Latest News
ubein

နေပြည်တော်၊ မတ်လ (၁၆)ရက်
    အာဆီယံခရီးသွားလုပ်ငန်းသုတေသနအဖွဲ့အစည်း (ASEAN Tourism Research Association ATRA) မှ ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာသင်ဆုအစီအစဉ်များကို (၃၁-၃-၂၀၁၇) ရက်နေ့ နောက်ဆုံး ထား၍ http://www.atrasecretariat.com/asean-scholarships သို့ ၀င်ရောက်ကြည့်ရှုလျှောက်ထား နိုင်ပါသည်။
    ပညာသင်ဆုအမည်         အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာပညာသင်ဆု
    ပညာသင်ဆုအမျိုးအမည်များ    

    (၁)    ပါရဂူဘွဲ့
    (၂)    မဟာဘွဲ့
သတ်မှတ်ချက်များ
-    ပါရဂူဘွဲ့အတွက် Cumulative Grade Point Average ၃.၅ နှင့် အထက်ရရှိသူ ၊ ပညာရေး သူတေသနဂျာနယ်များတွင် အနည်းဆုံးဆောင်းပါးတစ်ခုရေးသားထားသူ (သို့မဟုတ်) အစိုးရ မှ အသိအမှတ်ပြုအရည်အချင်းရှိသော မဟာဘွဲ့ရရှိပြီးသူ
-    မဟာဘွဲ့အတွက် မိမိနိုင်ငံ (သို့မဟုတ်) နိုင်ငံခြားတက္ကသိုလ်များမှ အသိအမှတ်ပြုထားသော ဘွဲ့ရရှိထားသူ (ပညာအရည်အချင်းသတ်မှတ်ချက် ၄၀ ရာခိုင်နှုန်း ၊ မိမိအဖွဲ့အစည်းတွင် ဦးဆောင်မှုစွမ်းရည် ၃၀ ရာခိုင်နှုန်း ၊ လုပ်ကိုင်နိုင်စွမ်းရည် ၁၅ ရာခိုင်နှုန်း ၊ အာဆီယံခရီးသွား လုပ်ငန်း သုတေသနအဖွဲ့အစည်း၏ ရည်မှန်းချက်များ အကောင်အထည်ဖော်မှုအပေါ် ပါဝင် ဆောင်ရွက်နိုင်စွမ်းရည် ၁၅ ရာခိုင်နှုန်း (တင်ပြစာ))
သုတေသနပြုရမည့်ခေါင်းစဉ်များ
-    ခရီးသွားလုပ်ငန်းဆိုင်ရာမူဝါဒများ
-    ခရီးသွားလုပ်ငန်းဆိုင်ရာ လက်ရှိနှင့်အနာဂတ်အလားအလာများ
-    ခရီးသွားဆွဲဆောင်မှုများ ဆန်းသစ်ဖော်ထုတ်ခြင်းနှင့်အနာဂတ်လိုလားချက်များ
-    လုပ်ငန်းအထောက်အကူဖြစ်စေသည့် အကြောင်းအချက်များ
လျှောက်ထားနိုင်သည့် တက္ကသိုလ်များ
-    Trisakti School of Tourism ၊ အင်ဒိုနီးရှားနိုင်ငံ
-    Taylor’s University ၊ မလေးရှားနိုင်ငံ
-    James Cook University ၊ စင်ကာပူနိုင်ငံ
-    Prince of Songkla University ၊ ထိုင်းနိုင်ငံ
 
ရွေးချယ်ရေးလုပ်ငန်းစဉ်
    ပညာသင်ဆုပေးမည့် အစီအစဉ်အားကြေညာခြင်း၊ သင်တန်းသားခေါ်ယူခြင်း၊ (၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ)
    လျှောက်လွှာခေါ်ယူမှု နောက်ဆုံးကာလ၊ (၂၀၁၇ ခုနှစ်၊ မတ်လ ၃၁ ရက်)
    ပဏာမရွေးချယ်ခြင်း၊ (၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ)
    ပဏာမရွေးချယ်ထားသည့် သင်တန်းသားများအားလူတွေ့စစ်ဆေးခြင်း၊ (၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့မှ ၃၀ရက်နေ့အထိ)
    သက်ဆိုင်ရာတက္ကသိုလ်များ၊ အာဆီယံခရီးသွားလုပ်ငန်းသုတေသနအဖွဲ့အစည်း၏ ဘုတ် အဖွဲ့၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံခရီးသွားလုပ်ငန်း ၀န်ကြီးများ၏ အလှည့်ကျ ဥက္ကဌတို့ ပါဝင်သည့် ရွေးချယ်ရေးအဖွဲ့မှ အပြီးသတ်ရွေးချယ်အတည်ပြုခြင်း၊ (၂၀၁၇ ခုနှစ်၊ မေလ ၁၅ ရက်နေ့)
    လျှောက်ထားသူများထံသို့ အသိပေးအကြောင်းကြားခြင်း၊ (၂၀၁၇ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့)
    သက်ဆိုင်ရာတက္ကသိုလ်များတွင် ပညာသင်ဆုအစီအစဉ်များကိုစတင်ခြင်း၊ (၂၀၁၇ ခုနှစ်၊ သြဂုတ် လ/ စက်တင်ဘာလ)

https://www.youtube.com/watch?v=bNbaX6SmY2Y14.3.2017 11

နေပြည်တော်၊ မတ်လ (၁၄) ရက်

    ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၀င်ရောက်သွားလာမှု အ ဆင်ပြေချောမွေ့စေရေးအတွက် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ သာယာလှပသော ရေ၊ မြေ၊ တော၊ တောင်သဘာဝရှုခင်း အလှအပများနှင့် ယဉ်ကျေးမှုအနုပညာလက်ရာများ၊ ဧည့်ဝတ်ပျူငှာမှုများ၊ တိုင်းရင်းသားလူမျိုးတို့၏ စိတ်ဝင်စားဖွယ် ဓလေ့စရိုက်များကြောင့် နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များအနေဖြင့် စိတ်ဝင်တစား လာရောက် လည်ပတ်လျှက်ရှိပြီး အပြည်ပြည်ဆိုင်ရာလေကြောင်း၊ ကုန်းကြောင်းခရီးစဉ်များသာမက ကမ္ဘာလှည့် အပျော်စီးသင်္ဘောများဖြင့်လည်း လာရောက်လည်ပတ်လျှက်ရှိပါသည်။
    ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် Myanmar Voyages Int’l Tourism Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဂျာမဏီနိုင်ငံမှ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီး M.V Albatros သည် မတ်လ(၁၂)ရက်နေ့တွင် ပထမအကြိမ် အဖြစ် မြန်မာ အပြည်ပြည်ဆိုင်ရာသီလ၀ါဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ပါသည်။ အဆိုပါ သင်္ဘောကြီးသည် ကမ္ဘာလှည့်ခရီးသည်(၅၀၄)ဦးနှင့် သင်္ဘောဝန်ထမ်း (၃၅၀)ဦးလိုက်ပါစီးနင်းလာပြီး ထိုင်းနိုင်ငံ၊ ဖူးခက်ဆိပ်ကမ်းမှ ထွက်ခွာလာခြင်းဖြစ်ပါသည်။

14.3.2017 22
    ဂျာမန်လူမျိုးခရီးသည်အများစုလိုက်ပါလာသည့် အပျော်စီးသင်္ဘောကြီးသည် မြန်မာနိုင်ငံ သို့ ရောက်ရှိနေစဉ်အတွင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားနှင့် မြို့တွင်းလေ့လာခြင်း၊ သန်လျင်နှင့်ကျိုက်ခေါက်ဘုရားသို့ သွားရောက်လည်ပတ်ခြင်း၊ ပဲခူးနေ့ချင်းပြန်ခရီးနှင့် ပုဂံမြို့များသို့ ညအိပ်ခရီးစဉ်များဖြင့် သွားရောက်လည်ပတ်မည်ဖြစ်ပြီး မတ်လ(၁၄) ရက်နေ့တွင် သီလ၀ါဆိပ်ကမ်းမှ သီရိလင်္ကာနိုင်ငံ၊ ထရန်ကိုမလေးကျွန်းသို့ ပြန်လည်ထွက်ခွာမည်ဖြစ်ပါ သည်။
    မတ်လအတွင်း၌ အပျော်စီးသင်္ဘောခရီးစဉ်များအနေဖြင့် Abercrombie & Kent Travel (Myanmar)Co.,Ltd ၏ စီစဉ်မှုဖြင့် M.V Silver Discoverer ကမ္ဘာလှည့်ခရီးသည်တင် သင်္ဘော သည် ကမ္ဘာလှည့်ခရီးသည်(၆၅)ဦး၊ သင်္ဘောဝန်ထမ်း(၉၉)ဦး၊ တင်ဆောင်၍ မတ်လ(၆)ရက်နေ့ တွင် ရန်ကုန်မြို့၊ နန်းသီတာဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ပြီး၊ ယခုရောက်ရှိသော M.V Albatros သင်္ဘောကြီးသည် မတ်လအတွင်း ဒုတိယမြောက် ဆိုက်ရောက်လာခြင်းဖြစ်ပါသည်။ဆက်လက်၍လည်းကမ္ဘာလှည့်ခရီးသည်တင်အပျော်စီးသင်္ဘောများ မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ဆိုက်ရောက် ရန်ရှိကြောင်း သတင်းရရှိပါသည်။

https://www.youtube.com/watch?v=bNbaX6SmY2Y13.3.17 1

နေပြည်တော်၊ မတ်လ (၁၃) ရက်

    မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားများလည်ပတ်ရန် ခရီးစဉ်ဒေသများဖြစ်သည့် ပုဂံ၊ အင်လေး၊ မန္တလေး၊ မြောက်ဦး၊ ပင်းတယဒေသများ ၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊ မောင်းမကန်၊ ကျိုက္ခမီ၊ စက်စဲ၊ အပန်းဖြေကမ်းခြေများ၊ ပျူ၊ ဟန်လင်း၊ ဗိသာနိုး၊ သရေခေတ္တ ရာရှေးဟောင်း မြို့တော် များသို့ ခရီးသွားများအနေဖြင့် အပြည်ပြည်ဆိုင်ရာ ရေကြောင်း၊ လေကြောင်းခရီးစဉ်များ အပြင် အိမ်နီးချင်းနိုင်ငံများမှတဆင့် နယ်စပ်ဝင်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ် ဆိုင်ကယ် များစီးနင်း၍ ဗဟုသုတစုံလင်စွာလေ့လာစရာများ၊ ရှေးဟောင်းယဉ်ကျေးမှုမြင့်မားစွာ နေထိုင်သွားလာခဲ့မှုတို့ အား လေ့လာရန်အတွက် လာရောက်လည်ပတ်လျှက်ရှိပါသည်။

13.3.17 2
    ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Myanmar Senses Family Travel & Tours Co.,Ltd ၏ စီစဉ်မှုဖြင့် အီတလီနိုင်ငံသား (၃) ဦးသည် မတ်လ (၁) ရက်နေ့တွင် ၄င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ် (၃) စီးဖြင့် တမူးနယ်စပ်ဂိတ်မှ ၀င်ရောက်လာပြီး တမူး- ဂန့်ဂေါ- ပုဂံ- မန္တလေး- နေပြည်တော်- ကျိုက်ထီးရိုး- မြ၀တီမြို့များရှိထင်ရှားသောနေရာများသို့ လေ့လာလည်ပတ်ကာ မတ်လ (၆) ရက်နေ့တွင် မြ၀တီ နယ်စပ်ဂိတ်မှတဆင့် ထိုင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာသွားခဲ့ပါသည်။
        ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ၀င်ရောက်လည်ပတ်မှု အဆင်ပြေ ချောမွေ့စေရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးစားဆောင်ရွက်လျှက်ရှိသကဲ့သို့ မြန်မာနိုင်ငံ၏ သာယာလှ ပသော ရေမြေတောတောင် သဘာဝအလှအပများနှင့် သမိုင်းကြောင်းခိုင်မာသော ယဉ်ကျေးမှုအနုပညာလက်ရာများ၊ ဧည့်ဝတ်ပျူငှာမှုများ၊ တိုင်းရင်း သားမျိုးစုံတို့၏ စိတ်ဝင်စားဖွယ်ရာ ဓလေ့စရိုက်များကြောင့် နိုင်ငံတကာမှခရီးသွားဧည့်သည်များအနေဖြင့် မြန်မာနိုင်ငံသို့ နယ်စပ် ဖြတ်ကျော် ယာဉ်တန်း ခရီးစဉ်များဖြင့် စိတ်ဝင်တစားလာရောက်လည်ပတ်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။

Main Menu

Useful Myanmar Phrases

Auspicious to you all
Mingalar Bad


How are you?
nei kaun: ye. la:


Good morning
mingala nan ne khin: ba


Good evening
kaun: tho: nya. nei khin: ba


Good night/Good Bye
thwa: bi


Thank you
kyei: zu: tin ba de


Thank you very much
kyei: zu: amya: gyi: tin ba de


I cannot speak Myanmar
Myanmar lo matat' bu:


Do you understand?
khamya: na: le tha la:


May I take a photograph?
da' poun yai' lo. ya. mala:


May I use the telephone?
te li hpon: thoun: lo. ya. ma. la:


Where is the restroom?
ein tha be ma shi. tha le:


How much?
be lau' le:


What's that?
e: da ba le:


Very expensive
zei: mya: de


See you again
noun gya. thei: da paw.


Please to meet you.
twei. ya. da wan: tha ba de


Good luck
kan kaun: ba zei


Sorry
sel' mashi ba ne.


Excuse me
thi: khan ba


It's all right.
ya ba de


Yes (Male)
hou' ke khin bya.


Yes (Female)
hou' ke shin.


No
hin. in:


Really?
da ge la:


It's impossible.
ma hpyi' nain bu:


Possibly
hpyi' nain ba de


I beg your pardon (Male)
khin mya (?)


I beg your pardon (Male)
Shin (?)


Can I help you?
ku nyi ba ya. zei


Help!
kegya. ba oun:


Beautifull
hla. lai' ta


I want...
...gyin de


Directions

I want to go...
... go thwa: gyin ba de


Where is...?
...be na: ma le:


Turn left
be be cho:


Turn right
nya be cho:


Straight ahead
te, de. thwa: ba


Stop here
dima ya' ba


Slow down
hpyei: byei:


Be careful
tha di: hta: ba


Be careful, don't drive too fast
tha di: hta: ba: phyie: byei: maun:


Turn back
pyan hie:


Turn back
pyan hie:


How much do I owe you?
be lau' kya. tha le:


Keep the change
maan: ne. daw


Places

Airport
lei zei


Bus Station
ba saka: hma' tain


Railway Station
buda youn


Hotel
hou te


Embassy
than youn:


Hospital
hsei: youn


Clinic
hsei: gan:


Police Station
ye: sa khan:


Post Office
sa dai


Market
zei:


River Boat jetty
thin: baw: zei'


Guest house
e. yei' tha


Restaurant
sa: thau' hsain


Travel Related Links

Association of Southeast Asia NationsASEAN
Association of Southeast Asia Nations
www.aseansec.org


Association of Southeast Asia NationsASEAN
Association of Sou<<4R543W90-=98theast Asia Nations
www.aseansec.org

Pacific Asia Travel AssociationPacific Asia Travel Association
http://www.pata.org/

Myanmar Hotelier Association
Myanmar Hotelier Association

http://www.myanmarhotelier.org



  MTFMyanmar Tourism Federation
  http://www.myanmar.travel/

Search Our Site

Contact Us

Address Information

Building No. (33), Nay Pyi Taw, Union of Myanmar.
Union of Myanmar.

Information

Tel: 95 67 406129, 406130,
406460, 406244
www.myanmartourism.org

Contact Us

mo.moht@mptmail.net.mm
mohtmail@gmail.com
director.information.moht@gmail.com

Connect With Us

 

mobile app

Please download here

Room Booking

Thanks for staying with us! Please fill out the form below and our staff will be in contact with your shortly. The see all of our room options please visit the link below.
See All Rooms