Stars Appear at Hotels

Nay Pyi Taw, 24 Jan

          Following the current reform development in Myanmar, the international community is watching with great interest and Myanmar has attracted more tourists this year. The Ministry of Hotels and Tourism is shaping sustainable tourism development by preserving of cultural heritages and traditional customs of national brethrens, and conserving ecosystems.

          With a view to developing hotels and rooms to host tourists and to improve services of the hotels, Hotel Grading Teams are now in operation. The Ministry is decorating hotels which satisfy demanded standards with accredited stars.

         So far, there are 21 hotels in Nay Pyi Taw, 22 hotels in Bagan-Nyaung U zone and 31 hotels in Taunggyi-Inle zone have got stars respectively. These all hotels will be later upgraded or degraded in the light of continuous monitoring. The grading will continue in hotel zones of Yangon, Mandalay and other cities. Local and foreign travelers can now enjoy guaranteed services at accredited hotels.

EEK

ဟိုတယ်များ၏အရည်အသွေးနှင့်  ၀န်ဆောင်မှုများ အဆင့်မီဖြစ်စေရေး၊ ကြယ်ပွင့်အဆင့်များ သတ်မှတ်

နေပြည်တော်၊ ဇန်န၀ါရီ(၂၄)ရက်

 နိုင်ငံတော်၏ ပြောင်းလဲတိုးတက်မှုများအပေါ် ကမ္ဘာ့နိုင်ငံများ၏ စိတ်ဝင်စားမှုရရှိလာပြီး ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးတက်ဝင်ရောက်လည်ပတ်လာသည်ကို တွေ့ရှိရသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ဓလေ့ထုံးစံများနှင့် ရေမြေတောတောင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး ရေရှည်တည်တံ့ခိုင်မြဲမည့် ခရီးသွားလုပ်ငန်းအဖြစ် စနစ်တကျအဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်အညီ  ညီညွှတ်မျှတစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ နိုင်ငံခြား ဧည့်သည်များ မြန်မာနိုင်ငံသို့ဝင်ရောက်မှု အဆင်ပြေလွယ်ကူစေရေး ၊ ခရီးစဉ်လှည့်လည်သွားလာရာတွင် လုံခြုံစိတ်ချမှုရရှိစေရေးတို့အတွက် နိုင်ငံခြားသားဧည့်သည် သယ်ယူပို့ဆောင်ရေးယာဉ်များအား စနစ် တကျဖြစ်စေရေး၊ ဟိုတယ်နှင့်စားသောက်ဆိုင်များ အဆင့်အတန်းမြင့်မားစေရေး၊ ဖော်ရွေပျူငှာ ဧည့်ဝတ်ကျေပွန်သော ဧည့်လမ်းညွှန်များဖြစ်စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။

    ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် နိုင်ငံတကာကမ္ဘာလှည့်ခရီးသွားဧည့်သည်များ လက်ခံနိုင်ရေးအတွက် ခေတ်မီဟိုတယ်နှင့် ဟိုတယ်အခန်းအရေအတွက်များ တိုးတက်လာစေရန် လည်းကောင်း၊ ဟိုတယ်များ၏ အရည်အသွေးနှင့်ဝန်ဆောင်မှု အခန်းကဏ္ဍတို့ နိုင်ငံတကာအဆင့် မီဖြစ်စေရန်အတွက်လည်းကောင်း၊ ဟိုတယ်အဆင့်အတန်း သတ်မှတ်ရေးအဖွဲ့များ စနစ်တကျဖွဲ့စည်း စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ စံချိန်စံညွှန်းပြည့်မီသော ဟိုတယ်များအား ၀န်ကြီးဌာနမှ ကြယ်ပွင့် အဆင့်များသတ်မှတ်၍ အသိအမှတ်ပြု ကြယ်ပွင့်တံဆိပ်ကြေးပြားများအား ဟိုတယ်များတွင် လိုက်လံ တပ်ဆင်လျှက်ရှိကြောင်း သိရသည်။

 နေပြည်တော်ဟိုတယ်ဇုန်တွင် ကြယ်သုံးပွင့်အဆင့်ရ ခေတ်မီဟိုတယ် (၁၃)လုံး၊ ကြယ်နှစ်ပွင့်ရ ဟိုတယ် (၇)လုံး၊ ကြယ်တစ်ပွင့်ရ ဟိုတယ်(၁)လုံး၊ စုစုပေါင်း ဟိုတယ်(၂၁)လုံး၊ ပုဂံ-ညောင်ဦး ဟိုတယ် ဇုန်တွင် ကြယ်သုံးပွင့်ရ ခေတ်မီ ဟိုတယ် (၁၁)လုံး၊ ကြယ်နှစ်ပွင့်ရ ဟိုတယ်(၇)လုံး၊ ကြယ်တစ်ပွင့်ရ ဟိုတယ်(၄)လုံး၊ စုစုပေါင်း ဟိုတယ်(၂၂)လုံး၊ တောင်ကြီး-အင်းလေးဒေသတွင် ကြယ်သုံးပွင့်ရ ခေတ်မီ ဟိုတယ်(၁၀)လုံး၊ ကြယ်နှစ်ပွင့်ရဟိုတယ်(၈)လုံး၊ ကြယ်တစ်ပွင့်ရဟိုတယ်(၁၃)လုံး၊ စုစုပေါင်း ဟိုတယ် (၃၁)လုံးရှိကြောင်း သိရသည်။ အဆိုပါ ဟိုတယ်များ၏ အရည်အသွေးအား စဉ်ဆက်မပြတ် လေ့လာစီစစ်သုံးသပ်ပြီး ကြယ်ပွင့် အဆင့်များ တိုးမြှင့်ခြင်း၊ အဆင့်လျော့ချခြင်းများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ ရန်ကုန်-မန္တလေးစသည့် ကျန်ဟိုတယ်ဇုန်များရှိ ဟိုတယ်များအား ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များအနေဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာနမှ တရားဝင်အသိအမှတ်ပြု ကြယ်ပွင့်အဆင့်ရ ခေတ်မီဟိုတယ်ကြီးများတွင် ၀န်ဆောင်မှုကောင်း များဖြင့် စိတ်ချမ်းမြေ့ပျော်ရွှင်စွာ တည်းခိုနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply