Union H&T Minister addresses work coord meeting Nay Pyi Taw, 29th January
Jan-29, Nay Pyi Taw
     The work coordination meeting of Ministry of Hotels and Tourism took place at the ministry here today. On the occasion, Union Minister for Hotels and Tourism U Tint Hsan pointed out starring of hotels, ensuring high –class room, making check for exact numbers of rooms by checker groups, having facts and figures of superior hotel rooms qualified for tourists, ensuring collecting of monthly debt needed to be paid by foreign- invested hotels, taking prompt action for delay projects of foreign –invested hotels, conducting of hospitality courses and tour guide courses by the Myanma Hotels and Tourism Services, arrangements for transport service for tourists convenience , implementation of e-visa system at border entrances, setting rates of rental fees for hotels and restaurants, assessment and upgrading of rental fees, and welfare for staff members by implementing agriculture and livestock breeding firms. The officials concerned reported on department – wise undertakings and the deputy minister gave supplementary report. The Union Minister then coordinated the reports.
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်မှာကြား (နေပြည်တော်၊ ဇန်န၀ါရီ-၂၉)
        ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး နီလာအစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀း၀၀)နာရီအချိန်၌ ၀န်ကြီးဌာန ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တက်ရောက်အမှာစကားပြောကြားသည်။
          ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ယခုပြုလုပ်သောအစည်းအဝေးတွင် ဇန်န၀ါရီလ (၂)ရက်နေ့(၃)ရက်နေ့နှင့် (၂၀)ရက်နေ့တို့၌ ဌာနအလိုက်လုပ်ဆောင်ရန် ချမှတ်ပေးထားသော လုပ်ငန်းတာဝန်များဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဟိုတယ်ဇုံအလိုက် ဟိုတယ် အဆင့်အတန်း(Star)သတ်မှတ်ရေး၊ အခန်းများ အရည်အသွေးမြင့်မားရေး၊ အခန်းအရေအတွက်မှန်ကန်ရေးတို့ကို စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးအတည်ပြုရေး၊ နိုင်ငံခြားသား ဧည့်သည်များ တည်းခိုနိုင်သည့် အဆင့်မီ ဟိုတယ်အခန်းအရေးအတွက် စာရင်းရရှိရေး၊  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟိုတယ်များမှ တောင်းခံရန် ကျန်ရှိသည့်ကြွေးမြီများ လစဉ် အပြည့်အ၀ တောင်းခံရရှိရေး၊ လုပ်ငန်းများကြန့်ကြာ ရပ်ဆိုင်းနေသော ပြည်ပ ရင်းနှီးမြှုပ်နှံမှုဟိုတယ်များ (Delay Project) များအား တွန်းအားပေးဆောင်ရွက်မည့် အစီအစဉ်များ၊ မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ ဟိုတယ်ဝန်ဆောင်မှုသင်တန်းများနှင့် ဧည့်လမ်းညွှန် သင်တန်းများစဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးနိုင်ရေး၊ နိုင်ငံခြားသား ၀င်ရောက်မှု လွယ်ကူချောမွေ့ အဆင်ပြေစေ ရေးအတွက် ဟိုတယ်ဇုံ အလိုက်ဆောင်ရွက်နေသည့် နိုင်ငံခြားသားခရီးသည် သယ်ယူပို့ဆောင်ရေး ယာဉ်များ စီစဉ်ဆောင်ရွက်နေမှု၊ နယ်စပ်ဝင်ပေါက်များတွင် (e-Visa) စနစ်ဖော်ဆောင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု ၊ ငှားရမ်း သက်တမ်းစေ့ဟိုတယ်များနှင့် သက်တမ်းမစေ့ငှားရမ်းဟိုတယ်များနှင့် စားသောက်ဆိုင်များအတွက် ငှားရမ်းခသတ်မှတ်ရေး၊ ငှားရမ်းမှုနည်းလမ်းများ သုံးသပ်ရေး နှင့် အဆင့်မြှင့်တင်ဆောင်ရွက်မည့်အစီအစဉ်များ၊ ၀န်ကြီးဌာန ၏၀န်ထမ်းသာရေး/နာရေးရံပုံငွေအတွက်ဌာနအလိုက်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအကောင်အထည်ဖော်မှုအစီအစဉ်များကို အသေးစိတ် ရှင်းလင်း တင်ပြရန်ဖြစ်ကြောင်းမှာကြားသည်။
 (သတင်းစဉ်)
This entry was posted in Uncategorized. Bookmark the permalink.
Leave a Reply