Implementing the E- visa system while using the internet Holding the meeting for destination development and revealing the new hotel zones

Nay Pyi Taw, December 26.

The meeting for implementing the E- visa system at border entry while using the on-line and internet, development of the Kawthaung , Dawei and Myeik destinations and building the new hotel zones was held at the Sapphire Hall of the Ministry of  Hotels and Tourism  here this morning with an address by Union Minister U Tint Hsan.

In his address, the Union Minister said the committee for facilitating the convenient entering for the foreign visitors has been taking the necessary measure to implement the E- visa system for smoother entry of the visitors. And also the on-line and internet are equipped in border gates and international gateways like Nay Pyi Taw, Yangon and Mandalay airports. The Union Minister also urged the responsible persons form border check points and Myanmar Ease Net Co.,Ltd to try to be able to overcome the difficulties by cooperation. The Minister also point out the importance of the adequate accommodation and smooth transportation. So, he expressed his encouragement to reveal the new hotel zones and to become the CLMV countries as a single destination.

Afterwards, the Deputy Minister, Director General and Managing Director gave the summary reports. And also, the responsible officials from border check points and managing director of the Myanmar Ease Net Co., Ltd the mentioned the progress of the works. After hearing reports, the Union Minister gave the necessary instructions and the meeting was concluded.

STK

နေပြည်တော်၊ ဒီဇင်ဘာ(၂၆)

 လေဆိပ်၊ရေဆိပ် ၀င်ပေါက်ထွက်ပေါက်များ၊နယ်စပ် ၀င်ပေါက်ထွက်ပေါက်များ၌ e-Visa စနစ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် On-Line and Internet  တပ်ဆင်အသုံးပြု မှုနှင့် ကော့သောင်းဒေသရွက်လှေ ခရီးစဉ် ၊ ထားဝယ်မြိတ်ဒေသခရီးစဉ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ဟိုတယ်ဇုန်များတည်ဆောက်ရေးကိစ္စများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်(၁၁း၀၀) နာရီအချိန် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမ၌ ကျင်း ပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်း တက်ရောက်၍ အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် နိုင်ငံခြားသားဝင်ရောက်မှုလွယ်ကူ အဆင်ပြေရေးကော်မတီအနေဖြင့် နိုင်ငံခြားသား ဧည့်သည်များ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ရာတွင် လွယ်ကူမြန်ဆန်မှုရှိစေရေးအတွက် e-Visa စနစ်ဖြင့်ပြောင်းလဲကျင့်သုံးရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊  လေဆိပ်၊ရေဆိပ် ၀င်ပေါက် ထွက်ပေါက်များ၊ နယ်စပ် ၀င်ပေါက်ထွက်ပေါက်များ၊ On-Line and Internet တပ်ဆင်အသုံးပြုမှုများ ဆောင်ရွက်လျက် ရှိပါကြောင်း၊တာချီလိတ်၊ ကော့သောင်း၊ မြ၀တီနယ်စပ်ဂိတ် များနှင့် နေပြည်တော်လေဆိပ်၊ ရန်ကုန်လေဆိပ်၊ မန္တလေးလေဆိပ်တို့တွင် မူဆယ်နယ်စပ်ဂိတ်၌ On-Line and Internet  တပ်ဆင် အသုံးပြုမည့် အစီအစဉ်ကဲ့သို့ လုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူလျှင်မြန်မှု ရှိစေရေးနှင့် တွေ့ရှိလာမည့်အခက်အခဲများအား ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်ရာနယ်စပ် ၀င်ပေါက် ထွက်ပေါက်ဂိတ်တာဝန်ခံများနှင့်တာဝန်ယူ လုပ်ကိုင်မည့် Myanmar Ease Net Co.Ltdတို့အနေဖြင့် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြားသား ဧည့်သည်များ ၀င်ရောက်လာပါက ၀င်ပေါက်ထွက်ပေါက်များတွင် လွယ်ကူအဆင်ပြေစေရေး၊ သယ်ယူပို့ဆောင်ရေး ယာဉ်များ အဆင်ပြေစေရေး၊ ဟိုတယ်အခန်းများလုံလောက်မှုရှိစေရေးနှင့် ၀န်ဆောင်မှု အဆင့်မြင့်မားရေး၊ စိတ်ဝင်စားဖွယ်ရာ ခရီးစဉ်သစ်များဖော်ထုတ်ရေးစသည့် လုပ်ငန်းစဉ် များသည်လည်း အရေးကြီးကြောင်း၊ သို့ဖြစ်၍ ဟိုတယ်ဇုန်များ ထပ်မံဖော်ထုတ် တည်ဆောက်နိုင် ရန်အတွက် ယခုအစည်းအဝေး တက်ရောက်လာကြသူ များမှ ၀ိုင်းဝန်အကြံပေးဆွေးနွေး သွားစေလိုကြောင်း၊ ပထမဦးစားပေးအနေဖြင့် CLMV (၄)နိုင်ငံခရီးစဉ် (၁)ခုဖြစ်ရေး အစီအစဉ်အား စတင် အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ဒုတိယ၀န်ကြီး၊ညွှန်ကြားရေးမှူးချုပ်၊ဦးဆောင်ညွှန်ကြားရေးမှူးတို့မှ လုပ်ငန်းဆောင်ရွက်နိုင် မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။ ၄င်းနောက် အစည်းအဝေးသို့တက်ရောက်လာသော နယ်စပ်ဝင်ပေါက်ထွက်ပေါက်ဂိတ်တာဝန်ခံအရာရှိများနှင့် လုပ်ငန်းရှင်များ၊ Myanmar Ease Net Co.Ltd မှ Managing Director ဦးကျော်မိုးနိုင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်း တင်ပြဆွေးနွေးပါသည်။ ရှင်းလင်းတင်ပြဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည် များ လမ်းညွှန်မှာကြား၍ အစည်းအဝေးအား ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply