Deputy Minister for Hotels and Tourism attends concluding ceremony of Advanced Communicative English Course

Nay Pyi Taw , 2 Feb

The concluding ceremony of Advanced Communicative English Course, supervised by Ministry of Hotels and Tourism and organized by Myanmar Hoteliers Association (Nay Pyi Taw Zone), took place at Amara Hotel here at 5:00pm on 2 Feb with an address by Deputy Minister U Htay Aung.

          Delivering a speech at the ceremony, deputy minister said that English is a Global Language and everyone skillful in English language can keep up with the other foreign countries. Nowadays, Nay Pyi Taw as the capital city, national level meetings, joint meetings with foreign countries, workshops and conferences are held continuously in the city and accordingly effective communication with international and regional associations is of great important. He added that this training tends to polish up the skills and abilities of ministry personnel and hotel staff in Nay Pyi Taw hotel zone more than they had before. He highlighted that to study a language, a great enthusiasm and regular practices are indispensable and one can be proficient by doing these systematically. He urged the trainees to be trustworthy and good staff for their respective fields by upgrading and updating their skills and abilities for the reason that they have systematically learnt methods and methodologies of studying from foreign trainers.

          Next, the deputy minister awarded prizes to four outstanding trainees and honorable gifts to trainers Ms Linda Doeden and Ms Aleta Loftis of USA English Language Institute, Fort Collins, Colorado.

          After that, General Manager U Han Htun presented completion certificates to trainees who had completed the course through a trainee. Later, the trainees demonstrated their English language proficiency and the ceremony came to an end.

KMT

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဌေးအောင် အဆင့်မြင့်လူမှုဆက်သွယ်အင်္ဂလိပ်ဘာသာစကားသင်တန်း (Advanced Communicative English Course) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်မှာကြား

နေပြည်တော်၊ ဖေဖော်ဝါရီ (၂)ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ကြီးကြပ်၍ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း (နေပြည်တော်ဇုန်)၏ ဦးဆောင်မှုဖြင့် နေပြည်တော်ဟိုတယ်ဇုန်တွင် ဖွင့်လှစ်သင်ကြားပေးခဲ့သည့် အဆင့်မြင့်လူမှုဆက်သွယ် အင်္ဂလိပ်ဘာသာစကားသင်တန်း (Advanced Communicative English Course) သင်တန်းဆင်းပွဲအခမ်းအနားအား ဖေဖော်ဝါရီလ (၂)ရက်နေ့၊ ညနေ (၅)နာရီအချိန် ၌ နေပြည်တော် ဟိုတယ်ဇုန်ရှိ အမရဟိုတယ်တွင် ကျင်းပပြုလုပ်ရာ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဌေးအောင် တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားသည်။

ဒုတိယ၀န်ကြီးမှ သင်တန်းဆင်းအမှာစကားပြောကြားရာတွင် အင်္ဂလိပ်ဘာသာစကားသည် နိုင်ငံတကာ သုံးဘာသာစကား (Universal Language)ဖြစ်၍ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင် သူများသည် နိုင်ငံတကာနှင့်ရင်ဘောင်တန်း ပြောဆိုဆက်သွယ်နိုင်မှာဖြစ်ကြောင်း၊ နေပြည်တော် သည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်၍ နိုင်ငံတော်အဆင့်အစည်းအဝေးများ၊ အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရသည့် အစည်းအဝေးများ၊ ပြပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲနှင့် ကွန်ဖရင့်များကို ယခုအချိန်အခါတွင် စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတကာနှင့်ဒေသတွင်း အဖွဲ့ အစည်းများနှင့် အဆင်ပြေလွယ်ကူစွာ ဆက်သွယ်ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ ယင်းသို့ လုပ်ကိုင်ရာတွင် အင်္ဂလိပ် ဘာသာစကားပြော အရည်အချင်းရှိပြီးသူ ဌာန၀န်ထမ်းများနှင့် နေပြည်တော်ရှိ ဟိုတယ်များမှ ၀န်ထမ်း များကို ပိုမိုကျွမ်းကျင်အောင် ယခုကဲ့သို့ သင်ကြားလေ့ကျင့်ပေးခြင်းဖြစ်ကြောင်း၊ ဘာသာစကားတစ်ခုကို လေ့လာရာတွင် စိတ်ပါဝင်စားမှုနှင့် ကျွမ်းကျင်စွာတတ်မြောက်ရန် အတွက် လေ့ကျင့်မှုရှိရန်လိုအပ်ကြောင်း အလေ့အကျင့်နှင့် ကြိုးစားအားထုတ်မှုများကို နည်းစနစ် မှန်စွာပြုလုပ်သွားလျှင် မလွဲမသွေကျွမ်းကျင် တတ်မြောက်လာမည်ဖြစ်ကြောင်း၊ ဤသင်တန်း တွင်  ပြည်ပမှ လာရောက်သင်ကြားပေးသည့် ဆရာမများထံမှ လေ့လာမှုနည်းလမ်းများကို စနစ်တကျ မှတ်သားသင်ယူခဲ့ပြီးဖြစ်၍ မိမိ၏အရည်အချင်းနှင့် အရည်အသွေးကို ယခုထက်ပိုမို တိုးတက်အောင်မြှင့် တင်ပြီး မိမိလုပ်ငန်းခွင်အတွင်း အားကိုးယုံကြည်ရသော ၀န်ထမ်းကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက် သွားရန်လိုအပ်ကြောင်း မှာကြားခဲ့သည်။

၎င်းနောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူ သင်တန်းသား၊ သင်တန်းသူ (၄)ဦးအား ဒုတိယ၀န်ကြီးမှ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်သည်။ ဆက်လက်၍ သင်တန်းနည်းပြ ဆရာမများဖြစ်သော  USA English Language Institute,  Fort Collins, Colorado မှ Ms. Linda Doeden နှင့် Ms. Aleta Loftis တို့အား ဒုတိယ၀န်ကြီးမှ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

၎င်းနောက် အထွေထွေမန်နေဂျာ ဦးဟန်ထွန်းမှ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားကိုယ်စားလှယ် (၁)ဦးအား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။ ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများမှ အင်္ဂလိပ်ဘာသာစကားပြောစွမ်းရည် သရုပ်ပြသပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

 

 

This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply