Latest News
ubein

https://www.youtube.com/watch?v=WzxhhuVB1ok

နေပြည်တော်၊ မတ်လ (၂၀)ရက်

MOHT News Photo 20-3-2017 01

ကော့သောင်းမြို့သည် ယခုအခါ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ အများအပြား လာရောက်လျက်ရှိပါသည်။ သို့ရာတွင် တချို့သော ထင်ရှား သည့် Dive Site များတွင် စည်းကမ်းမဲ့ငါးဖမ်းလုပ်ငန်းများမှ ကျန်ရှိခဲ့သော ငါးဖမ်းပိုက်များ (Ghost Net) ၊ ငါးဖမ်းကိရိယာများမှာ ရေအောက်သတ္တ၀ါများအတွက် အန္တရယ်များစွာကျရောက်လျက်ရှိကာ ခရီးသွားဧည့်သည်များအတွက် စိတ်ထိခိုက် စရာမြင်ကွင်းများ ဖြစ်ပေါ်လျက်ရှိပါသည်။

၂၀၁၇ခုနှစ် မတ်လ(၁၃)ရက်နေ့က ကော့သောင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြား မှုဦးစီးဌာန၊ ကော့သောင်းရုံးခွဲ တာဝန်ခံတို့၏ ကြီးကြပ်မှုဖြင့် Myanmar Underwater Federation မှ Environmental Officer မသန္တာကိုကြီး ဦးဆောင်သော အဖွဲ့ဝင် (၂၂)ဦးတို့သည် The Nursery အမည်ရှိ Dive Site သို့ သွားရောက်၍ ငါးဖမ်းပိုက်များ Ghost Net များ ရှင်းလင်းသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပရဟိတလုပ်ငန်းအား ဆောင်ရွက်ခဲ့ကြပါသည်။

          ကော့သောင်းခရိုင်အတွင်းရှိ Dive Site များထဲမှ Bamboo Sharks များကို မြင်တွေ့ရသော The Nursery အမည်ရှိ Dive Site တွင် စည်းကမ်းမဲ့ငါးဖမ်းလုပ်ငန်းများမှ ကျန်ရှိခဲ့သော ငါးဖမ်းပိုက် (Ghost Net) များကြောင့် Bomboo Sharksများ သေကြေပျက်စီးနေရသည်ကို Myanmar Underwater Federation မှ Environmental Officer မသန္တာကိုကြီးနှင့် ၄င်း၏မိတ်ဆွေ ပြည်တွင်းပြည်ပမှ ရေငုပ်ဝါသနာရှင်များက တွေ့ရှိ ခဲ့ခြင်းဖြစ်ပါသည်။

MOHT News Photo 20-3-2017 02

အဆိုပါ Dive Site ရှိ Ghost Net များကို ရှင်းလင်းရန် အတွက် Megui Dive Adventure Co., Ltd တို့မှ လူအင်အားနှင့် လိုအပ်သည့် ရေငုပ်ပစ္စည်းများ၊ Aquamarine Ecotourism Development Co., Ltd နှင့် Kento Trading Co., Ltd တို့မှ ရေယာဉ်နှင့် လိုအပ်သည့် လောင်စာ ဆီများကို ပံ့ပိုးကူညီ ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

         

နေပြည်တော်၊မတ်လ(၁၆)ရက်MOHT Ministers News Photo 16-3-2017  01

       ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၇ ခုနှစ်      မတ်လ (၈)ရက်နေ့မှ (၁၂)ရက်အထိ ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့၊ CityCube Berlin ၌ ကျင်းပပြုလုပ်သော ITB Berlin 2017 နိုင်ငံတကာခရီးသွားပြပွဲသို့ တက်ရောက်ခဲ့ ပါသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ဝန်ကြီးဌာနမှ အရာထမ်း (၃)ဦး၊ ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် ဟိုတယ်ခရီး ဝန်ကြီး ဆလိုင်း အိုက်ဇက်ခင်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးရန်ဝင်း နှင့် ဟိုတယ်၊ ခရီးသွား၊ လေကြောင်းလိုင်းများ၊ ညီနောင် အသင်း အဖွဲ့များမှ လုပ်ငန်းရှင် (၇၀) ဦးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ပင်မပြခန်းတွင် ကောင်တာ (၃၅) ခု ဖွင့်လှစ် ပြသကြပြီး မိမိအစီအစဉ်ဖြင့် ပြခန်းလာရောက်ပြသသူ (၃၀) ဦး  စုစုပေါင်း (၁၀၀) ဦး ပါဝင်ကာ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ အကြောင်းမြှင့်တင်     ကြော်ငြာ၍   လက်ကမ်း စာစောင်များ၊ မြေပုံများ၊ DVD များ ဖြန့်ဝေပြီး ခရီးစဉ်များ ညှိနှိုင်းရောင်းချမှုများ ပြုလုပ်ခဲ့ကြသည်။

MOHT Ministers News Photo 16-3-2017  03

 

     ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဂျာမဏီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့် နှင့်အတူ ၂၀၁၇ ခုနှစ် မတ်လ (၇) ရက်နေ့၊ ညနေ (၆) နာရီတွင် ITB Berlin 2017 နိုင်ငံ တကာခရီးသွားပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ ပထမဦးစွာ Messe Berlin ၏ CEO ဖြစ်သူ Dr. Christian Goke မှ ကြိုဆိုနုတ်ခွန်းဆက်ပြီး ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ် Dr. Taleb Rafai ၊ ယခုနှစ် ITB Berlin 2017 နိုင်ငံတကာ ခရီးသွားပြပွဲ၏ Official Partner နိုင်ငံ ဖြစ်သည့် Botswana နိုင်ငံ၏ သမ္မတဖြစ်သူ Lieutenant General Dr. Seretse Khama Ian Khama  တို့မှ အဖွင့်အမှာ စကား အသီးသီးပြောကြားခဲ့ကြသည်။ ထို့နောက် Botswana နိုင်ငံမှ ရိုးရာ ယဉ်ကျေးမှုအကပဒေသာဖြင့် တင်ဆက် ကပြဖျော်ဖြေခဲ့သည်။

      ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ၂၀၁၇ ခုနှစ် မတ်လ (၈) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အစီအစဉ်ဖြစ်သော (၇) ကြိမ်မြောက် ပိုးလမ်းမတစ်လျှောက် ရေရှည် တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကို   ကျင်းပပြုလုပ်ခဲ့သည်။ အဖွင့်အမှာစကားကို ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့၊ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Taleb Rifai မှလည်းကောင်း၊ ကြိုဆိုနူတ်   ခွန်းဆက်စကားများကို ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. David Scowsill နှင့် ITB Berlin ၏     အကြီးအကဲဖြစ်သူ Mr. David Ruetz တို့မှ အသီးသီးပြောကြားခဲ့သည်။

     ထို့နောက် တက်ရောက်လာကြသော ပိုးလမ်းမအစီအစဉ်အဖွဲ့ဝင် (၃၃) နိုင်ငံနှင့် ဖိတ်ကြားခံရသည့် နိုင်ငံများမှ ခရီးသွားလုပ်ငန်းဝန်ကြီးများက    သမိုင်းဝင်ပိုးလမ်းမတစ်လျှောက် ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး၊ ခရီးသွားလုပ်ငန်းတွင် ဒေသခံများပါဝင်ရေးနှင့်အကျိုးကျေးဇူးခံစားရ      ရှိရေး၊ ယဉ်ကျေးမှုအမွေ အနှစ်ခရီးစဉ်ဒေသများအား ထိမ်းသိန်းကာကွယ်စောင့်ရှောက်ရေး၊ အဖွဲ့ဝင်နိုင်ငံများအကြား ခရီးသွား လုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ  အတွေ့အကြုံများနှင့် အလေ့အထကောင်းများ ကိစ္စရပ်များ အပေါ် ၄င်းတို့၏အမြင်များ၊ မဟာဗျူဟာများကို တင်ပြဆွေးနွေးခဲ့ကြ သည်။

      ၂၀၁၇ ခုနှစ် မတ်လ (၉) ရက်နေ့တွင် ဂျာမဏီနိုင်ငံအခြေစိုက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ပေးအပ်သည့် လူမှုဆိုင်ရာတာဝန်သိ   ခရီးသွားလုပ်ငန်းဆုကို ရှမ်းပြည်နယ်ညောင်ရွှေမြို့မှ ရပ်ရွာလူထု ပါဝင်သော ခရီးသွားလုပ်ငန်းဆောင်ရွက်သည့် ပအို့ဝ်ဒေသကရရှိခဲ့ရာ အဆိုပါဆုပေးပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးမှ တက်ရောက်အားပေးခဲ့သည်။ 

      နေ့လည်ပိုင်းတွင် ထိုင်းနိုင်ငံမှ ပြုလုပ်ကျင်းပသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ်နိုင်ငံ (၄) နိုင်ငံခရီးသွားလုပ်ငန်းပေါင်းစည်း         ဆက် သွယ်ရေးအကြောင်း ရှင်းလင်းတင်ပြပွဲကိုကျင်းပခဲ့ရာ သက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဝန်ကြီးများက ကြိုဆိုနူတ်ခွန်းဆက်စကားပြောကြားပြီး     ညွှန်ကြားရေးမှူး ဒေါ်ခိုင်မီမီထွန်း ကမြန်မာနိုင်ငံနှင့် (၄)နိုင်ငံအကြား နိုင်ငံဖြတ်ကျော် ခရီးစဉ်များအကြောင်းကို အပြည်ပြည်ဆိုင်ရာ ခရီးသွား           လုပ်ငန်းဆောင်ရွက်သူများနှင့် သတင်းမီဒီယာများသို့ ရှင်းလင်းတင်ပြခဲ့သည်။

 

     ပြည်ထောင်စုဝန်ကြီးအား ထိုင်းနိုင်ငံအားကစားနှင့်ခရီးသွားလုပ်ငန်းဝန်ကြီး Mrs. Kobkarn Wattanavrangkul၊ ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်း ဒုတိယဝန်ကြီး H.E Mr. So Mara ၊ ဂျာမဏီ နိုင်ငံလွှတ်တော်အမတ် Mr. Jurgen Klimke တွေ့ဆုံ၍ ၎င်းမှ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဂျာမဏီ လွှတ်တော်သို့ တင်ပြဆွေးနွေးရန်ရှိရာ ပြည်ထောင်စုဝန်ကြီးမှ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုး တက်စေရန်၊ ဟိုတယ်ဆိုင်ရာစီမံခန့်ခွဲမှု          သင်တန်းများ၊ ဂျာမန်ဘာသာစကားသင်တန်းများ ဖွင့်လှစ်အကူ အညီပေးနိုင်ရန် အတွက်ပါမောက္ခ(၃)ဦးအား အကူအညီပေးရန်ဆွေးနွေးခြင်း၊ ထိုင်း  နိုင်ငံဖူးကက် မြို့တော်ဝန် Dr. Chockchai Dejamornthan၊ ဂျပန်နိုင်ငံအမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့အစည်းမှ ဥက္ကဌဖြစ်သူ Mr. Ryoichi MATSUYAMA နှင့် အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Mr. KANEYUKI ONO တို့မှ မြန်မာနိုင်ငံခရီးသွားပြခန်း၌ လာရောက်တွေ့ဆုံကြပြီး နှစ်နိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေး ကိစ္စ ရပ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

       မီဒီယာများနှင့် တွေ့ဆုံဆွေးနွေးရာတွင် TTG Asia မှ Editor ဖြစ်သူ Ms. Xinyi Liang-Pholsena နှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာမေးမြန်းမှုများကိုဖြေကြားခဲ့ပြီး၊ ပိုလန်ခရီးသွားပြခန်း၌ ပိုလန်ခရီးသွားလုပ်ငန်း အဖွဲ့မှ ဒုတိယဥက္ကဌဖြစ်သူ Dr. Bartlomiej Walas ၊ ပိုလန်သတင်းမီဒီယာ    အဖွဲ့အစည်းမှ ဥက္ကဌဖြစ်သူ Mr. Marek Traczyk၊ ttg.tv ပိုလန်သတင်းဌာနနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှု အခြေအနေများကို ပိုလန်သတင်းဌာနမှ တိုက်ရိုက်ရိုက်ကူး ထုတ်လွှင့်ခဲ့ပါသည်။

MOHT Ministers News Photo 16-3-2017  06

   

  ပြပွဲကျင်းပစဉ်ကာလအတွင်း မတ်လ (၈) ရက်နေ့၌ မဟာမဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်တွင် အဖွဲ့ဝင်နိုင်ငံ များအကြား လူ့စွမ်းအားအရင်းအမြစ်   ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းကို ညွှန်ကြားရေးမှူး ဦးဇေယျာမျိုးအောင် မှလည်းကောင်း၊ မတ်လ (၉) ရက်နေ့၌ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့မှ ကြီးမှူး          ကျင်းပသော (၃၂) ကြိမ်မြောက် ကလေးသူငယ် ကာကွယ်မှုဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းကွန်ယက် အစည်း အဝေးသို့ ဒုတိယ        ညွှန်ကြားရေးမှူးချုပ်     ဒေါ်ခင်သန်းဝင်း မှတက်ရောက်၍ မြန်မာနိုင်ငံမှကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များ အကြောင်းကိုလည်း ကောင်း အသီးသီးပါဝင်တက် ရောက်ဆွေးနွေးခဲ့ပါသည်။

    ယင်းနေ့တွင် အာဆီယံတည်ထောင်ခြင်း နှစ် (၅၀) ပြည့် အထိမ်းအမှတ်အဖြစ် အာဆီယံခရီးသွားနှစ် ၂၀၁၇ မြှင့်တင်ရေးအခမ်းအနားကို ဖိလစ်ပိုင်နိုင်ငံခရီးသွားလုပ်ငန်းပြခန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံ အဖွဲ့ ဝင်နိုင်ငံများ၊ ဖိတ်ကြားထား သူများ၊ သတင်းမီဒီယာများ နှင့် မြန်မာနိုင်ငံမှ ချင်းပြည် နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် ဟိုတယ်ခရီးဝန်ကြီး ဆလိုင်း အိုက်ဇက်ခင် နှင့် ညွှန်ကြား ရေးမှူး ဒေါ်ခိုင်မီမီထွန်းတို့  တက်ရောက်ခဲ့ပါသည်။

    ပြည်ထောင်စုဝန်ကြီးအနေဖြင့် ပြပွဲသို့တက်ရောက်လာကြသော နိုင်ငံတကာမှခရီးသွားဝန်ကြီးများ၊ သတင်းမီဒီယာများ၊ လွှတ်တော်အမတ်        တို့နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ဆွေးနွေးခြင်း၊ သတင်းဂျာနယ်နှင့် ဝက်ဆိုက်များတွင် တိုက်ရိုက်   ထုတ်လွှင့် တင်ပြ ခြင်းများ၊ ခရီးသွားလုပ်ငန်းရှင်များအနေဖြင့်လည်း နိုင်ငံတကာမှ ခရီးသွားလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံသို့ လာရောက်      လည်ပတ်နိုင်ရန်အတွက် ခရီးစဉ်ဈေးနှုံးများရောင်းချနိုင်ရန် ညှိနှိုင်းဆွေးနွေး နိုင်ခဲ့ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိပါသည်။

 

       မြန်မာကိုယ်စားလှယ်အဖွဲ့သည် မတ်လ (၁၅) ရက်နေ့၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ ကြောင်း သတင်းရရှိသည်။

 e visa

“Notice for applying e-Visa to Myanmar through Official Website:”

         The Ministry of Labour, Immigration and Manpower has already launched Online Visa System for tourists and business for foreigners to Myanmar in order to facilitate to obtain visa with effect from 14.9.2014 and now e-Visa can be applied through Government Official Website: https://evisa.moip.gov.mm .

         For further information, please contact Call Centre 067-431125 and inquire.

 

တရားဝင် e-Visa Website ဖြစ်သည့်  https://evisa.moip.gov.mm တွင် Visa လျှောက်ထားနိုင်ကြောင်း အသိပေးခြင်း

နေပြည်တော်၊ မတ်လ (၁၆)ရက်

မြန်မာနိုင်ငံသို့လာရောက်သည့် နိုင်ငံခြားသားများ Visa လျှောက်ထားရာတွင် လွယ်ကူ အဆင်ပြေစေရေးအတွက် Online Visa စနစ်အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၁၄ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှစတင်ဆောင်ရွက် ခဲ့ပြီး ကမ္ဘာလှည့်ဗီဇာနှင့် လုပ်ငန်း ဗီဇာတို့ကိုတရားဝင် e-Visa Website ဖြစ်သည့်  https://evisa.moip.gov.mm/ တွင် လျှောက်ထားနိုင်ပါသည်။

အဆိုပါ Online Visa လုပ်ငန်းနှင့် စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက Call Centre ဖုန်းနံပါတ် ၀၆၇- ၄၃၁၁၂၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန    

Main Menu

Useful Myanmar Phrases

Auspicious to you all
Mingalar Bad


How are you?
nei kaun: ye. la:


Good morning
mingala nan ne khin: ba


Good evening
kaun: tho: nya. nei khin: ba


Good night/Good Bye
thwa: bi


Thank you
kyei: zu: tin ba de


Thank you very much
kyei: zu: amya: gyi: tin ba de


I cannot speak Myanmar
Myanmar lo matat' bu:


Do you understand?
khamya: na: le tha la:


May I take a photograph?
da' poun yai' lo. ya. mala:


May I use the telephone?
te li hpon: thoun: lo. ya. ma. la:


Where is the restroom?
ein tha be ma shi. tha le:


How much?
be lau' le:


What's that?
e: da ba le:


Very expensive
zei: mya: de


See you again
noun gya. thei: da paw.


Please to meet you.
twei. ya. da wan: tha ba de


Good luck
kan kaun: ba zei


Sorry
sel' mashi ba ne.


Excuse me
thi: khan ba


It's all right.
ya ba de


Yes (Male)
hou' ke khin bya.


Yes (Female)
hou' ke shin.


No
hin. in:


Really?
da ge la:


It's impossible.
ma hpyi' nain bu:


Possibly
hpyi' nain ba de


I beg your pardon (Male)
khin mya (?)


I beg your pardon (Male)
Shin (?)


Can I help you?
ku nyi ba ya. zei


Help!
kegya. ba oun:


Beautifull
hla. lai' ta


I want...
...gyin de


Directions

I want to go...
... go thwa: gyin ba de


Where is...?
...be na: ma le:


Turn left
be be cho:


Turn right
nya be cho:


Straight ahead
te, de. thwa: ba


Stop here
dima ya' ba


Slow down
hpyei: byei:


Be careful
tha di: hta: ba


Be careful, don't drive too fast
tha di: hta: ba: phyie: byei: maun:


Turn back
pyan hie:


Turn back
pyan hie:


How much do I owe you?
be lau' kya. tha le:


Keep the change
maan: ne. daw


Places

Airport
lei zei


Bus Station
ba saka: hma' tain


Railway Station
buda youn


Hotel
hou te


Embassy
than youn:


Hospital
hsei: youn


Clinic
hsei: gan:


Police Station
ye: sa khan:


Post Office
sa dai


Market
zei:


River Boat jetty
thin: baw: zei'


Guest house
e. yei' tha


Restaurant
sa: thau' hsain


Travel Related Links

Association of Southeast Asia NationsASEAN
Association of Southeast Asia Nations
www.aseansec.org


Association of Southeast Asia NationsASEAN
Association of Sou<<4R543W90-=98theast Asia Nations
www.aseansec.org

Pacific Asia Travel AssociationPacific Asia Travel Association
http://www.pata.org/

Myanmar Hotelier Association
Myanmar Hotelier Association

http://www.myanmarhotelier.org



  MTFMyanmar Tourism Federation
  http://www.myanmar.travel/

Search Our Site

Contact Us

Address Information

Building No. (33), Nay Pyi Taw, Union of Myanmar.
Union of Myanmar.

Information

Tel: 95 67 406129, 406130,
406460, 406244
www.myanmartourism.org

Contact Us

mo.moht@mptmail.net.mm
mohtmail@gmail.com
director.information.moht@gmail.com

Connect With Us

 

mobile app

Please download here

Room Booking

Thanks for staying with us! Please fill out the form below and our staff will be in contact with your shortly. The see all of our room options please visit the link below.
See All Rooms