NAY PYI TAW, 9 Dec-Coordination meeting of committee for smooth entry of tourists for applying e-visa system was held at the Ministry of Hotels and Tourism this morning, with an address by Chairman of the committee Union Minister for Hotels and Tourism U Tint Hsan.
The Union minister said his ministry is implementing tasks for smooth and easy entry of foreign tourists. He called for cooperation of related ministries for using e-visa system which will be operated with the technical assistance of Krislite Lighting Specialist Co Ltd.
Deputy Minister U Htay Aung submitted report.
Managing Director of Krislite Lighting Specialist Co Ltd explained about work plans and the deputy minister made the supplementary discussion.
နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှုအဆင်ပြေလွယ်ကူရေးကော်မတီ၏ e-visa စနစ်ဖြင့် လက်ခံကျင့်သုံးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
(နေပြည်တော်၊ ဒီဇင်ဘာ-၉)
နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှုအဆင်ပြေလွယ်ကူရေးကော်မတီ၏ e-visa စနစ် ဖြင့် လက်ခံ ကျင့်သုံးလုပ်ဆောင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ရုံးအမှတ် (၃၃) နီလာအစည်းအဝေး ခန်းမ၌ ကျင်းပရာ နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှု အဆင် ပြေ လွယ်ကူရေး ကော်မတီဥက္ကဌ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တက်ရောက်၍ အမှာစကားပြောကြားသည်။
နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှု အဆင်ပြေလွယ်ကူရေးကော်မတီဥက္ကဌ၊ ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းမှ အမှာ စကားပြောကြား ရာတွင်နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှုအဆင်ပြေလွယ်ကူရေး ကော်မတီအနေဖြင့် နိုင်ငံခြားသား ဧည့်သည်များ မြန်မာနိုင်ငံအတွင်းသို့ လာရောက် လည်ပတ်ရာတွင် အဆင်ပြေလွယ် ကူစေရေးအတွက် နိုင်ငံတော်သမ္မတ၏ လမ်းညွှန် ချက်ဖြင့် ဤကော်မတီကို (၁၅-၉-၂၀၁၁)ရက်နေ့တွင် စတင်ဖွဲ့စည်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် လုပ်ငန်း အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကအချက်(၄)ချက်ဖြစ်သော နိုင်ငံခြားသားဧည့်သည်ဝင်/ ထွက်ပေါက်များဖြစ်သည့် လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ်ဝင်/ထွက်ဂိတ်များတွင် အဆင်ပြေလွယ်ကူရေး၊ သွားလာရေးအတွက် သယ်ယူပို့ဆောင်ရေးအပိုင်းတွင် အဆင်ပြေလွယ်ကူရေး၊ တည်းခိုနားနေမည့် ဟိုတယ်များအဆင့်အတန်းမှီစွာဖြင့် ဧည့်ဝန်ဆောင်မှု ကောင်းမွန်စေရေး၊ နိုင်ငံခြားသား ဧည့်သည်များ စိတ်ပါဝင်စားမည့် ခရီးစဉ်များဖြစ်ပေါ်ရေး၊ အသစ်ဖော်ထုတ်ရေးကိစ္စများကို ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပထမဦးဆုံးအနေဖြင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသတွင်(၂၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲခရီးသွား လုပ်ငန်းအစည်းအဝေး အခမ်းအနားများနှင့်အတူ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကို စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ အခြားနေရာ ဒေသများဖြစ်သည့် ရန်ကုန် (လေဆိပ်)၊ မန္တလေး(လေဆိပ်)နှင့် တောင်ကြီး(အင်းလေး) ဒေသ၊ နယ်စပ်ဂိတ်များ ဖြစ်သည့် မူဆယ်၊ တာချီလိတ်၊ ကော့သောင်းတို့တွင်လည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ယနေ့ အစည်းအဝေးမှာ နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှု အပိုင်းတွင် ယခုထက်ပိုမို လွယ်ကူ အဆင်ပြေမြန်ဆန်စေရန်အတွက် e-visa စနစ်ဖြင့် လက်ခံကျင့်သုံးဆောင်ရွက်နိုင်ရေးကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန်အတွက် ဖြစ်ကြောင်း၊ နည်းပညာပိုင်းနှင့်အတတ်ပညာရှင်များ ပါဝင်ဆောင်ရွက်ရန် အတွက် တာဝန်ပေးထားသော Krislite Lighting Specialist Co,Ltd မှဆာင်ရွက်ပေးမည်ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်လာသည့် နိုင်ငံခြားဧည့်သည်ဝင်ရောက်မှု အဆင်ပြေလွယ်ကူရေးကော်မတီဝင်ဆက်စပ်ဝန်ကြီးဌာနများမှ ၀ိုင်းဝန်းကူညီဆောင်ရွက် ပေးစေလိုကြောင်း မှာကြားခဲ့ပါသည်။
၎င်းနောက် နိုင်ငံခြားဧည့်သည်ဝင်ရောက်မှုအဆင်ပြေလွယ်ကူရေးကော်မတီ ဒုတိယ ဥက္ကဌ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဌေးအောင်မှ ရှင်းလင်း တင်ပြဆွေးနွေးသည်။ ၄င်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ ၀န်ကြီး ဌာနအလိုက် ကော်မတီအဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေ များအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ Krislite Lighting Specialist Co,Ltd. မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်မိုးနိုင်မှ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို Power Pointဖြင့် ရှင်းလင်းတင်ပြပါသည်။
၎င်းနောက် ဒုတိယ၀န်ကြီး ဦးဌေးအောင်မှ အစည်းအဝေးတက်ရောက်လာကြသူများ၏ ဆွေးနွေး တင်ပြချက်များအပေါ် ဖြည့်စွက်ရှင်းလင်းမှာကြားသည်။
၎င်းနောက် နိုင်ငံခြားဧည့်သည်ဝင်ရောက်မှုအဆင်ပြေလွယ်ကူရေးကော်မတီ ဥက္ကဌ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းမှ လုပ်ငန်းအောင်မြင်ရေးအတွက် ဌာနဆိုင်ရာများ၏ အကူအညီများရယူ၍ မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြရန်လိုကြောင်း နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ နိုင်ငံခြားဧည့်သည်ဝင်ရောက်မှုအဆင်ပြေလွယ်ကူရေး ကော်မတီ ဒုတိယဥက္ကဌ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ဒုတိယ၀န်ကြီးဦးဌေးအောင်၊ နိုင်ငံခြားဧည့်သည်ဝင်ရောက် မှု အဆင်ပြေလွယ်ကူရေးကော်မတီအဖွဲ့ဝင်များ နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ဌာန ဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။
(သတင်းစဉ်)

