Nay Pyi Taw, 30 December 2011
Deputy Minister U Htay Aung of the Ministry of Hotels and Tourism delivered remarks at the closing ceremony of English Language Proficiency and ICT Training Course (3 / 2011) at Jade Hall of this Ministry at 13:30 p.m. on 30 December, 2011.
In his remarks, the Deputy Minister said that this training course was the third batch in order to improve English Language Proficiency and ICT skills of government staff of the Ministry of Hotels and Tourism and to provide human resources development in implementing the objectives of ASEAN Economic Community. He stressed that the training course was designed with the help of Language Lab to provide English Language proficiency and ICT skills of the trainees systematically and all the trainees need to study technical knowhow continuously to be able utilize the knowledge gained from the training course in their respective daily routine work effectively and to keep abreast with international community.
After that, Deputy Minister U Htay Aung awarded the three outstanding trainees with honorable prizes. The Director General, U Aung Zaw Win presented a trainee on behalf of all trainees with certificates of this course. Then, U Khin Maung Lwin, the lecturer, was presented with the honorable gift by the Managing Director. A trainee said a word of thanks and the closing ceremony was closed with the recommendations related to the training course by U Khin Maung Lwin, the Principle of Asia Master Tourism and Hospitality Academy.
A total of (80) trainee was trained during the three batches of English language proficiency and ICT courses which were successfully held at the Ministry.
ZYMA
အင်္ဂလိပ်ဘာသာစကားနှင့် ICTနည်းပညာသင်တန်းအမှတ်စဉ်(၃/၂၀၁၁) သင်တန်းဆင်း ပွဲအခမ်းအနားကျင်းပ
(နေပြည်တော်၊ ဒီဇင်ဘာ-၃၀)
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ အင်္ဂလိပ်ဘာသာစကားနှင့် ICT နည်းပညာ သင်တန်း အမှတ်စဉ်(၃/၂၀၁၁) သင်တန်းဆင်း ပွဲအခမ်းအနားကိုယနေ့ နေ့လည်(၁၃း၃၀)နာရီ အချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ဒုတိယ၀န်ကြီး ဦးဌေးအောင် တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားသည်။
ဒုတိယ၀န်ကြီး ဦးဌေးအောင် မှ ပြောကြားရာ၌ ယခုသင်တန်းမှာ တတိယအကြိမ်မြောက် ဖွင့်လှစ် သင်ကြားပေးနိုင်ခဲ့သော သင်တန်းဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် ၀န်ထမ်းများအနေဖြင့် အာဆီယံ စီးပွားရေးအသိုက်အ ၀န်း ရည်မှန်းချက်များ ၂၀၁၅ ခုနှစ်တွင် ပြည့်မီရန် အတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန် အင်္ဂလိပ်ဘာသာစကားနှင့် ICT နည်းပညာများကို တတ်ကျွမ်း နားလည်စေရေး၊ နိုင်ငံတကာနှင့်ရင်ဘောင်တန်းဆောင်ရွက်နိုင်စေရေးတို့အတွက် အင်္ဂလိပ်ဘာသာ စကားနှင့် ICT နည်း ပညာကို Language Lab ဖြင့် စနစ်တကျသင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူ များ အနေဖြင့် သင်တန်းမှသင်ကြားပေးသည့် အတတ်ပညာရပ်များအား လက်တွေ့လုပ်ငန်းခွင်တွင် အထောက်အကူပြုလျှက် အကျိုးရှိရှိ ထိရောက်စွာအသုံးချနိုင်ရေးကို စဉ်ဆက်မပြတ်လေ့ကျင့်ဆည်းပူး သွားရန်လိုအပ်ကြောင်းပြောကြားသည်။
ယင်းနောက် ဒုတိယ၀န်ကြီးက သင်တန်းတွင် ထူးချွန်ဆုရရှိသူ (၃)ဦးအား ဂုဏ်ပြုဆုငွေများပေး အပ်ချီးမြှင့်ပြီး ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းအောင်လက်မှတ်များကို သင်တန်းသားကိုယ်စား လှယ်တစ်ဦးအားပေးအပ်သည်။ ဆက်လက်၍ သင်တန်းနည်းပြ ASIA MASTER သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးခင်မောင်လွင်အား ဦးဆောင်ညွှန်ကြားရေးမှူးက ဂုဏ်ပြု လက်ဆောင်ပေးအပ်သည်။
ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသူ (၁)ဦးမှကျေးဇူးတင်စကားပြောကြားပြီး သင်တန်းကျောင်း ASIA MASTER ကျောင်း အုပ်ကြီးက သင်တန်းနှင့် စပ်လျဉ်းသည်များကို အကြံပြုဆွေးနွေး၍ အခမ်းအနားကိုရုတ်သိမ်းလိုက်သည်။
အဆိုပါသင်တန်းသို့ ပထမအကြိမ်တွင်(၂၄)ဦး၊ ဒုတိယအကြိမ်တွင်(၃၄)ဦး၊ တတိယအကြိမ်တွင် (၂၄)ဦး သင်တန်းသား/ သင်တန်းသူ (၈၂)ဦး တက်ရောက်အောင်မြင်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ်(၄)ပတ်ကြာမြင့်ခဲ့ကြောင်း သတင်းရရှိသည်။