Latest News
ubein
ဌေးအောင်-ခရီးသွား
    ခရစ်စမတ်နှင့် နှစ်သစ်ကာလအကြား ပြည်တွင်းခရီးတစ်ခုခုသွားရန် စိတ်ကူးခဲ့သော်လည်း တိုက်ဆိုင်မှုများ ရှိနေ၍ မသွားဖြစ်ခဲ့။ လွန်ခဲ့သည့် အပတ်က ကိုမိုးမင်းနှင့် ဦးမောင်တို့အဖွဲ့ ငပလီ၊ ကျောက်ဖြူ၊ မြောက်ဦး၊ စစ်တွေဘက်သို့ မော်တော်ယာဉ်ဖြင့် ခရီးရှည်သွားကြမည်။ လမ်းတစ်လျှောက် ဓါတ်ပုံရိုက်ကြမည်ဆိုရာ စိတ်ဝင်စားမိသည်။ အပြန်တွင် ပြည်ကို ၀င်ဦးမည်ဟုဆိုပြန်သည်။ သို့ရာတွင် ခရီးစဉ်တွက်ကြည့်တော့ ရှစ်ညအိပ် ကိုး ရက်လောက်ဖြစ်သဖြင့် အပြည့်မလိုက်တော့ဘဲ ကြားကဖြတ် လိုက်ရန် ဆုံးဖြတ်မိသည်။ ထို့အတွက် ရန်ကုန်မှ စစ်တွေသို့ လေယာဉ်ဖြင့် သွားခဲ့သည်။
    ရန်ကုန်- စစ်တွေကားလမ်းသည် မိုင် (၆၀၀) နီးပါး ရှည်သော်လည်း လေထဲကသွားလိုက်တော့ တစ်နာရီခန့်သာကြာ၏။ ရန်ကုန်လေဆိပ် သို့ ရောက်မှ ပြည်တွင်းဆိုက်ရောက် ထွက်ခွာနေရာကို အဆောက်အအုံသစ်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။ ပြည်တွင်းခန်းမသည် နိုင်ငံတ ကာလေ ဆိပ်ခန်းမအတိုင်း ဖြစ်သွားသဖြင့် အစစ အဆင့်အတန်း မြင့်သွားသည်။ ကျယ်ကျယ်ဝန်းဝန်း၊ သပ်သပ်ရပ်ရပ်၊ ခံ့ခံ့ညားညား ဆိုတော့ နိုင်ငံခြား သားတွေအမြင်လည်း ကောင်းသွားသည်။ ဤအဆင့် လေး လျော့မသွားရလေအောင် ၀ိုင်းဝန်းထိန်းသိမ်းနိုင်ဖို့ပဲ လိုအပ်သည်။ စစ်တွေလေ ဆိပ်ရောက်တော့ လည်း ပြုပြင်မွမ်းမံလျက်ရှိသဖြင့် အားတက်စရာပင်။ စစ်တွေတွင် ကြိုရောက်နေသော ကိုဥက္ကာနှင့် တွေ့ဆုံပြီး မြို့ထဲတွင် နေ့လည်စာ စားကြသည်။ ထို့နောက် မူလအစီအစဉ်အတိုင်း မြို့တစ်ပတ် ကား ဖြင့်ကြည့်ရှုပြီး မြောက်ဦးသို့ ခရီးဆက်နှင်ကြသည်။ အချိန်က နေ့ လည် နှစ်နာရီ ခွဲနေပြီ။
    စစ်တွေ- မြောက်ဦးကားလမ်းသည် ဟိုတုန်းကနှင့် မတူ၊ လုံးဝပြောင်းလဲသွားသည်ကို သတိပြု လိုက်မိသည်။ ကတ္တရာပဲဖြစ်ဖြစ်၊ ကွန်ကရစ်ပဲဆိုဆို သွားလာရ အဆင်ပြေလျှင် ခရီးသည်တွေ စိတ် ပျော်ရွှင် ကြည်နူးရမှာ ဖြစ်သည်။ တစ်ချိန်က စစ်တွေ- မြောက်ဦးသည် ကားနှင့်သွားလျှင် ငါးနာရီ၊ သာ မန် မော်တော်ယာဉ်ဖြင့် သွားလျှင် ငါးနာရီ၊ သို့ရာတွင် ကားလမ်းကဆိုးသဖြင့် ပိုပင်ပန်းသည်။ ယခု တော့ မိုင်တစ်ရာခန့်ခရီးကို သုံးနာရီအ တွင်း ရောက်နိုင်ပြီ။ စစ်တွေက အထွက် ကွန်းတောင်ရွာတွင် ကားခဏရပ်ပြီး နာမည်ကြီးဒေသ ကြက်ကြော် စားဖြစ်ကြသည်။ ဤဆိုင်ရောက်တော့ ပုဂံ- ကျောက် ပန်းတောင်းလမ်းက လက်ပံပျားကြက်ကြော်ကို ပြေးသတိရမိသည်။ နေပြည်တော်တွင် ရှိစဉ်က ပုဂံကို မကြာခဏ ရောက်လေ့ရှိရာ လက်ပံပျား ကြက်ကြော်ကို အမြဲလို စားဖြစ်သည်။ ပြန်လျှင်လည်း အိမ် အတွက် ၀ယ်ဖြစ်သည်။ ဤကြက်ကြော် နာမည်ကြီးသဖြင့် ခိုင်ခိုင်ကျော်ပိုင်ရှင် ကိုမိုက်ကယ်က အသေး စိတ်လေ့လာပြီး သူ့ဆိုင်များတွင် တင်ရောင်းခဲ့ရာ အောင်မြင်နေလောက်ပြီ။
    ယခု ကွန်းတောင်ရွာက ကြက်ကြော်မှာလည်း ရခိုင်ကြက်ပီပီ အသားကျစ်သော်လည်း စား ကောင်းသည်။ အရသာလည်းရှိသည်။ ခရီးကြုံလျှင် ၀င်မြည်းစမ်းကြည့်စေချင်သည်။
    စစ်တွေက ထွက်လာပြီးနောက် ပုဏ္ဏကျွန်းသို့ ရောက်သည်။ ဤမြို့သည် ဆိပ်ကမ်းနှင့်ကပ် လျက်ရှိရာ ယခင် သင်္ဘောနှင့်လာသည့်အခါ ဆိပ်ကမ်း တစ်ဝိုက် လှည့်ပတ်ကြည့်ရှုဖြစ်သည်။ မြို့မှာ ကားလမ်းမ၏ ၀ဲ/ ယာ အတိုင်းတည်ထားသဖြင့် ကားပေါ်ကပင် မြို့၏ စည်ပင်မှုကို လေ့လာနိုင်သည်။ ဟိုယခင်ကထက် ရောင်းဝယ်ဖောက်ကားမှု စည်ပင်လာသည်။ ကားများနှင့် ဆိုင်ကယ်များ အထူးပေါ များလာသည်။ စစ်တွေ- မြောက်ဦးကားလမ်းသည် ကစ္ဆပနဒီနှင့် ယှဉ်၍ ဖောက်လုပ်ထားသဖြင့် မြစ်ပြင် ကျယ်၏ ပသာဒကို ကောင်းစွာခံစားနိုင်သည်။ ၀ဲဘက်တွင် ရိုးပြတ်ခင်းနှင့် မလှမ်းမကမ်း တွင် တောင်ညိုတောင်တန်းများကို တွေ့မြင်ရသည်။
    ကျွန်တော်တို့ ကားသည် အရှိန်လေးတင်၍ မောင်းလာရာ တစ်နာရီခွဲခန့် အကြာတွင် ခရီးတစ် ၀က်ဖြစ်သည့် ကန်ဆောက်တောင် ကို ရောက်လာသည်။ ဤနေရာမှ ပတ်ဝန်းကျင် မြင်ကွင်းကျယ်ကို ရှု မြင်ခံစားမိသည်။ မျက်စိတစ်ဆုံး ကျယ်ပြောလှသော လယ်ကွင်းပြင်များ၏ ဟိုမှာဘက်တွက် ကွေ့ဝိုက် စီးဆင်းနေသော ကစ္ဆပနဒီကို လှမ်းမြင်ရသည်။ ကန်ဆောက်တောင်ပေါ်တွင် ယခင်က ဆောက်လုပ် ရေး အလုပ်စခန်းနှင့် လမ်းလုပ်သားများကို တွေ့ခဲ့ဖူးသည်။ ယနေ့အခါတွင် တည်ဆောက်ရေးလုပ်ငန်း ပြီးစီးသွားသည့်အတွက် အခြားအပိုင်းများသို့ ပြောင်းရွှေ့သွား သဖြင့် တောင်ပေါ်တွင် လမ်းလုပ်သား နှင့် စက်ယန္တရားတို့ မရှိတော့ချေ။ တောင်ထိပ်က ဆင်းလာခဲ့ပြီးနောက် နာရီဝက်ခန့်အကြာတွင် ကစ္ဆပ နဒီ မြစ်ကူးတံတားထိပ်ကို ရောက်လာသည်။ မြစ်ပြင်ကျယ်သည်နှင့်အမျှ တံတားအရွယ်အစားမှာလည်း ကြီးမားထည်ဝါသည်။ တံတားပေါ်တွင် အခြားကိုယ်ပိုင်ယာဉ်တစ်စီးမှ အဖွဲ့တစ်ဖွဲ့ အမှတ်တရ ဓါတ်ပုံ ရိုက်နေကြသည်။ မကြာမီ သူတို့၏ စာအုပ်မျက်နှာကတစ်ဆင့် လက်လှမ်းမီ သလောက် ပြည်တွင်း၊ ပြည်ပရှိ မိတ်ဆွေများထံ သတင်းဖလှယ်ကြမှာ သေချာသည်။ ခေတ်မီသတင်းပညာ ပေါ်ထွန်းလာ သည့်  အချိန်တွင် ဤနည်းမှာ ထိရောက်သော ဈေးကွက်မြှင့်တင်ရေး ကိရိယာတစ်ခုပင် မဟုတ်ပါ လော။
    တံတားအောက်တွင် ညင်သာစွာ စီးဆင်းနေသော ကစ္ဆပသည် အိန္ဒိယတွင် မွေးဖွားသန့်စင်ပြီး ချင်းပြည်နယ်၊ ပလက်ဝကတစ် ဆင့် တောင်ဘက်ပိုင်းတွင် ကြီးပြင်းလာခဲ့သည်။ ထို့အတွက် ကျောက် တော်အထက်ပိုင်း ရောက်လေ မြစ်ပြင်မှာ တဖြည်းဖြည်း ကျဉ်းလာလေဖြစ် သည်။ ကျောက်တော်မှ ပလက်ဝသို့ ကားလမ်းပေါက်သော်လည်း လမ်းကြမ်းသဖြင့် လေးငါးနာရီခန့်ကြသည်။ ပို့ဆောင်ရေး လမ်းကြောင်း ကောင်း လာလျှင် ချင်းနှင့် ရခိုင် ဥဒဟို ကူးလူးနိုင်ပြီ။ တံတား၏ တစ်ဖက်ထိပ် ၀ဲဘက်အ ခြမ်းတွင် ကျောက်တော်ဘုရားတောင်ကို တွေ့သဖြင့် ကားပေါ်မှ လှမ်းမြော် ဦးခိုက်ခဲ့၏။ ထို့နောက် ကျောက်တော်မြို့တွင်းသို့ ရောက်သည်။ မြို့တွင်း မ၀င်တော့ဘဲ လမ်းအတိုင်းဆက်ထွက်လာရာ မကြာ မီအချိန် အတွင်း မဟာမုနိဘုရားကြီးသို့ ရောက်ကြသည်။ ဘုရားကုန်းတော်ပေါ်သို့ သွားရောက်ဖူးမြော် ကြည်ညိုရာ ဆင်းတုတော်တစ်ဝိုက်တွင် သံဃာတော် များ၊ ဂေါပကအဖွဲ့များ၊ ဝေယျာဝစ္စအဖွဲ့များ၊ တာ ၀န်ရှိ ပုဂ္ဂိုလ်များ စုရုံးလျက်ရှိသဖြင့် ၀င်ရောက်စပ်စုဖြစ်သည်။ ဤအဖွဲ့မှာ စေတနာရှင်များ လှူဒါန်း ထားသော လက်ဝတ်ရတနာ ပစ္စည်းပစ္စယာများကို စနစ်တကျ ရေတွက်မှတ်တမ်းတင်နေကြသည်။ အချို့က ဆင်းတုတော်မှ ရွှေပြားများကို ထိန်းသိမ်း လျက်ရှိသည်။ ထိုအခါမှ ဂျာနယ်တစ်စောင်တွင် ဘု ရားကြီး ပြန်လည်မွမ်းမံမည့် အစီအစဉ်သတင်းကို ပြန်သတိရပြီး ယင်းကိစ္စဆောင်ရွက်နေတာပဲဟု သုံး သပ်မိသည်။ ဘုရားကြီးကို မြင်သာသည့်နေရာမှ ဦးခိုက်ရှိခိုးခဲ့ပြီး ခရီးစဉ်အတိုင်း ဆက်လက်ထွက်ခွာ လာခဲ့ကြသည်။
    ဤနေရာတွင် ကားလမ်းသည် ကျောက်တော်မြို့အ၀င်လောက်က စတင်၍ ကြမ်းလာသည်ကို သတိပြုမိသည်။ အောက်ခံလမ်းပေါ်တွင် ကွန်ကရစ်ပြန်ခင်းထားရာ အပြည့်မပြီးသေးသည့် အပိုင်းတွင် ယာဉ်များ ရှောင်တိမ်း မောင်းနှင်ကြရသည့်အတွက် ခရီးဖင့်သည်။ ကွန်ကရစ်ခင်းရာတွင် လမ်းကို တစ် ခြမ်းစီခင်းထားရာ တစ်ဖက်တည်းကပ်၍ တစ်ညီတည်းခင်းလျှင် ယာဉ်သွားရလွယ်သော်လည်း ဘယ် ညာတစ်ပိုင်းချင်းဖြတ်၍ ခင်းထား သဖြင့် ယာဉ်များ မောင်းရရှောင်ရ ခက်သည်။ အထူးသဖြင့် ညအချိန် တွင် တစ်ပိုင်းပြတ်ခင်းထားသော လမ်းပေါ်မောင်းမိရာမှ ဆင်းမရဖြစ်ကာ အခက်ကြုံရသည့် ကားများ လည်းရှိသည်။ သို့ရာတွင် ဤလမ်းကြောမှာ မရှည်သည့်အပြင် ဆောက်လုပ်ရေးလုပ်သားများ အချိန် ပြည့်အားထည့် လုပ်ကိုင်နေကြသဖြင့် မကြာခင် ဤပြဿနာ ရှင်းသွားမှာဖြစ်သည်။
    မြောက်ဦးမရောက်မီ ဝေသာလီကို ဖြတ်ခဲ့ရသည်။ ဝေသာလီမှာ ရှေးဟောင်းမြို့တော်ဖြစ်သော် လည်း ရာဇ၀င်ထဲတွင်သာ လူသိများခဲ့၏။ ကျွန်တော်တို့လည်း မြောက်ဦးသို့ ရောက်ချင်စိတ် ပြင်းပြသည်က တစ်ကြောင်း၊ ဝေသာလီအကြောင်း စကား ဦးသန်းပြောပြမည့် ဒေသခံပုဂ္ဂိုလ်မပါ သည်က တစ် ကြောင်း၊ ဝေသာလီနှင့် ပတ်သက်သည့် ရှေးဟောင်းမြို့တော်အဖြစ် ဆွဲဆောင်မည့် စာချုပ်စာတမ်း၊ အထင်ကရဆိုင်းဘုတ်များကို စိတ်ဝင် စားဖွယ် မတွေ့မမြင်ရသည်က တစ်ကြောင်းတို့ကြောင့် ဝေသာ လီကို အမှတ်တမဲ့ ကျော်ဖြတ်ခဲ့ကြသည်။ သို့နှင့် မြောက်ဦးရောက်တော့ ညနေငါးနာရီ ခွဲနေပြီ။ ဤခရီး မှာ ကျော်တော်မဟာမြတ်မုနိ ဘုရားကြီး ၀င်ဖူးတာအပါအ၀င် သုံးနာရီသာကြာသည်။ ယခင်က ငါးနာရီ ကျော်ကြာခဲ့သည့် ခရီးမှာ လမ်းကောင်းသည့်အတွက် အချိန်လည်းတို၊ လူလည်း သက်သာသည်။ ၂၀၁၅ ခုနှစ် ကျွန်တော်မြောက်ဦးရောက်စဉ်က ဆောက်လုပ်ရေးလုပ်သားများ အားကြိုးမာန်တက် လုပ် နေကြသည်ကို တွေ့ခဲ့ရသော ကွန်ကရစ်လမ်းသစ်သည် ယခုအခါ အပြည့်နီးပါး ပြီးစီးသွားပြီဖြစ် သဖြင့် ဒေသတွင်း ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းမှာ သိသာထင်ရှားစွာ တိုးတက်လာပေသည်။ ထိုနေ့ ညက ကျောက်ဖြူမှထွက်လာသော ဓါတ်ပုံနှင့်ပန်းချီဆရာ အဖွဲ့လည်း ရောက်လာကြသဖြင့် မြောက်ဦး ဟိုတယ်တွင် ထမင်းလက်ဆုံစားဖြစ်ကြသည်။
မြောက်ဦးဟိုတယ်သည် နိုင်ငံပိုင်ဟိုတယ်ဖြစ်သည်။ ၁၉၉၅ ခုနှစ်လောက်က တည်ဆောက် ခဲ့ သည်။ ထိုင်းဘုရင်သမီးတော် သီရိဒုံလာရောက်ခဲ့စဉ်က ယင်းဟိုတယ်မှာပင် တည်းခိုခဲ့သည်။ အိပ်ခန်း ၂၄ ခန်းသာရှိ၏။ ထိုစဉ်က ဟိုတယ်ကို ဧည့်သည်အတွက် ပြန်လည်ပြုပြင်မွမ်းမံရင်း ဗျာလ္လကျောက် ဆစ်ရုပ်များကို ဟိုတယ်ပရ၀ဏ်အတွင်း နေရာချခဲ့သည်။ ဤအရုပ်များကို ဒေသခံလက်ရာရှင် အကူ အညီဖြင့် ထုလုပ်ခဲ့သည်။ အရွယ်က အမြင့်သုံးပေ ၊ ကိုယ်ထည်အလျား ခုနှစ်ပေခန့်ရှိပြီး ကြည့်လိုက် လျှင် အားမာန်အပြည့် ရှိ၏။ ဗျာလ္လသည် ရှေးရခိုင်ယဉ်ကျေးမှု၏ ပြယုဂ်ဖြစ်သည်။ အသွင်သဏ္ဍာန် ကွဲပြားခြားနားစွာရှိသည်။ အဓိကမှာ သူ့တွင် တိရစ္ဆာန်တို့၏ ကောင်းသောစရိုက်လက္ခဏာများ ပေါင်းစပ်ထားသည်။ ဗျာလ္လတွင် ဆင်နှာမောင်း၊ နဂါးအမောက် ၊ သမင်မျက်လုံး၊ ကြံ့ချို၊ ကြက်တူရွေး လျှာ ၊ တိုးကိုယ် ၊ စာမရီဒေါင်းမြီး ၊ မြင်းနားရွက် ၊ ခြင်္သေ့လည်ဆံ၊ ကျားစွယ်တို့ဖြင့် အပြည့်ပြီး၏။ ယခုအခါ မြောက်ဦးဟိုတယ်ကို ပုဂ္ဂလိက လုပ်ငန်းရှင်များ ပြန်လည်ပြုပြင်မွမ်းမံလုပ်ကိုင်လျက်ရှိသည်။ မြောက်ဦးတွင် ဟိုတယ်ခြောက်လုံးခန့်သာ ရှိ သေး၏။
မြောက်ဦးရောက်လျှင် ပြည်တွင်းပြည်ပခရီးသည်အများစုသည် လေးမြို့အထက်ပိုင်းရှိ ချင်း တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်ကျေးရွာများကို သွားရောက်ကြ သည်။ ကျွန်တော်တို့အဖွဲ့အစီအစဉ်မှာ အဝေးဆုံးရွာကို အရင်ရောက်အောင် ဆန်တက်ပြီး အောက်ပိုင်းရှိကျန်နှစ်ရွာကို ဆက်ကြည့်ရန် သဘော တူကြသည်။ နေ့လည်စာကို ဟိုတယ်မှပြင်ဆင်လာပြီး အလယ်ရွာတွင် စားရန်ဖြစ်သည်။ ကျွန်တော် တို့စကားလက်ဆုံကျရင်း သမိုင်းထဲ က မြောက်ဦးအကြောင်း ၊ တန်ခိုးကြီးဘုရားများ အကြောင်း၊ ထူးခြား သောဆရာတော်ကြီးများအကြောင်း ၊မြောက်ဦးဟိုတယ်ဝဲဘက်တောင်ကုန်းပေါ် က ခွေးအအဖွဲ့အကြောင်း၊ ဟိုတယ်ဝန်ထမ်းများအကြောင်းတို့ကို ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ် ပြောဆိုကြသည်။ ထိုညက ဆယ် နာရီကျော်မှ လူစုခွဲ အိပ်ရာဝင်ဖြစ်ကြသည်။ နောက်တစ်နေ့နံနက် ခုနှစ်နာရီခွဲတွင် ဟိုတယ်မှ လေးမြို့ မြစ်ဆိပ်သို့ ကားများဖြင့် လာရောက်ကြသည်။ ခရီးက မဝေးသော် လည်း လမ်းကြမ်းသဖြင့် မိနစ် ၂၀ ခန့် ကြာသည်။ ကျွန်တော်တို့ မော်တော်ငယ်များ စထွက်တော့ ရှစ်နာရီကျော်ပြီ။
မော်တော်ငယ်ဆိုသည့်အတိုင်း ပဲ့ထောင်ကို ပေါင်းမိုးတပ်ထားခြင်း၊ လှေထဲတွင် တစ်ဖက်လျှင် နောက်မှီပါထိုင်ခုံလေးခုံစီနှင့် အသက်ကယ်အကျီင်္ ပါခြင်းနှင့် ဘေးနှစ်ဖက်တွင် မျှော့ကြိုးတပ်လိုက်ကာ ခန်းဆီးတပ်ထားခြင်းတို့သာ ထူးခြားသည်။ အခြားအသုံးအဆောင်မည်မည်ရရ မရှိချေ။ ကျွန်တော် တို့ အဖွဲ့သားအားလုံး လိုက်နိုင်ရန် မော်တော်သုံးစင်း စီစဉ်ရသည်။ လေးမြို့မြစ်သည် ဤဒေသအတွင်းရှိ မြို့လေးမြို့ကို အခြေပြု၍ ခေါ်ဆို ထားခြင်းဖြစ်သည်။
လေးမြို့မြစ်မှာ အတန်ငယ်ကျယ်သဖြင့် မြစ်ပြင်ကျယ်တွင် မော်တော်ငယ်မှာ သိမ်ငယ်သလို ရှိသည်။ တစ်စင်းနှင့်တစ်စင်း ဘေးချင်းကပ်သွားသည့် အခါနှင့် အထက်၊ အောက် မနီးမဝေးသွားသည့် အခါ တို့တွင် လှိုင်းရိုက်မှုကြောင့် လူးလေ့ရှိသည်။ ဤရေကြောင်းခရီးစဉ်တွင် ပထမဆုံးရင်ဆိုင်ရသည် မှာ ဆောင်းလေအေးဖြစ်သည်။ မော်တော်အရှိန်ကြောင့် တိုက်ခတ်လာသော လေအေးမှာ မျက်နှာနှင့် ရင်ဘတ် တို့တွင် စူးရှစွာခံစားရသည်။ နေပွင့်ပြီး ရာသီဥတုသာယာသည့်တိုင် လေအေးဒဏ်ကို ကျွန်တော်တို့ ကောင်းစွာခံစားကြရသည်။
မြစ်ပြင်ကျဉ်းမြောင်းသွားသည့်အခါ ရေစီးသန်လာသည်။ မြစ်ရေမှာ အထက်ဆန်လေကြည်လာ လေဖြစ်သည်။ အချို့နေရာတွင် ရေက ပေါင် လယ်လောက်ရှိပြီး အောက်ကကျောက်ခဲများကို မြင်ရသည်မှာ ကြည်နူးစရာ။ ကမ်းခြေ ၀ဲ ၊ ယာတစ်လျှောက်တွင် သီးနှံခင်းများ တွေ့ရသည်။ အများ အားဖြင့် ဒေသထွက်ပဲများကို စိုက်ကြသည်။ မြစ်ကြောင်းတစ်လျှောက် အထက်ကဆင်းလာ သည့် လှေအချို့နှင့် အတူ ၀ါးဖောင် ၊ သစ်ဖောင် များ မျှောလာကြသည်။ သစ်ကြီးဝါးကြီးများ မဟုတ်သော်လည်း ဤလုပ်ငန်းမှာ ဒေသ၏ပင်မလုပ်ငန်းဖြစ်ပုံရသည်။ သစ်တော်များ ရေရှည်ရှင် သန်ရေး အတွက် စဉ်စားစရာပင်။
သုံးနာရီခွဲလောက်ကြာသည့်အခါ အဝေးဆုံးရွာဖြစ်သည့် ကုန်းချောင်းကိုရောက်သည်။ လှေဆိပ်တွင် သစ်ဝါးဖောင်များနှင့်အ တူ ဈေးတန်းငယ် ကို တွေ့ ရသည်။ ရွာကတောင်ကုန်းပေါ်တွင်ရှိသဖြင့် ကမ်းနားမှ လမ်းလျှောက်တက်လာကြရာ ၀ဲဘက်တွင် စေတီတစ်ဆူကိုတွေ့သဖြင့် တက်ကြည့် ရင်း တောင်ပေါ်မှ မြစ်ကြောင်းအလှကို ဓါတ်ပုံရိုက်ဖြစ်ကြသည်။ ပြီးမှ ရွာထဲသွားကာ အသင့်စီစဉ်ထားသော ချင်းတိုင်းရင်းသားအဖွားအို များနှင့်တွေ့ ဆုံကာ အမှတ်တရဓါတ်ပုံရိုက်ဖြစ်ကြသည်။ ယခုအခါ ဤရိုးရာ ဓလေ့ ပါးရဲထိုးသည့်အစဉ်အလာမှာ တဖြည်းဖြည်းပျောက်ကွယ် လုဖြစ်လာသည်။ လူငယ်လူရွယ်တို့မှာ အလှပျက်မှာစိုးရိမ်သည်သာမက နာကျင်မှုနှင့် အခန့်မသင့်လျှင် အခြားရောဂါများရရှိမှာကိုလည်း ပူပန်ကြ ပုံရသည်။ ထို့အတွက် ပါးရဲထိုးထားသူများမှာ အသက် ၆၀ ၊ ၇၀ အရွယ်ပိုင်းတွင်သာ ကျန်တော့သည်။  နာရီပြန်တစ်ချက်တီးခါနီးအချိန်တွင် ကုန်းချောင်းမှ ပြန်စုန်ရန် စီစဉ်ကြ သည်။ ထူးခြားသည်မှာ ဤနေရာ တွင် မိုဖိုင်းဘုန်းများ စွမ်းအားပြည့်ရှိနေပြီး ဆက်သွယ်မှုကောင်းမွန် နေခြင်းကြောင့် အမ်ပီတီကို ကျေးဇူး တင်ရမည်။ ခရီးဆက်မထွက်မီ လှေဆိပ်က ဈေးဆိုင်တွင် ပရီးမီးယားကော်ဖီတိုက်ရင်း ဆိုင်ရှင်မိန်းကလေးက သူ့ဖုန်းထဲက အဘွားအို၏ မျက်နှာအနီးကပ် ပုံကိုပြပြီး အသက်ကိုးဆယ်ကျော်ပြီ ဖြစ် ကြောင်းနှင့် မကြာခင်ကမှ ကွယ်လွန်သွားကြောင်း ရှင်းပြသည်။ အလယ်ရွာဖြစ်သည့် ရှောမောမှာ ရေစုန် ခရီးဖြစ်သဖြင့် ခဏအကြာတွင် ရောက်လာသည်။ ဤရွာတွင် အီတာလျှံအဖွဲ့အစည်းတစ်ခုက မူလတန်း ကျောင်းငယ်တစ်လုံးဆောက် ပေးထား သည်။ ပတ်ဝန်း ကျင်ကျေးရွာမှ ကလေးငယ်များပါ လာရောက်သင် ကြားကြသည်။ ကျောင်းဆရာနှင့် ကျေးရွာလူကြီးတို့အား ကျောင်းဖွံ့ဖြိုးရေးအတွက် ကျွန်တော်တို့ တတ်နိုင်သလောက် လှူခဲ့ကြသည်။ နေ့လည်စာစားရင်း ချင်းအဘွားအိုများ ရက်လုပ်သော ခြုံစောင် နှင့်တဘက်များ ၀ယ်ယူအားပေးကြ သည်။ ထို့နောက် စကားစပ်ရင်း ကလေးငယ်တစ်ဦးအား ပါးရဲထိုးနေပုံ ရိုက်ကူးလိုကြောင်း ကိုမိုးမင်း တို့အဖွဲ့မှ အကူအညီတောင်းရာ အဒေါ်တစ်ဦးက စီစဉ်ပေးသည်။
အနုပညာသမားများပီပီ သစ်သားအိမ်တစ်လုံး၏ ကပြင်တွင် ပြင်ဆင်ကြသည်။ ပါးရဲထိုးသည့် အဒေါ် ၊ ၀န်းရံမည့်ပုဂ္ဂိုလ် ၊ ပါးရဲအထိုးခံမည့်ကလေးတို့ကို ပုံစံတကျဖြစ်အောင် ဟန်ပြစေပြီး ကင်မရာ များ နှင့် ရှုထောင့်စုံမှ စမ်းသပ်ချိန်ရွယ်ကြသည်။ ပိုပြီး သဘာဝကျလိုသည့်အတွက် ရွာထဲကကုန်စုံ ဆိုင်မှ အမွှေးတိုင်တစ်စီးဝယ်ပြီး  နောက်ဘက်တွင် ထွန်းညှိလိုက်သည်။ အမွှေးတိုင်ကထွက်သော မီးခိုးငွေ့သည် ကင်မရာထဲတွင်တော့ သဘာဝပိုပီပြင် လာသလိုရှိသည်။ ပန်းချီဆရာ ဦးမောင်မောင် သည် ကလေး၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများပေါ်အောင် သူ့မင်တံဖြင့် ဆွဲပေးရာ ကင်မရာ ထဲတွင် ဆေးမင်ကြောင် များ ပေါ်လာသည်။
သို့ဖြင့် ရှုထောင့်အစုံစုံမှ ကင်မရာအမျိုးမျိုးဖြင့် ရိုက်ကြသည်။ ကျွန်တော်တို့အဖွဲ့ လှုပ်ရှား နေပုံကို စိတ်ဝင်စားသည့် ဥရောပအဖွဲ့တစ်ဖွဲ့ကလည်း ခွင့်တောင်းပြီး ဓါတ်ပုံဝင်ရိုက်ကြသည်။
ရှောမေမှ စုန်လာခဲ့ပြီး ၄၅ မိနစ်ခန့်အကြာတွင် တတိယရွာဖြစ်သည့် ပန်ပုံကို ရောက်သည်။ ကမ်းခြေနှင့်ရွာမှာ အတန်ငယ်ဝေးပြီး  သဲသောင်ပေါ်တွင် လမ်းလျှောက်ကြရသည်။ ရွာတန်းရှည်ဖြစ် သဖြင့် ဘေးတစ်ဘက်တစ်ချက်တွင် တဲအိမ်၊ ပျဉ်ထောင်အိမ်များ အစီအရီရှိသည်။ ချင်းတိုင်းရင်း သူအဒေါ်ကြီးက သူ့အိမ်သို့ခေါ်သွားပြီး ၀င်းထရံတွင် လှမ်းထားသော အမှတ်တရအထည်များကို စရောင်းတော့သည်။ ၀ယ်သူတွေဝယ်ကြပြီး ကျန်ဆရာများက ဂျက်ခုတ်ရက်ကန်းစင်ကို မှတ်တမ်း တင်ကြသည်။ ဤရွာမှာ မြို့နှင့်အနီးဆုံးဖြစ်သဖြင့် အဝေးရွာများထက် နေထိုင်မှုအဆင့်ပိုတိုး တက် သလိုရှိသည်။ ဤရွာတွင် ဓါတ်ပုံ အရိုက်ခံသည့် အဘွားခြောက်ဦးလောက် ကျန်သေးသည်။ အဘွားတစ်ဦးက နားတောင်းအဖြူနှင့် စပ်လျဉ်း၍ ရှင်းပြ သည်။ သူ၏နားရွက်မှာ သာမန်နားရွက် ထက်ကြီးပြီး အောက်သို့တွဲလောင်းကျလျက်ရှိရာ အဝေးက ထင်ရှားစွာမြင်ရသည်။ ရွာလူထုသည် ဧည့်သည်များမကြာခဏလာရောက်ကြသည်ကို  ကြည်နူးပုံပေါ်သည်။ ပန်ပုံကထွက်တော့ ညနေ ၅ နာရီ ထိုးလုပြီ။ စုန်ရေဖြစ်သဖြင့် မော်တော်များ အရှိန် ကောင်းလာသည်။ မြစ်ပြင်ကျယ်လာသည့် အတွက်လည်း လွတ်လပ်စွာမောင်းလာနိုင်သည်။
ယနေ့ခရီးစဉ်တွင် ပြည်တွင်းခရီးသည်များထက် ပြည်ပအဖွဲ့ငယ်များကို တွေ့ရသည်။ အထူးသဖြင့် အနောက်အုပ်စုမှ ဧည့်သည်များ ဖြစ်ကြသည်။ ၄င်းတို့သည် မြောက်ဦးကို ရှေးဟောင်း မြို့တော်တစ်ခုအဖြစ်သာမက ဤချင်းတိုင်းရင်းသားကျေးရွာများပါ စိတ်ဝင်တစားလေ့လာလိုစိတ်ရှိကြ သည်။ ခရီးသွားရင်း ကျေးရွာလူထု၏ လူမှုဘ၀ကိုလည်း စိတ်ဝင်စားပုံရသည်။ ဤသို့ဖြင့် လူမှု အခြေပြု ခရီးသွားလုပ်ငန်း ယခုထက်ပိုမိုဖွံ့ဖြိုးအောင် အစိုးရ ၊ ပုဂ္ဂလိကနှင့်ဒေသခံများ ပူးပေါင်းဆောင် ရွက်သွား နိုင်ပါသည်။
ပန်ပုံမှ စုန်လာပြီး တစ်နာရီသာသာတွင် မြောက်ဦးလေဆိပ်သို့ ပြန်ရောက်ကြသည်။ အနောက် ဘက်မိုးကုပ်စက်ဝိုင်း တွင်  နေမင်းအရောင်ပျောက် ကွယ်လာသည်နှင့်အမျှ အမှောင်ထုက ကြီးစိုးလာသည်။ အပြန်လမ်းတွင်  ကိုးသောင်းဘုရားကြီး၏ ရုပ်လုံးတော်ကို နောက်ခံမိုးသားတွင် ထင်ရှား စွာ တွေ့ရသော် လည်း ထီးတော်မှလျှပ်စစ်မီးပွင့်ငယ်လေးကမူ အမှောင်ထုကို အားယူအန်တုထားဆဲ။
28.2.2017 Lashio Training News photo 1
နေပြည်တော်၊ ဖေဖော်ဝါရီလ (၂၈) ရက်
    ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအား ဖွံ့ဖြိုးတိုးတက်စေရန် ကဏ္ဍပေါင်းစုံဖြင့် ဆောင်ရွက်လျှက်ရှိရာ  လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဟိုတယ်ဘာသာရပ်ဆိုင်ရာ သင်တန်းများကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဒေသအသီး သီးတွင် စဉ်ဆက်မပြတ်ဖွင့်လှစ် သင်ကြားပေးလျှက်ရှိပါသည်။
28.2.2017 Lashio Training News photo 2
    ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ဟိုတယ်နှင့်တည်းခိုရိပ်သာများ ၀န်ဆောင်မှုအဆင့်အတန်း တိုးတက်ကောင်းမွန်စေရန်နှင့် ဒေသခံလူငယ်များ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင် ရန် ရည်ရွယ်၍ လားရှိုးမြို့တွင် ဖွင့်လှစ်ခဲ့သည့် ဟိုတယ်ဘာသာရပ်ဆိုင်ရာ သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၂၄) ရက်နေ့ နံနက်ပိုင်းတွင် လားရှိုးမိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း တက်ရောက်အမှာစကား ပြော ကြားခဲ့ပါသည်။
28.2.2017 Lashio Training News photo 3
ထို့နောက် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်အသင်း (ရှမ်း/မြောက်ဇုန်) ဥက္ကဌ ဦးဇော်ဇော်မှ သင်တန်း အတွက် နည်းပြဆရာများစေလွှတ်၍ ပံ့ပိုးကူညီပေး ခဲ့သော မြန်မာနိုင်ငံဧည့်ဝတ်ပြုမှုဆိုင်ရာ ကျွမ်းကျင် ပညာရှင်များအသင်း (Myanmar Hospitality Professional Association) အား ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံဧည့်ဝတ်ပြုမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အသင်း ဥက္ကဌမှ သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆုများ ထပ်မံ၍ ပေးအပ် ချီးမြှင့်ခဲ့ပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့ပါသည်။
28.2.2017 Lashio Training News photo 4
အဆိုပါ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများကို ဇန်န၀ါရီလ (၃၀) ရက်နေ့မှ ဖေဖော်ဝါရီလ (၂၄) ရက်နေ့ အထိ (၄) ပါတ်ကြာဖွင့် လှစ် ခဲ့ခြင်းဖြစ်ပြီး ဖွင့်လှစ်ပေးခဲ့သော သင်တန်း အမျိုးအစားမှာ ဟိုတယ်ဧည့်ကြို ၀န်ဆောင်မှုသင်တန်း (Front Office Operation)၊ အိပ်ခန်းဆောင် ထိန်းသိမ်းရေး သင်တန်း (Housekeeping Operation) နှင့် အစားအစာနှင့်အဖျော်ယမကာ ဧည့်ခံ ကျွေးမွေးရေး သင် တန်း (Food & Beverages Service) တို့ဖြစ်ပြီး သင်တန်းသား/သင်တန်းသူစုစုပေါင်း (၁၀၀) ဦးတက်ရောက်အောင်မြင်ခဲ့ကြောင်းသိရသည်။
28-2-2017 mawlamying training news photo1
နေပြည်တော်၊ ဖေဖော်ဝါရီလ (၂၈) ရက်
    ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ စီစဉ်မှုဖြင့် ဖွင့်လှစ်ခဲ့သော ဒေသဆိုင်ရာဧည့် လမ်းညွှန် (အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားအား ဖေဖော်ဝါရီ(၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် မော်လမြိုင်မြို့၊ ရာမညဟိုတယ်၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ မွန်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န်ကြီးဦးဝဏ္ဏကျော်၊ ဖိတ်ကြားထား သည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မော်လမြိုင်ရုံးခွဲမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင် များနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။
28-2-2017 mawlamying training news photo2
    အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် မွန်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးဝဏ္ဏကျော်မှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ဆုချီးမြှင့်ခဲ့ပါသည်။ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဟောက်ကျင်မုန်မှ သင်တန်းဆင်းအောင်လက်မှတ် များအား ပေးအပ်ခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသား(၁)ဦးမှ ကျေးဇူးတင်စကား ပြော ကြားကာ အခမ်းအနားကို (၀၉:၄၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
28-2-2017 mawlamying training news photo3
    ၂၀၁၆ ခုနှစ်အတွင်း မွန်ပြည်နယ်သို့ ပြည်ပခရီးသွားဧည့်သည် (၂၉၂,၅၃၄) ဦးနှင့် ပြည်တွင်းခရီးသွားဧည့်သည်(၂,၀၇၉,၁၆၀)ဦးလာရောက်ခဲ့ပြီး ဧည့်လမ်းညွှန်(၇၀)ဦးဖြင့် ခရီးသွား ၀န်ဆောင်မှုပေးလျှက်ရှိရာမှ ယခုအခါသင်တန်းဆင်း ဧည့်လမ်းညွှန်(၄၈)ဦးဖြင့် အင်အားဖြည့်တင်းကာ ခရီးသွား ၀န်ဆောင်မှုပေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။  
28-2-2017 mawlamying training news photo4
Main Menu
Useful Myanmar Phrases
Auspicious to you all
Mingalar Bad
How are you?
nei kaun: ye. la:
Good morning
mingala nan ne khin: ba
Good evening
kaun: tho: nya. nei khin: ba
Good night/Good Bye
thwa: bi
Thank you
kyei: zu: tin ba de
Thank you very much
kyei: zu: amya: gyi: tin ba de
I cannot speak Myanmar
Myanmar lo matat' bu:
Do you understand?
khamya: na: le tha la:
May I take a photograph?
da' poun yai' lo. ya. mala:
May I use the telephone?
te li hpon: thoun: lo. ya. ma. la:
Where is the restroom?
ein tha be ma shi. tha le:
How much?
be lau' le:
What's that?
e: da ba le:
Very expensive
zei: mya: de
See you again
noun gya. thei: da paw.
Please to meet you.
twei. ya. da wan: tha ba de
Good luck
kan kaun: ba zei
Sorry
sel' mashi ba ne.
Excuse me
thi: khan ba
It's all right.
ya ba de
Yes (Male)
hou' ke khin bya.
Yes (Female)
hou' ke shin.
No
hin. in:
Really?
da ge la:
It's impossible.
ma hpyi' nain bu:
Possibly
hpyi' nain ba de
I beg your pardon (Male)
khin mya (?)
I beg your pardon (Male)
Shin (?)
Can I help you?
ku nyi ba ya. zei
Help!
kegya. ba oun:
Beautifull
hla. lai' ta
I want...
...gyin de
Directions
I want to go...
... go thwa: gyin ba de
Where is...?
...be na: ma le:
Turn left
be be cho:
Turn right
nya be cho:
Straight ahead
te, de. thwa: ba
Stop here
dima ya' ba
Slow down
hpyei: byei:
Be careful
tha di: hta: ba
Be careful, don't drive too fast
tha di: hta: ba: phyie: byei: maun:
Turn back
pyan hie:
Turn back
pyan hie:
How much do I owe you?
be lau' kya. tha le:
Keep the change
maan: ne. daw
Places
Airport
lei zei
Bus Station
ba saka: hma' tain
Railway Station
buda youn
Hotel
hou te
Embassy
than youn:
Hospital
hsei: youn
Clinic
hsei: gan:
Police Station
ye: sa khan:
Post Office
sa dai
Market
zei:
River Boat jetty
thin: baw: zei'
Guest house
e. yei' tha
Restaurant
sa: thau' hsain
Travel Related Links
Association of Southeast Asia NationsASEAN
Association of Southeast Asia Nations
www.aseansec.org
Association of Southeast Asia NationsASEAN
Association of Sou<<4R543W90-=98theast Asia Nations
www.aseansec.org
Pacific Asia Travel AssociationPacific Asia Travel Association
http://www.pata.org/
Myanmar Hotelier Association
Myanmar Hotelier Association
http://www.myanmarhotelier.org
  MTFMyanmar Tourism Federation
  http://www.myanmar.travel/
Search Our Site
Contact Us
Address Information
Building No. (33), Nay Pyi Taw, Union of Myanmar.
Union of Myanmar.
Information
Tel: 95 67 406129, 406130,
406460, 406244
www.myanmartourism.org
Contact Us
mo.moht@mptmail.net.mm
mohtmail@gmail.com
director.information.moht@gmail.com
Connect With Us
mobile app
Please download here
Room Booking
Thanks for staying with us! Please fill out the form below and our staff will be in contact with your shortly. The see all of our room options please visit the link below.
See All Rooms