Deputy Minister calls on Mr. Gautam Raj, Vice President of Oberoi Group, India

Nay Pyi Taw, January 17

         Deputy Minister for Ministry of Hotels and Tourism, U Htay Aung called on Mr. Gautam Raj, Vice President of Oberoi Group, India at the Ministry here this morning.

           At the call, Deputy Minister said that for the socioeconomic development of Myanmar, Ministry of Hotels and Tourism is trying to improve the development of hotels and tourism industry, we also welcome the investment from both local and foreign investors and we would like to enhance the cooperation between Myanmar and India for that industry. Afterwards, Mr. Gautam Raj said that, Myanmar is a country rich of both natural and cultural resources and has a great potential for the development of tourism industry, he also frankly discussed that the Oberoi Group is operating both Hotels and Cruise businesses not only in India but also in other countries and therefore they also would like to invest in Myanmar.

      Also present at the call were, Director General, Managing Director and respective officials from Ministry of Hotels and Tourism.

TDA

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဦးဌေးအောင်အား  အိန္ဒိယနိုင်ငံ၊ Oberoi Group ၏ ဒုတိယဥက္ကဌဖြစ်သူ Mr.Gautam Rajမှ လာရောက်တွေ့ဆုံဂါရ၀ပြု

နေပြည်တော်၊ ဇန်န၀ါရီလ (၁၇)ရက်

          ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဌေးအောင်အား အိန္ဒိယနိုင်ငံ၊ Oberoi Group ၏ ဒုတိယဥက္ကဌဖြစ်သူ Mr.Gautam Raj သည် ယနေ့နံနက် (၁၀း၀၀) နာရီအချိန် တွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၃)၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး၏ ဧည့်ခန်းမတွင် လာရောက်တွေ့ဆုံဂါရ၀ပြုသည်။

          ထိုသို့တွေ့ဆုံရာတွင် ဒုတိယ၀န်ကြီးမှ မြန်မာနိုင်ငံတွင်  နိုင်ငံတော်၏ စီးပွားရေးနှင့်လူမှုဖွံ့ဖြိုး တိုးတက်မှုပိုမိုရရှိလာစေရန်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနအနေဖြင့်လည်း အနာဂါတ် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်အခါသည် မြန်မာနိုင်ငံတွင် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အကောင်းဆုံးအခါ သမယဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ပြည်တွင်းပြည်ပ လုပ်ငန်း ရှင်များအား ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ဖိတ်ခေါ်ကြိုဆိုလျက်ရှိပါကြောင်း၊  မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်လို ပါကြောင်း ဆွေးနွေးခဲ့ကြ သည်။ ဆက်လက်၍ အိန္ဒိယနိုင်ငံ၊ Oberoi Group ၏ ဒုတိယဥက္ကဌဖြစ်သူ Mr. Gautam Raj မှ မြန်မာနိုင်ငံသည် ရေမြေတောတောင် သဘာဝအလှအပများ၊ သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်များ၊ ဖော်ရွေပျူငှာသော တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများစသည့် အရင်းအမြစ်များ များစွာရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အချိန်တိုကာလအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု မြင့်မားလာမည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ Oberoi Group သည် အိန္ဒိယ သာမက နိုင်ငံရပ်ဝေးတွင် ဟိုတယ်လုပ်ငန်း၊ အပျော်စီးသင်္ဘောလုပ်ငန်းများကို အဆင့်အတန်းမြင့်စွာ လုပ်ကိုင်လျက်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံတွင်လည်း ယင်းလုပ်ငန်းကဏ္ဍတွင်  ရင်းနှီးမြှုပ်နှံနိုင်ရန် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့သည်။

          အဆိုပါတွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြကြောင်း သတင်းရရှိသည်။

This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply