)ထောင်ခန့်နှင့် လိုင်စင်ရဧည့်လမ်းညွှန် (၇၉၀၀) ခန့်ရှိပါကြောင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းမှာ ယခုထက်ပိုမို တိုးတက်လာမည်ဖြစ်သဖြင့် အသင်းသားများအနေဖြင့် နားလည်မှု၊ စည်းလုံးမှု၊ စာနာမှုတို့ဖြင့် ညီညီညွတ်ညွတ် လုပ်ကိုင် သွားကြရန် လိုအပ်ပါကြောင်း မှာကြားသည်။
 ဆက်လက်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ် တင်မြှောက်ပွဲအား ဆက်လက်ကျင်းပရာ  ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေ၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းသား ဦးရေ (၆၁၉)ဦးအနက် (၃၅၆)ဦး  တက်ရောက်ခဲ့ကြပြီး အသင်းသားများက စနစ်တကျ မဲပေးရွေး ချယ်ခဲ့ကြရာ ဆန္ဒပြုလွှာ တင်သွင်းထားသူ (၃၄)ဦးအနက်  မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ရှင်များ အသင်း ဥက္ကဌအဖြစ် ဒေါက်တာအောင်မြတ်ကျော် နှင့် အလုပ်အမှု ဆောင် (၁၅)ဦး တို့ကို ရွေး ချယ်တင်မြှောက်ခဲ့ကြပါသည်။
၎င်းနောက်ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေ မှ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်အတွက် အသင်းသားများမှ စည်းလုံးညီညွတ် စွာဖြင့် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် မှာကြား၍ အခမ်းအနားအား ရုတ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။
Posted in Uncategorized | Leave a comment
Increase of Inlay Lake Zoning Fees
1. Being a cultural as well as an eco-tourism site, Inlay Lake in the Southern Shan State of Myanmar has achieved significant tourism growth from time to time. As a result, it becomes very important to pay substantive attention to the conservation tasks that support sustainable development of Inlay Lake and its environs.
2. To fullfil this purpose, the Inlay Lake Zoning Fees has been decided to increase from USD 5 to USD 10 per tourist with effect from 1 October 2013.
3. In order to appropriately and systematically use of the collected zoning fees, the Government of Shan State shall form a Budget Committee which comprises the following repesentatives:
(a) Group of Representatives led by Chief Minister of Shan State;
(b) Representatives from the concerned Ministries (Ministry of Environmental Conservation and Forestry, Ministry of Hotels and Tourism);
(c) Local Representatives (Patrons of townspeople);
(d) Respective Representative(s) of Hluttaw (Parliament);
(e) A Chairperson each from Local Hotel Zone, Union of Myanmar Travel  Association and Union of Myanmar Tourist  Guide Association;        
(f) Representatives recommended by Chief Minister of Shan State  (If necessary)
4. The Budget Committee shall take the following responsibilities:
(a) The Government of Shan State shall collect the zoning fees and control the budget in a transparent manner;
(b) The Budget Committee will discuss the work plan to use the budget and the amount of budget to be spent for the agreed activities;
(c) The Committee shall take the responsibility mentioned in (b) with the approval of Chief Minister of Shan State;
(d) The Committee shall open a saving account at Myanmar Economic Bank and control the saving systematically;
(e) The Committee shall keep financial documents on budgetary status systematically which shall be  audited;
(f) The Committee shall submit a quaterly report on the work done and the future work plan to the higher authority
5. The budget allocation will be prioritized to  the following tasks:
(a) to support sustainable development of Inlay Lake and its environs;
(b) to enhance the social welfare of the community;
(c) to promote Inlay Lake as an attractive tourist destination
—————————————————————————————————-
အင်းလေးကန် ဇုန်ဝင်ကြေးတိုးမြှင့် ကောက်ခံခြင်း
၁။      ရှမ်းပြည်နယ်၊ အင်းလေးဒေသတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ အင်းလေးကန် ရေရှည်တည်တံ့ရေး အထောက်အကူပြုလုပ်ငန်းများကို ပိုမိုဂရုပြု ဆောင်ရွက်နိုင်စေ ရန် အတွက် အင်းလေးဒေသဇုန်ဝင်ကြေး သတ်မှတ်ခြင်းကို တိုးမြှင့်သွားမည်ဖြစ်ပါသည်။
၂။      ထို့အတွက် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှစတင်၍ အင်းလေးဒေသဇုန်ဝင်ကြေး အား နိုင်ငံခြားဧည့်သည်တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၅)ဒေါ်လာ မှ (၁၀)ဒေါ်လာ သို့ တိုးမြှင့် သတ်မှတ်သွားပါ မည်။
၃။      အဆိုပါဝင်ငွေကို အကျိုးရှိစွာနှင့် စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ သည် အောက်ပါကော်မတီတစ်ရပ်ဖွဲ့စည်း၍ တာဝန်ယူ ဆောင်ရွက်သွားပါမည်-
(က)    ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစီးသော ကိုယ်စားလှယ်အဖွဲ့၊
(ခ )    သက်ဆိုင်ရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ (ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေး ရာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန)
(ဂ )    ဒေသခံကိုယ်စားလှယ် (မြို့မိမြို့ဖ)၊
(ဃ)    သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်၊
(င )    ဒေသခံဟိုတယ်ဇုန်၊ ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် ဧည့်လမ်းညွှန်များအသင်းတို့မှ ဥက္ကဌ တစ်ဦးစီ၊
(စ )    လိုအပ်ပါက ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်၏ အစီအစဉ်ဖြင့် ဖြည့်စွက်ဖွဲ့စည်းနိုင်ပါသည်။
၎။      အင်းလေးဒေသဇုန်ဝင်ကြေး ဘဏ္ဍာငွေထိန်းသိမ်းရေးကော်မတီ၏ လုပ်ငန်းတာဝန်များ မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က)    ဇုန်ဝင်ကြေးဘဏ္ဍာငွေများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ယူထိန်းသိမ်းဆောင်ရွက်ရန်၊
(ခ )    ဇုန်ဝင်ကြေးဘဏ္ဍာငွေဖြင့် သုံးစွဲမည့်လုပ်ငန်း၊ သုံးစွဲမည့်ငွေကြေးပမာဏကို ကော်မတီအဖွဲ့မှ  ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ရန်၊
(ဂ )    ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်နှင့် သုံးစွဲမည့်ငွေကြေးပမာဏကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်၏ ခွင့်ပြုချက်ရယူဆောင်ရွက်ရန်၊
(ဃ)    ဇုန်ဝင်ကြေးဘဏ္ဍာငွေကို မြန်မာ့စီးပွားရေးဘဏ်တွင် ငွေစာရင်းဖွင့်လှစ်၍ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ရန်၊
(င )    လုပ်ငန်းအလိုက် ဘဏ္ဍာငွေသုံးစွဲမှုများကို စာရင်းအင်းများ စနစ်တကျထားရှိပြီး စာရင်းစစ်      အဖွဲ့မှ စစ်ဆေးမှုခံယူနိုင်သည်အထိ စနစ်တကျဆောင်ရွက်ရန်၊
(စ )    လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို အထက်ဌာနသို့ (၃)လတစ်ကြိမ် အစီရင်ခံတင်ပြရန်၊
၅။      ရရှိသောဘဏ္ဍာငွေကို အောက်ပါလုပ်ငန်းရပ်များတွင် ဦးစားပေးသုံးစွဲသွားမည်ဖြစ်ပါသည်-
(က)    အင်းလေးကန်ရေရှည် တည်တံ့ခိုင်မြဲရေး အထောက်အကူပြုလုပ်ငန်းများ၊
(ခ )    လူမှုအဖွဲ့အစည်း အကျိုးပြုမည့်လုပ်ငန်းများ၊
(ဂ )    အင်းလေးခရီးစဉ်ဒေသ မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများ၊
Posted in Uncategorized | Leave a comment
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေ ရန်ကုန်မြို့ရှိ တည် ဆောက်ဆဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်းများနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်းများ အား ကြည့်ရှုစစ်ဆေး
(နေပြည်တော်၊ ဧပြီ-၂၉ ရက်)
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေ သည် (၂၇-၄-၂၀၁၃) ရက်နေ့တွင်ရန်ကုန်မြို့ရှိတည်ဆောက်ဆဲနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟိုတယ်စီမံကိန်း များနှင့်ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်းများဖြစ်သည့် Traders Square Commercial Complex စီမံကိန်း၊ Center Point Tower Hotel စီမံကိန်း၊ Rose Garden Hotel စီမံကိန်း၊ Shangrila Hotel စီမံကိန်း၊ Nov၀tel Yangon Hotel စီမံကိန်း၊ Pyi Garden Condomenium စီမံကိန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တိုးတက်ရောက်ရှိလာသော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ရန်ကုန်မြို့သို့ရောက်ရှိလာသည့်အခါ အဆင်ပြေစွာတည်းခို နေထိုင်နိုင်ရန် အတွက်နိုင်ငံတကာအဆင့်မီ ဟိုတယ်အခန်းများ လုံလောက်စွာ တည်ဆောက်ပြီးစီးရေးအတွက် စီမံကိန်းများ၏ လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက် ပေးသွားမည့် ကိစ္စရပ်များနှင့် သက်ဆိုင်ရာ ကုမ္ပဏီများ အနေဖြင့်လည်း စီမံကိန်းများကို သတ်မှတ်ကာလများအတွင်း ပြီးစီးအောင်ကြိုး စား ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။
Traders Square Commercial Complex စီမံကိန်းသည် ဆူးလေဘုရားလမ်းတွင်တည်ရှိပြီး စင်္ကာပူ နိုင်ငံ Traders Square Ltd မှ စစ်ထောက်ချုပ်ရုံးနှင့် သဘောတူညီ၍ ရင်းနှီးမြှုပ်နှံ မှုဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ရုံးခန်းများ၊ အရောင်းဆိုင်များ၊ စားသောက်ဆိုင်များ ပါဝင်ပြီး ၂၀၁၅ နှစ်ကုန်ခန့်တွင် ဖွင့်လှစ်ရန် လျာထားပါသည်။
Center Point Tower Hotel စီမံကိန်းသည် ဆူးလေဘုရားလမ်းတွင် တည်ရှိပြီး ထိုင်းနိုင်ငံမှ L.P Holding Co.,Ltd မှ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် သဘောတူညီ၍ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး (၁၆-၉-၂၀၁၀)ရက်နေ့တွင် ရုံးခန်းအဆောက်အဦအား စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ဟိုတယ်အခန်း(၃၀၀)ကို ၂၀၁၃ ခုနှစ်အတွင်း ပြီးစီး အောင် ဆောင် ရွက် လျှက်ရှိသည်။
Rose Garden Hotel စီမံကိန်းသည် မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပန်းဆိုးတန်းလမ်းတွင် တည်ရှိပြီး ဟောင်ကောင်အခြေစိုက် Emerald Rose Garden Ltd မှ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနနှင့် သဘောတူညီ၍ ၂၀၁၃ ခုနှစ်အတွင်း အခန်း (၂၀၀)နှင့် ၂၀၁၄ ခုနှစ်အတွင်း အခန်း(၈၈)ခန်း၊ စုစုပေါင်း (၂၈၈)ခန်း ပြီးစီးအောင် ဆောင်ရွက် လျှက်ရှိသည်။
Shangrila Hotel စီမံကိန်းသည် ကန်တော်ကြီး ကန်ရိပ်သာလမ်းတွင် တည်ရှိပြီး စင်္ကာပူနိုင်ငံ Shangrila အုပ်စုမှ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် သဘောတူညီ၍ ဟိုတယ်၊ Serviced Apartment နှင့် စီးပွားရေးအဆောင်အဦများ တည်ဆောက်ဖွင့်လှစ်မည်ဖြစ်ပြီး ပထမ အဆင့်အနေဖြင့် အခန်း (၂၄၀)ပါ  Serviced Apartment (၂)လုံး ကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ကုန်တွင် ဖွင့်လှစ်ရန် ဆောင်ရွက် လျှက်ရှိပါ သည်။
Novotel Yangon Hotel စီမံကိန်းသည် ကမာရွတ်မြို့နယ်၊ ပြည်လမ်းမပေါ်တွင်တည်ရှိပြီး နိုင်ငံသား ပိုင် Max Myanmar ကုမ္ပဏီမှ တာဝန်ယူ၍ အခန်း (၃၆၆)ခန်းပါ နိုင်ငံတကာအဆင့်မီဟိုတယ်ကို ၂၀၁၃ ခုနှစ် အတွင်းဖွင့်လှစ်ရန် ဆောင်ရွက်လျှက်ရှိပါသည်။
Pyi Garden Condomenium စီမံကိန်းသည် စမ်းချောင်းမြို့နယ်၊ ပြည်လမ်း တွင်တည် ရှိပြီး ပြည်တွင်း နိုင်ငံသားပိုင် ဇေကမ္ဘာကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောင်ရွက်လျှက်ရှိပြီး အဆင့်မြင့် လူနေအိမ်ခန်း (၁၇၆)ခန်း နှင့် ရုံးခန်း (၂၈)ခန်းပါဝင်ပြီး ၂၀၁၃ ခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက် လျှက်ရှိပါကြောင်း သတင်းရရှိသည်။
Posted in Uncategorized | Leave a comment
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ နေပြည်တော်တွင် ဇူလိုင်လ ပထမပါတ်၌ ကျင်းပပြုလုပ်မည့် World Economic Foreumအခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် တည်းခိုနေထိုင်ရေး၊ဧည့်ခံကျွေးမွေးရေး ကိစ္စများအား အဆင်ပြေစေရန် ဟိုတယ် အထွေထွေမန်နေဂျာများနှင့် တာဝန်ခံများအား တွေ့ဆုံမှာကြား
(နေပြည်တော်၊ ဧပြီ- ၂၆ ရက်)
World Economic Foreum အား နေပြည်တော်တွင် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့မှ (၇)ရက်နေ့ အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည် တော်များတည်းခိုနေထိုင်ရေး၊ ဧည့်ခံကျွေးမွေးရေးကိစ္စများအား အဆင်ပြေစွာဆောင် ရွက်နိုင်စေရန်အတွက် ယနေ့နံနက် (၁၁း၀၀)နာရီအချိန်တွင် ရုံးအမှတ်(၃၃)၊ ကျောက်စိမ်း အစည်းအဝေး ခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် သည် နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ်များမှ ဟိုတယ် အထွေထွေမန်နေဂျာများနှင့် တာဝန်ခံ များအား တွေ့ဆုံမှာကြားသည်။
 ပြည်ထောင်စုဝန်ကြီးမှ ဆက်လက်မှာကြားရာတွင် ဟိုတယ်များရှိ ၀န်ထမ်းများ ဧည့်ဝန်ဆောင်မှု ကျွမ်း ကျင်စွာ ဆောင်ရွက်နိုင်စေရန်အတွက်  ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း (၄)မျိုးကို နေပြည်တော် ဟိုတယ်ဇုန်တွင် မေလ(၆)ရက်နေ့မှစတင်ပြီး ရက်သတ္တပတ်(၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်၍ ဟိုတယ်များအလိုက် ၀န်ထမ်းများပါဝင်တက်ရောက်ရေး ကြပ်မတ်ဆောင်ရွက်သွားစေလိုပါကြောင်း၊ ယခုသင်တန်း သည် World Economic Foreum အခမ်းအနားတွင် ဧည့်သည်တော်များအား ဧည့်ခံ ၀န်ဆောင်မှုပေးရာတွင် အထောက်အကူပြုစေနိုင်ရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း ရှင်းလင်း မှာကြားသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ တင်ရွှေ နှင့် ဌာနတာဝန်ခံအရာရှိများ၊ နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ်များမှ ဟိုတယ်အထွေထွေ မန်နေဂျာများနှင့် တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
Posted in Uncategorized | Leave a comment