Nay Pyi Taw, 1 Feb
Under the supervision of the Ministry of Hotels and Tourism, Hotel Service Courses (4/2012) is being conducted by the Hotelier Association (Naypyitaw) in Naypyitaw Hotel Zone and U Htay Aung, Deputy Minister for Hotels and Tourism made an inspection tour here this morning.
Firstly, Deputy Minister arrived at Mingalarthiri Hotel where Housekeeping Course is being launched and met trainers and trainees. So did in Tungapuri Hotel where Front Office Course is being organized.
On these occasions, Deputy Minister said that Hotels in Naypyitaw were developed during a short period, the appearances, facilities and amenities of Hotels are being acceptable and also skilful services provided by hotel staffs is the main theme. For this purpose, the needy courses were being conducted for them and who should be studied earnestly in both theory and practice.
EEK
နေပြည်တော်၊ ဖေဖော်ဝါရီ(၁)ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ကြီးကြပ်၍ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (နေပြည်တော်)၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သင်ကြားနေသော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများ အမှတ်စဉ်(၄/၂၀၁၂)ဖွင့်လှစ် သင်ကြားနေမှုအား ဒုတိယ၀န်ကြီး ဦဌေးအောင်သည် ယနေ့ နံနက်(၀၈း၀၀)နာရီအချိန်တွင် သွားရောက်ကြည့်ရှုစစ်ဆေးမှာကြားသည်။
ဒုတိယ၀န်ကြီး ဦးဌေးအောင်သည် ယနေ့ နံနက်(၀၈း၀၀)နာရီအချိန်တွင် ဟိုတယ်အိပ်ခန်းဆောင် ထိန်းသိမ်းရေးသင်တန်း ဖွင့်လှစ်သင်ကြားပေးနေသည့် မင်္ဂလာသီရိဟိုတယ်သို့ ရောက်ရှိပြီး သင်တန်း ခန်းမတွင် သင်ကြားပေးနေသည့် သင်တန်းနည်းပြဆရာများ၊ သင်တန်းသား/သူများအား တွေ့ဆုံ၍ သင် တန်းဖွင့်လှစ်သင်ကြားပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ (၀၈း၃၀)နာရီအချိန်တွင် ဟိုတယ် ဧည့်ကြိုလုပ်ငန်းသင်တန်း သင်ကြားပေးနေသည့် တုံဂပူရိဟိုတယ်သို့ ရောက်ရှိပြီး သင်တန်းတွင် သင်ကြားပို့ချနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းသို့ ကြည့်ရှုစစ်ဆေးရာတွင် ဒုတိယ၀န်ကြီးက နေပြည်တော်ရှိဟိုတယ်များသည် အချိန်တိုကာလ အတွင်း ဖြစ်ပေါ်တိုးတက်လာခြင်းဖြစ်ကြောင်း၊ ဟိုတယ်များ၏ အသွင်အပြင်နှင့် အသုံးအဆောင်များမှာ လည်းထိုက်သင့်သည့် အဆင့်ရှိကြောင်း၊ အဓိကလိုအပ်သည်မှာ ဟိုတယ်တွင်ရှိသည့် ၀န်ထမ်းအားလုံး၏ ၀န်ဆောင်မှုအရည်အသွေးကောင်းမွန်ရေးပင်ဖြစ်ကြောင်း၊ ထို့အတွက် ၀န်ကြီးဌာနသည် နေပြည်တော်ရှိ ဟိုတယ်များမှ ၀န်ထမ်းများကို လိုအပ်သည့်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်ကြောင်း၊ ၀န်ထမ်းများအနေဖြင့် စာတွေ့လက်တွေ့သင်ခန်းစာများကို အပတ်တကုတ်ကြိုးစားသင်ယူရန် အလေး ထားမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
