နေပြည်တော်၊ ဖေ-၂၃
ယမန်နေ့နံနက် (၀၉း၀၀)နာရီအချိန်တွင် နေပြည်တော်၊ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲနှင့် ကွန်ဖရင့် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တက်ရောက် အဖွင့်မိန့်ခွန်း ပြောကြား သည်။
ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့မှ ဦးရန်ဝင်းမှ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားခြင်း၊ HSF(Hanns Seidal Foundation)မှ Regional Representative, Mr. Axel Neubert မှ မိတ်ဆက်အမှာစကားပြောကြားခြင်း၊ UK, Leeds Metropolitan University, International Centre for Responsible Tourism မှ Professor Harold J.Goodwin က ကောက်နုတ်ချက် မိန့်ခွန်းပြော ကြားခြင်းများ ပြုလုပ်၍ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို နံနက် (၁၀း၂၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။
ယမန်နေ့ကျင်းပပြုလုပ်သော Responsible Tourism Conference ကို နံနက်(၁၁း၀၀)နာရီမှ ညနေ (၁၆း၀၀)နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ အကြောင်းအရာအလိုက် ဦးဆောင်ဆွေးနွေးသူများ၊ တာဝန်ခံကိုယ်စားလှယ်များမှ တာဝန်ယူ မှုရှိသောခရီးသွား လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးကြမည် ဖြစ်သည်။
အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန တို့မှ ဒုတိယ၀န်ကြီးများ၊ ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယ ညွန်ကြားရေးမှူးချုပ်၊ အထွေထွေမန်နေဂျာနှင့် ညွှန်ကြားရေးမှူး၊ ဒုတိယအထွေထွေ မန်နေဂျာများ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ်နှင့် အခြားဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ကွန်ဖရင့်တက်ရောက် မည့် ၀န်ကြီးဌာန များမှ ဌာနဆိုင်ရာ တာဝန်ခံကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့၊ ဟိုတယ် လုပ်ငန်း/ခရီးသွား လုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများ ၊ ဂျာမနီနိုင်ငံအခြေစိုက် HSF(Hanns Seidal Foundation)မှ တာဝန်ခံ/ပညာရှင်များ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။










