On behalf of Union Minister of the Ministry of Hotels and Tourism, The Deputy Minister U Htay Aung received the H.E. Ambassador, Mr. Sebastianus Sumarsono and delegation of Embassy of Indonesia in Yangon at this Ministry, here, this morning, 10:30 am.
In this Occasion, the Ambassador presented the CD copy of Explore Myanmar 2011 Booklet which was translated into Indonesian language, and said that he is pleased for increasing tourist arrivals in Myanmar and the development of international class hotels in Nay Pyi Taw. After that they discussed frankly about the airline between Myanmar and Indonesia, promotion of pilgrimage tourism designation of sister cities and investment of hotel sector in Myanmar.
The Director General from the Directorate of Hotels and Tourism and the responsible officials from the Ministry of Hotels and Tourism also presented.
(နေပြည်တော်၊ ဒီဇင်ဘာ-၁၅)
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး(ကိုယ်စား) ဒုတိယ၀န်ကြီး ဦးဌေးအောင်အား ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Mr.Sebastianus Sumarsono သည် ယနေ့ နံနက်(၁၀း၃၀)နာရီအချိန်တွင် နေပြည်တော် ရှိ ရုံးအမှတ် (၃၃) ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၏ ဧည့်ခန်းမတွင် လာရောက်တွေ့ဆုံဂါရ၀ပြုသည်။
တွေ့ဆုံပွဲတွင် သံအမတ်ကြီးမှ Explore Myanmar 2011′s Publication ကို အင်ဒို နီးရှားဘာ သာနှင့် ပြန်ဆိုချက်အားCD Copy ဖြင့် ပေးအပ်၍ ၂၀၁၁ခုနှစ် အတွင်း မြန်မာ နိုင်ငံသို့ နိုင်ငံခြားသား ဧည့်သည် ပိုမိုတိုးတက်ရောက်ရှိမှုနှင့် နေပြည်တော်တွင် အဆင့်မီ ဟိုတယ်များတည်ဆောင်နိုင်မှုကို ဂုဏ်ယူပါကြောင်း ပြောကြားပြီး အင်ဒိုနီးရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား လေကြောင်းခရီးစဉ် ပျံသန်းရေး၊ ညီအစ်မမြို့တော်များ သတ်မှတ်ရေး၊ ဘုရားဖူးခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းကဏ္ဍတွင် လာရောက် ရင်းနှီးမြှုပ်နှံရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
