Latest News
ubein

https://www.youtube.com/watch?v=D9N0Y6Qu-bI

နေပြည်တော်၊ ဧပြီလ (၂၄)ရက်

          ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စု ၀န်ကြီးဦးအုန်းမောင်နှင့် ဌာနမှတာဝန်ရှိသူများ ပြည်နယ်၊ တိုင်းဒေသကြီးများ၏ တာဝန်ခံများ တက်ရောက် ခဲ့ကြပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်းလုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွက် လျာထားဆောင်ရွက်မည့်အခြေအနေများနှင့် ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် ဟိုတယ် လုပ်ငန်းနှင့် ခရီးသွား လုပ်ငန်းများစနစ်တကျဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပါသည်။

24-4-2017 2

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်သည့် နေရာတွင် အခြားဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့များ၊ ပုဂ္ဂလိကအဖွဲ့အစည်း များနှင့်လည်း မလွဲမသွေ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမို ထိရောက်ရန်နှင့် စုစုစည်းစည်းဆောင်ရွက်နိုင်ရေး အတွက်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ကို နိုင်ငံတော်အစိုးရမှ ဖွဲ့စည်းခဲ့ပြီး ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ဦးဆောင်၍ ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများက ၀န်ကြီးချုပ်များနှင့် ပါဝင်ဖွဲ့စည်းထားကြောင်း၊ တက်ရောက်လာကြသော ဌာနအသီးသီးမှတာဝန်ခံများ အနေဖြင့် ယခင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်မှာ ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စများအားတင်ပြသည့် နေရာတွင်အမှန် တကယ် အကျိုးရှိပြီး ထိရောက်မည့်လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြရန်လိုအပ်ပါကြောင်း၊ ၀န်ကြီးဌာနတွင် အရာထမ်းများကို ပြည်ပသို့စေလွှတ်ပြီး မဟာဘွဲ့ရရှိအောင် စီစဉ်ဆောင်ရွက်ပေးခဲ့မှုကြောင့် ယနေ့အချိန်အထိ  မဟာဘွဲ့ရရှိခဲ့သူ အရာထမ်း (၁၆) ဦး ရှိပြီးဖြစ်ကြောင်း၊ အဆိုပါ အရာထမ်းများအနေဖြင့် မိမိတို့သင်ယူခဲ့ကြ သည့် ဘာသာရပ်ဆိုင်ရာ အတွေ့အကြုံဗဟုသုတများကို လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချရန် လိုအပ်ပါ ကြောင်း၊ ၀န်ကြီးဌာန၏ အဓိကတာဝန်ဖြစ်သည့် ခရီးသွားလုပ်ငန်းစနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် သည့်နေရာတွင် တစ်တပ်တစ်အားပါဝင်ကြရန် တာဝန်ရှိကြောင်း၊ ဌာနအသီးသီးကို တာဝန်ယူဆောင်ရွက် နေရသူများ အထူးသဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးခွဲများ၌ တာဝန်ယူ ဆောင်ရွက်နေသူများအနေဖြင့် ပုံမှန်နေ့စဉ်လုပ်ငန်းတွေအပေါ်တွင် မျှောမနေကြဘဲ အတွေးအခေါ်သစ်များ၊ ဖန်တီးမှုအသစ်များကို အသုံးချပြီး မိမိတို့လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းဖြင့် အဖွင့်အမှာစကားပြော ကြားပါသည်။

 

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ ကိုဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကောင်းထွဋ်မှ ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ ကချင်ပြည်နယ် တာဝန်ခံ၊ ချင်းပြည်နယ်တာဝန်ခံ၊ ကယားပြည်နယ်တာဝန်ခံ၊ ရှမ်းပြည်နယ် တာဝန်ခံ၊ မန္တလေးတိုင်း ဒေသကြီး တာဝန်ခံ၊ စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ၊ မကွေးတိုင်း ဒေသကြီးတာဝန်ခံ နှင့် အထက်မြန်မာပြည် တာဝန်ခံ-၂-

ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်တို့က အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပြီး နံနက်ပိုင်းအစီ အစဉ်များကို ခေတ္တရပ်နားခဲ့ကြပါသည်။

 

ထိုနောက် နေ့လည်ပိုင်းအစီအစဉ်များကို မွန်းလွဲ (၁း၀၀)နာရီအချိန်တွင် ပြန်လည်ကျင်းပရာ ပဲခူးတိုင်း ဒေသကြီးတာဝန်ခံ၊ ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ၊ ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ၊ ရခိုင်ပြည်နယ် တာဝန်ခံ၊ ကရင်ပြည်နယ်တာဝန်ခံ၊ မွန်ပြည်နယ်တာဝန်ခံနှင့် တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံတို့က ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် ဟိုတယ်လုပ်ငန်းနှင့်ခရီးသွားလုပ်ငန်း ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဆောင်ရွက်မှု အခြေအနေများအားအသီးသီးရှင်းလင်းတင်ပြခဲ့ကြပါသည်။

DG

 

ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရှိရ ပါသည်။

https://www.youtube.com/watch?v=ji3yoC6PEQA

18.4.171

နေပြည်တော်၊ဧပြီလ(၁၈)ရက်
    ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံဆာကူ ရာ ဖောင်ဒေးရှင်းဥက္ကဌ H.E. Mr. Tadamori OSHIMA ၏ဖိတ်ကြားချက်အရ  ၂၀၁၇ခုနှစ် ဧပြီလ(၈)ရက်နေ့မှ(၁၆)ရက်နေ့ အထိ ဂျပန်နိုင်ငံသို့ သွားရောက် ခဲ့ပါသည်။
     ပြည်ထောင်စုဝန်ကြီးသည် ဧပြီလ (၁၀)ရက်နေ့ နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ ပါလီမန်အဆောက် အဦ၌ ဂျပန်ဆာကူရာဖောင်ဒေးရှင်း၏ ဖောင်ဒေး ရှင်းဥက္ကဌဖြစ်သူ H.E. Mr. Tadamori OSHIMA နှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၁၇ခုနှစ် ဇန်နဝါရီလ(၂၉)ရက်နေ့က မြန်မာ နိုင်ငံ နေပြည် တော်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရန်နှင့် မြန်မာနိုင်ငံသို့ ဂျပန်ခရီးသွားဧည့်သည်များ ပိုမို လာရောက် လည်ပတ်စေရန်ရည်ရွယ်သော ချယ်ရီပင်စိုက်ပျိုး ပွဲတော် အောင်မြင်စွာကျင်းပ နိုင်ခဲ့ခြင်း၊ ၂၀၁၈ခုနှစ် ဇန်နဝါရီလ (၁၄)ရက်နေ့တွင် ဒုတိယအကြိမ်ကျင်းပမည်ဖြစ်ခြင်း၊ မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းရေရှည် ဖွံ့ဖြိုးတိုးတတ်စေရေး အတွက် နည်းပညာအကူအညီပေးရန်၊ ရင်းနှီးမြုပ်နှံသူများ ဖိတ်ခေါ်ပေးရန်နှင့် ဂျပန်နိုင်ငံနှင့်မြန်မာနိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်းများ တိုးချဲ့ပျံ သန်းရေး အကူအညီပေးရန်တို့ကို ပြောကြားပါသည်။

18.4.172

18.4.173



 

unicode versions

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံဆာကူရာ ဖောင်ဒေးရှင်း ဥက္ကဌ H.E. Mr. Tadamori OSHIMA ၏ဖိတ်ကြားချက်အရ ၂၀၁ရခုနှစ် ဧပြီလ(၈)ရက်နေ့မှ(၁၆)ရက်နေ့ အထိ ဂျပန်နိုင်ငံသို့သွားရောက် ခဲ့ပါသည်။

           ပြည်ထောင်စုဝန်ကြီးသည် ဧပြီလ (၁၀)ရက်နေ့ နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ ပါလီမန်အဆောက် အဦ၌ ဂျပန်ဆာကူရာဖောင်ဒေးရှင်း၏ ဖောင်ဒေးရှင်း ဥက္ကဌဖြစ်သူ H.E. Mr. Tadamori OSHIMA နှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၁ရခုနှစ် ဇန်နဝါရီလ(၂၉)ရက်နေ့က မြန်မာနိုင်ငံ နေပြည် တော်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရန်နှင့် မြန်မာနိုင်ငံသို့ ဂျပန်ခရီးသွားဧည့်သည်များ ပိုမို လာရောက် လည်ပတ်စေရန်ရည်ရွယ်သော ချယ်ရီပင်စိုက်ပျိုးပွဲတော် အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်း၊ ၂၀၁၈ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ဒုတိယအကြိမ်ကျင်းပမည်ဖြစ်ခြင်း၊ မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းရေရှည် ဖွံ့ဖြိုးတိုးတတ်စေရေးအတွက် နည်းပညာအကူအညီပေးရန်၊ ရင်းနှီးမြုပ်နှံသူများ ဖိတ်ခေါ်ပေးရန်နှင့် ဂျပန်နိုင်ငံနှင့်မြန်မာနိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်းများတိုးချဲ့ပျံသန်းရေး အကူအညီပေးရန်တို့ကို ပြောကြားပါသည်။

           H.E.Mr. Tadamori OSHIMA က လာမည့် ချယ်ရီးပန်းပွဲတော်သို့ တက်ရောက်ရန်ကြိုးစားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွား လာရေးကဏ္ဍတွင်ထိရောက်သော အကူအညီများပေးရန် ဂျပန်နိုင်ငံခရီးသွားဝန်ကြီးအား ပြောကြားပြီးဖြစ်ကြောင်း ရင်းနှီးမြုပ်နှံသူများ လာရောက်ရေးအတွက် အားပေး ကူညီမည်ဖြစ်ကြောင်း ပြောကြားပါသည်။

           ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ဂျပန်နိုင်ငံမြေယာ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့်ခရီးသွားလာရေးဝန်ကြီး H.E. Mr. Keiichi ISHII ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ဆက်လက်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက် မှုဖြင့် မြန်မာနိုင်ငံ၌ ကျင်းပခဲ့သောချယ်ရီပင်စိုက်ပျိုးရေးပွဲတော်သည် မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းပိုမိုမြှင့်တင်နိုင်မည်ဟု ယုံကြည်ပါကြောင်း မြန်မာနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံနှင့် အာဆီယံ+၃ မူဘောင်အောက်မှလည်းကောင်း၊ နှစ်နိုင်ငံခြင်းအရလည်းကောင်း ခရီးသွားလုပ်ငန်းကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးလိုပါကြောင်း၊ ယင်းစာချွန်လွှာတွင် ဂျပန်နိုင်ငံ အနေနှင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းစီမံချက်ကိုရေးဆွဲ အကူအညီပေးရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတတ်ရေး၊ ခရီးသွားလုပ် ငန်းဆိုင်ရာ အခြေခံ အဆောက်အအုံများဖွံ့ဖြိုးတိုးတတ်ရေးတွင် အကူအညီပေးရေးတို့ကို ထည့်သွင်းရေးထိုးလိုပါကြောင်း၊ ၎င်းအပြင် မြန်မာနိုင်ငံ၌ ရေပူစမ်းအပန်း ဖြေစခန်းများ ဖွံ့ဖြိုးတိုးတတ်ရေးနှင့် ဂျပန်နိုင်ငံမှတိုက်ရိုက်လေကြောင်းလိုင်းကို မန္တလေး မြို့သို့ပြေးဆွဲပေးရေး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍဆိုင်ရာ ရင်းနှီးမြုပ်နှံ မှုဆွေးနွေးပွဲကို ဂျပန်နိုင်ငံ တွင် ကျင်းပနိုင်ရန်အတွက် ကူညီပံ့ပိုးပေးရေး၊ ဂျပန်နိုင်ငံရှိခရီးသွား လုပ်ငန်းဆောင်ရွက်သူများ၊ သတင်း မီဒီယာများအတွက် မြန်မာနိုင်ငံသို့ လေ့လာရေးခရီးစဉ်များ စီစဉ် ဆောင်ရွက်ပေးရေးနှင့် မြန်မာနိုင်ငံ၏ အဓိကခရီးစဉ်ဒေသများအတွက် အမှိုက်မီးရှို့စက်များ အကူအညီပေးရေးတို့ကို ပြောကြားပါသည်။

           H.E.Mr. Keiichi ISHII က ဂျပန်နိုင်ငံသားများ မြန်မာနိုင်ငံသို့ နှစ်စဉ်တိုးတက်သွားရောက် လည်ပတ်နေသည်ကိုတွေ့ရကြောင်း၊ မြန်မာနိုင်ငံ၏ သမိုင်းဝင်ဘာသာရေးနှင့်ယဉ်ကျေးမှု အမွေ အနှစ်များ၊ လှပသောပင်လယ်ကမ်းခြေများကို ဂျပန်ခရီးသည်များ နှစ်သက်ကြကြောင်း၊ ယခင်က တစ်ပတ်လျင် သုံးရက်သာပြေးဆွဲသော ANA လေကြောင်းလိုင်းသည် ၂၀၁၂ ခုနှစ်မှစပြီး နေ့စဉ် ပျံသန်းကြောင်း၊ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ ရေးထိုးရေးအတွက် မိမိဝန်ကြီးဌာနအောက်ရှိ Japan Tourism Agency မှ ဆက်လက် ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။

           ပြည်ထောင်စုဝန်ကြီးသည် နံနက် (၁၀) နာရီအချိန်တွင်၊ ဝန်ကြီးချုပ်ရုံး၌ ဂျပန်ဆာကူရာ ဖောင်ဒေးရှင်း၏ နာယကဖြစ်သူ ဂျပန်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Shinzo Abe ကိုသွားရောက် ဂါရဝပြု တွေ့ဆုံ၍ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတတ်မှု အစီအစဉ်များအတွက် ကူညီပံ့ပိုးပေးနေမှုများအား များစွာ ကျေးဇူး တင်ရှိပါကြောင်း ၂၀၁၈ ခုနှစ်ဇန်နဝါရီလ (၁၄)ရက်နေ့တွင် နေပြည်တော် ၌ ထပ်မံကျင်းပမည့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၏ အခြေခံဖြစ်သော ချယ်ရီပန်းစိုက်ပျိုးပွဲတော်သို့ တက်ရောက် ပေးရန် ဖိတ်ကြားပါကြောင်းနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတတ်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက် ပေးရန် မေတ္တာရပ်ခံပါကြောင်း တင်ပြပါသည်။ ဝန်ကြီးချုပ်က မြန်မာနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လာမည့် နိုဝင်ဘာလတွင် ဂျပန်-မြန်မာ ပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်း၊ ချယ်ရီပန်းစိုက်ပျိုးပွဲတော်ကို ဖိတ်ကြား၍ ကျေးဇူးတင်ကြောင်းနှင့် လုပ်ငန်းတာဝန်များ အားလပ်မှုအပေါ်မူတည်၍ တက်ရောက် နိုင်ရေး စဉ်းစားသွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

           ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ပါလီမန်အဆောက်အဦ၌ ဂျပန်နိုင်ငံညွှန့်ပေါင်း အစိုးရ အဖွဲ့ဝင်၊ H.E. Mr.Natsuo YAMAGUCHI နှင့်တွေ့ဆုံ၍ မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးရေးပံ့ပိုးဆောင်ရွက်ပေးပါရန်တင်ပြရာ H.E.Mr. Natsuo YAMAGUCHI က ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ တိုက်တွန်းပေးသွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   ပြည်ထောင်စုဝန်ကြီးနှင့်ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် Japan Myanmar Parliamentary Friendship Association ဥက္ကဌ၊ Mr Ichiro Aisawa နှင့်တွေ့ဆုံရာ တွင် ဥက္ကဌက မြန်မာနိုင်ငံချယ်ရီပန်းပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးခဲ့သည် ကို ကျေးဇူးတင်ရှိ ပါကြောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးရန် အသင့်ရှိပါကြောင်း ပြောကြားပါသည်။ ပြည်ထောင်စု ဝန်ကြီးက ချယ်ရီပန်းစိုက်ပျိုး ရေးမှ တစ်ဆင့် ပိုမိုလေးနက်သော ကူညီမှုများပေးရန် ဆန္ဒရှိသည်ကို မိမိယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံ ၏ သမိုင်းဝင်ဒေသတစ် ခုဖြစ်သော မြောက်ဦးရှိ ရှေးဟောင်းစေတီပုထိုးများ ထိမ်းသိမ်းရေးအတွက် ချစ်ကြည်ရေးအသင်းမှ ဦးဆောင်ပံ့ပိုးပေးပါရန် ပြောကြားပါသည်

ပြည်ထောင်စုဝန်ကြီးသည် ဧပြီလ (၁၂)ရက်နေ့ (၁၁)နာရီအချိန်တွင် ဂျပန်နိုင်ငံ National Constitution Memorial Hall ၌ ကျင်းပပြုလုပ်သော Japan Sakura Foundation 2017 Annual Ceremony သို့ တက်ရောက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာကို ဖတ်ကြားပါသည်။

  ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် အာဆီယံ-ဂျပန် ဗဟိုဌာနသို့သွားရောက်ရာ အာဆီယံ-ဂျပန် ဗဟိုဌာန အထွေထွေအတွင်းရေးမှူးချုပ် Mr.Masataka Fujita က ဗဟိုဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လာမည့် ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ကျင်းပပြုလုပ်မည့် ဂျပန်နိုင်ငံခရီးသွားပြပွဲ၌ မြန်မာနိုင်ငံအကြောင်း ဓာတ်ပုံပြပွဲ ခင်းကျင်းပြသရေးနှင့် ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြုပ်နှံ မှု ဆွေးနွေးပွဲ တစ်ရပ်ကျင်းပရေး ပံ့ပိုးကူညီပေးရန် မြန်မာနိုင်ငံသို့လာရောက်လေ့လာရန် ပြောကြားခဲ့ပါသည်။

           ပြည်ထောင်စုဝန်ကြီးသည် ဧပြီလ (၁၃)ရက်နေ့တွင် Tochigi ခရိုင်သို့သွားရောက်ရာ နံနက်ပိုင်း၌ ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် ခရိုင်အုပ်ချုပ်ရေးမှူး Mr. TOMIKAZU FUKUDA က Tochigi ခရိုင်အတွင်းရှိ ခရီးသွားဆွဲဆောင်မှုများကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Nikko မြို့ ဂျပန်ရိုးရာ Roykan တည်းခိုရိပ်သာရှိ ရေပူစမ်း အပန်းဖြေခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လေ့လာ ကြည့်ရှုခဲ့ကြောင်းသတင်းရရှိပါသည်။

Main Menu

Useful Myanmar Phrases

Auspicious to you all
Mingalar Bad


How are you?
nei kaun: ye. la:


Good morning
mingala nan ne khin: ba


Good evening
kaun: tho: nya. nei khin: ba


Good night/Good Bye
thwa: bi


Thank you
kyei: zu: tin ba de


Thank you very much
kyei: zu: amya: gyi: tin ba de


I cannot speak Myanmar
Myanmar lo matat' bu:


Do you understand?
khamya: na: le tha la:


May I take a photograph?
da' poun yai' lo. ya. mala:


May I use the telephone?
te li hpon: thoun: lo. ya. ma. la:


Where is the restroom?
ein tha be ma shi. tha le:


How much?
be lau' le:


What's that?
e: da ba le:


Very expensive
zei: mya: de


See you again
noun gya. thei: da paw.


Please to meet you.
twei. ya. da wan: tha ba de


Good luck
kan kaun: ba zei


Sorry
sel' mashi ba ne.


Excuse me
thi: khan ba


It's all right.
ya ba de


Yes (Male)
hou' ke khin bya.


Yes (Female)
hou' ke shin.


No
hin. in:


Really?
da ge la:


It's impossible.
ma hpyi' nain bu:


Possibly
hpyi' nain ba de


I beg your pardon (Male)
khin mya (?)


I beg your pardon (Male)
Shin (?)


Can I help you?
ku nyi ba ya. zei


Help!
kegya. ba oun:


Beautifull
hla. lai' ta


I want...
...gyin de


Directions

I want to go...
... go thwa: gyin ba de


Where is...?
...be na: ma le:


Turn left
be be cho:


Turn right
nya be cho:


Straight ahead
te, de. thwa: ba


Stop here
dima ya' ba


Slow down
hpyei: byei:


Be careful
tha di: hta: ba


Be careful, don't drive too fast
tha di: hta: ba: phyie: byei: maun:


Turn back
pyan hie:


Turn back
pyan hie:


How much do I owe you?
be lau' kya. tha le:


Keep the change
maan: ne. daw


Places

Airport
lei zei


Bus Station
ba saka: hma' tain


Railway Station
buda youn


Hotel
hou te


Embassy
than youn:


Hospital
hsei: youn


Clinic
hsei: gan:


Police Station
ye: sa khan:


Post Office
sa dai


Market
zei:


River Boat jetty
thin: baw: zei'


Guest house
e. yei' tha


Restaurant
sa: thau' hsain


Travel Related Links

Association of Southeast Asia NationsASEAN
Association of Southeast Asia Nations
www.aseansec.org


Association of Southeast Asia NationsASEAN
Association of Sou<<4R543W90-=98theast Asia Nations
www.aseansec.org

Pacific Asia Travel AssociationPacific Asia Travel Association
http://www.pata.org/

Myanmar Hotelier Association
Myanmar Hotelier Association

http://www.myanmarhotelier.org



  MTFMyanmar Tourism Federation
  http://www.myanmar.travel/

Search Our Site

Contact Us

Address Information

Building No. (33), Nay Pyi Taw, Union of Myanmar.
Union of Myanmar.

Information

Tel: 95 67 406129, 406130,
406460, 406244
www.myanmartourism.org

Contact Us

mo.moht@mptmail.net.mm
mohtmail@gmail.com
director.information.moht@gmail.com

Connect With Us

 

mobile app

Please download here

Room Booking

Thanks for staying with us! Please fill out the form below and our staff will be in contact with your shortly. The see all of our room options please visit the link below.
See All Rooms