Nay Pyi Taw, 2 January, 2012
Coordination meeting was held at Ruby hall of the Ministry of Hotels and Tourism with an address by Union Minister U Tint Hsan. Also present at the meeting were Deputy Minister U Htay Aung, Director General U Aung Zaw Win, Managing Director U Hla Htay, departmental heads and regional departmental heads under the Ministry of Hotels and Tourism.
Speaking at the meeting, Union Minister U Tint Hsan said that departmental heads and regional departmental heads are necessary to observe main goals and responsibilities of the Ministry and they can consider and accomplish new ways to meet their targets. Increasing rooms and uplifting Hotels, convenience in transportation business, giving services by tour guides in line with the rules, organizing trainings for uplifting of service skill of staffs from Hotels and restaurants, development of new interesting trips and revealing new destinations are the main tasks of the Ministry. It is necessary to implement swiftly them by arranging plans for getting success. He pointed out that increasing income of the Ministry, agriculture, and animal husbandry, arrangements for Social Welfare of Government personal are carried out and to refrain from bribery.
Both departmental heads and regional departmental heads from Directorate of Hotels and Tourism and Myanmar Hotels and Tourism Services explained their charges in details and Director General and Managing Director gave necessary guidelines respectively.
Then, responsible persons of Minister’s office accounted for completed work and follow-up plans. After that, Deputy Minister reviewed the matters which were presented and union Minister also gave necessary instructions.
TMM
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ(၂)ရက်နေ့တွင် နေပြည်တော်ရှိ ၀န်ကြီးရုံး နီလာအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
(နေပြည်တော်၊ ဇန်န၀ါရီလ-၂ ရက်)
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ(၂)ရက်နေ့တွင် နေပြည်တော်ရှိ ၀န်ကြီးရုံး နီလာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ဒုတိယ၀န်ကြီး ဦးဌေးအောင်၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးလှဌေးနှင့် ဌာန အလိုက် တာဝန်ခံအရာရှိများ၊ ဒေသအလိုက် နယ်ရုံးခွဲတာဝန်ခံအရာရှိများ တက်ရောက် ကြပါသည်။
ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးသို့ တက်ရောက် လာကြ သော လုပ်ငန်းဌာနအလိုက် တာဝန်ခံအရာရှိများ၊ ဒေသအလိုက် နယ်ရုံးခွဲတာဝန်ခံအရာရှိများအနေဖြင့် ၀န်ကြီးဌာန၏ အဓိက ရည်မှန်းချက်တာဝန်များကို သိရှိရန်လိုအပ်ကြောင်း၊ ထိုကဲ့သို့သိရှိမှသာ မိမိတို့ ထမ်းဆောင်ရမည့်တာဝန်ကို သေချာစွာသိရှိပြီး လုပ်ငန်းအောင်မြင်အောင် နည်းလမ်းများကို စဉ်းစားကြံဆ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဦးတည်ချက်လုပ်ငန်းတာဝန်များအနက် ဟိုတယ်များ အဆင့်မြင့်မား၍ အခန်းအရေအတွက် တိုးပွားရေး၊ သယ်ယူပို့ဆောင်ရေးကိစ္စများ အဆင်ပြေရေး၊ ဧည့်လမ်းညွှန်များ၊ စည်းကမ်းတကျဖြင့် ဧည့်ဝန်ဆောင်မှုပေးနိုင်ရေး၊ ဟိုတယ်နှင့်စားသောက်ဆိုင် ၀န်ထမ်းများ ၀န်ဆောင်မှုကောင်းမွန်စေရေးအတွက် သင်တန်းများသင်ကြားပို့ချပေးရေး၊ နိုင်ငံခြား သားများစိတ်ပါဝင်စားမည့် ခရီးစဉ်များဖြစ်လာအောင် မွမ်းမံပြင်ဆင်ခြင်းနှင့် ထပ်မံအသစ်ဖော်ထုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးရေးစသည့်လုပ်ငန်းစဉ်များသည် အဓိကကျကြောင်း၊ ၄င်းလုပ်ငန်းတာဝန် များကို လျင်မြန်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် ၀ိုင်းဝန်းကြံဆကြိုးစားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိမိဌာနအလိုက် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် ပြင်ပပုဂ္ဂလိကလုပ်ငန်းရှင် တစ်ဦးကဲ့သို့ အောင်မြင်မှုရရှိအောင် မည်ကဲ့သို့ဆောင်ရွက်မည်ကို နည်းလမ်း(၁/ ၂/ ၃)အစီအစဉ်ရေးဆွဲ ၍ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ၊ ၀န်ကြီးဌာန၏ ၀င်ငွေတိုးတက်ရှာဖွေရေး၊ စိုက်ပျိုး/မွေးမြူရေး လုပ်ငန်းများဖြင့် ၀န်ထမ်းသက်သာ ချောင်ချိရေးအား ဆောင်ရွက်ပေးနိုင်ရေးနှင့် လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းရေးစသည်တို့အား အကျယ်တ၀င့် ရှင်းလင်းမှာကြားခဲ့ပါသည်။
၎င်းနောက် အစည်းအဝေးသို့တက်ရောက်လာသော ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ အဆင့် အလိုက် အရာထမ်းများနှင့် ဒေသရုံးခွဲတာဝန်ခံများမှ အသေးစိတ်ဆွေးနွေးတင်ပြကြပြီး ညွှန်ကြားရေး မှူးချုပ် မှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြပါသည်။
ဆက်လက်၍ မြန်မာ့ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအဆင့်အလိုက် အရာထမ်းများနှင့် ရုံးခွဲတာဝန်ခံ များမှ အသေးစိတ်ဆွေးနွေးတင်ပြပြီး ဦးဆောင်ညွှန်ကြားရေးမှူးမှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး တင်ပြပါသည်။ ၄င်းနောက် ပြည်ထောင်စုဝန်ကြီးရုံးမှ ရုံးအဖွဲ့မှူးနှင့် ဒုတိယရုံးအဖွဲ့မှူး (သတင်းမှတ်တမ်း ဌာန)တို့မှ ဆွေးနွေးတင်ပြပါသည်။ ၄င်းနောက် ဌာနအလိုက်ဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယ ၀န်ကြီးမှ သုံးသပ်ဆွေးနွေးတင်ပြသည်။ ၄င်းနောက် အစည်းအဝေးတက်ရောက်လာကြသူများ၏ ဌာန အလိုက် ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ပြီး အစည်းအဝေးအား ရုတ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။