Nay Pyi Taw, 5 December 2011
Deputy Minister for Ministry of Hotels and Tourism U Htay Aung delivered an opening address on the occasion of the opening ceremony of English Language and ICT training course (3/2011) held at this Ministry, here, this morning, 09:30 am.
The opening ceremony was presented by Senior Officer departmental personnel and trainees of Ministry of Hotels and Tourism. The duration of the course will be four weeks and a total of 24 trainees from Ministry of Hotels and Tourism will attend this training course.
ABB
အင်္ဂလိပ်ဘာသာစကားနှင့် ICTနည်းပညာကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၃/၂၀၁၁)ဖွင့်ပွဲ အခမ်းအနားကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ-၅
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော အရာထမ်း၊ အမှုထမ်းများသည် ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရသောလုပ်ငန်းတာဝန်များကို ထမ်းဆောင်နေရသူများဖြစ်ကြောင်း၊ ၀န်ထမ်းများ အနေဖြင့် နိုင်ငံတကာသုံးဘာသာစကားဖြစ်သည့် အင်္ဂလိပ်ဘာသာစကားနှင့် ICT (International Communication Technology)ကို ကျွမ်းကျင်စွာနားလည်တတ်မြောက်ရန် လိုအပ်ကြောင်း၊ သို့မှသာ နိုင်ငံတကာနှင့် ရင်ဘောင်တန်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၀န်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ အင်္ဂလိပ်ဘာသာစကားနှင့် ICTနည်းပညာများကို Language Lab ဖြင့် စနစ်တကျ သင်ကြားနိုင်စေရန်အတွက် ငွေကြေးများစွာအကုန်အကျခံ၍ အချိန်ယူပြီးလေ့ကျင့် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင်အလုပ်ချိန်မှ ရရှိသည့်အချိန် အတွင်း မိမိတို့၏ အရည်အသွေးမြင့်မားအောင်၊ အကျိုးရှိအောင် ကြိုးစားလေ့ကျင့် သင်ကြား သွားရန် လိုအပ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူတစ်ဦးချင်းစီ၏ စွမ်းဆောင်မှုအရည်အသွေးမြင့်မားလာပြီး လုပ်ငန်းခွင်၌ အမှန်တကယ်တတ်ကျွမ်းနားလည်မှုရှိသည့် ၀န်ထမ်းများရရှိရေးကိုသာ အဓိကထား ရည်ရွယ်ပါကြောင်း၊ ယနေ့ နံနက်(၀၉း၃၀)နာရီအချိန် ရုံးအမှတ် (၃၃)၊ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်သည့် အင်္ဂလိပ်ဘာသာစကားနှင့် ICT နည်းပညာကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၃/၂၀၁၁)ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယ၀န်ကြီး ဦးဌေးအောင်မှ အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းသို့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း၊ သင်တန်းသား၊ သင်တန်းသူ (၂၄)ဦးတက်ရောက်သင်ကြားမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တပါတ် (၄)ပတ်ကြာမြင့်မည်ဖြစ်သည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ၀န်ကြီးဌာနမှ ဌာနတာဝန်ခံ အရာရှိကြီးများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ၀န်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ သည်။