Latest News
ubein
13.6.201711
နေပြည်တော်၊ ဇွန်(၁၃) ရက်
13.6.201712
Unicode Versions
 ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည်ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက်ကဏ္ဍပေါင်းစုံမှအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် နိုင်ငံတကာအဆင့် သင်ကြားရေးဆရာဖြစ်သင်တန်းနှင့် နိုင်ငံအဆင့် အာဆီယံစံနှုန်းမြှင့်သင်ကြားရေးဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန်လ(၁၂)ရက်နေ့ နံနက် ပိုင်းတွင် ပုဂံမြို့၊ Aureum Palace Hotel(Tower-အနော်ရထာခန်းမ)တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။
            သင်တန်းဖွင့်ပွဲအခမ်းအနားသို့ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန(အထက်မြန်မာပြည် တာဝန်ခံ) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင် အေးဟန်နှင့် NSSA & ASEAN Master Assessor မှ ဦးကျော်ကျော်ဆင့်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာဟိုတယ်လုပ်ငန်းရှင်များအသင်း(ပုဂံဇုန်)တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ သင်တန်းနည်းပြများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
            အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန(အထက် မြန်မာပြည်တာဝန်ခံ) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်နှင့် NSSA & ASEAN Master Assessor မှ ဦးကျော်ကျော်ဆင့်တို့မှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၄၂)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ဇွန်လ(၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ စုစုပေါင်း(၁၁)ရက် ကြာမြင့် မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
12.6.171
နေပြည်တော်၊ ဇွန်(၁၂)ရက်
12.6.172
12.6.173
Unicode Versions
  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအား ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေးအတွက် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သဘာဝအခြေခံခရီးသွားလုပ်ငန်း(Eco-Tourism) ကို ဖော်ဆောင်လျက်ရှိပါသည်။
            Eco-Tourism ဆောင်ရွက်ခြင်းဖြင့် ဇီဝမျိုးစုံမျိုးကွဲနှင့်ဂေဟစနစ်ထိန်းသိမ်းနိုင်ခြင်း၊သဘာဝနယ်မြေ များရှိ သဘာဝအနေအထားနှင့် ယဉ်ကျေးမှုတို့ကို ကာကွယ်ထိန်းသိမ်းရေး ဆောင်ရွက်လျက်ရှိသည့် စီမံ ခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများကိုလာရောက်လည်ပတ်သူများ/ဒေသခံများမှ သိရှိ နားလည်စေရန်နှင့် ပူးပေါင်း ဆောင်ရွက်လာစေရန် ပညာပေးနိုင်ခြင်း၊ ဒေသခံများအားအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပြီး လူမှုစီးပွားရေးဆိုင်ရာ အကျိုးအမြတ်များရရှိခံစားနိုင်စေကာ ဆင်းရဲနွမ်းပါးမှုကိုလျော့ချနိုင်ခြင်းစသည့် အကျိုးများဖြစ်ထွန်းလာမည်ဖြစ်ပါသည်။
            မြန်မာနိုင်ငံတွင် သဘာဝအခြေခံခရီးစဉ်ဒေသများ Designated Eco-Tourism Sites ကို ရန်ကုန် တိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေး တိုင်း ၊ ဧရာဝတီတိုင်း ၊ပဲခူးတိုင်း ၊မကွေးတိုင်း စသည့် တိုင်း ဒေသကြီး (၇) ခု နှင့် ကချင်၊ ရှမ်း၊ မွန် ၊ ချင်းစသည့် ပြည်နယ်(၄)ခုတို့တွင် ဖော်ဆောင် လျက်ရှိပြီး ခရီးစဉ် ဒေသများသို့ လာရောက်လည်ပတ်လေ့လာသော ကမ္ဘာလှည့်ခရီးသည်များမှ ကျန်းမာရေးနှင့်ညီညွတ်စွာ တည်းခိုနေထိုင်စား သောက်မှုများဖြစ်စေရေးအတွက် ဝန်ကြီးဌာနအပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ခရီးစဉ် ဒေများတွင် ဟိုတယ်များ၊အပန်းဖြေစခန်း များ၊တည်းခိုခန်းများ တည်ဆောက်ကာ ပံ့ပိုးဆောင်ရွက်လျက် ရှိပါ သည်။
            သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင် ဦးဆောင် သောအဖွဲ့နှင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ထွေး ဦးဆောင်သောအဖွဲ့တို့သည် ခရီးသွားလုပ်ငန်းကုမ္ပဏီများ ၊ ဟိုတယ် လုပ်ငန်းရှင်များပါဝင်လျက် ပဲခူးရိုးမသစ်တောထိန်းသိမ်းရေးနယ်မြေအတွင်း ဆောင်ရွက်နေသည့် သဘာဝ သစ်တောများရှင်သန်ကြီးထွားမှု၊ ကျွန်းစိုက်ခင်းများဖြင့် သစ်တောများထိန်းသိမ်းမှု၊ သစ်ထုတ်လုပ်ငန်း ရပ်ဆိုင်းသည့်အချိန်တွင် ဆင်စခန်းများ၌ ဆင်များ၏သဘာဝအနေ အထိုင်များနှင့် ပြုစုစောင့်ရှောက်မှု၊ အုတ်တွင်းမှ ပေါက်ခေါင်းပဲခူးရိုးမလမ်းခရီးတွင် Eco Natural Resort Golden Teak Park Co.,Ltd မှ ဆောင်ရွက်နေသည့် ကျွန်းစိုက်ခင်းနှင့် ကမ္ဘာလှည့်ခရီးသည်များ သဘာဝအခြေခံခရီးစဉ်များ လာရောက် ရာတွင် တည်းခိုနေထိုင်ရန်အတွက် ဇူလိုင်လကုန်တွင်ဖွင့်လှစ်မည့် BagoYoma Eco-Resort သို့ သွားရောက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများကို ဇွန်လ (၁၀) ရက်နေ့မှ (၁၁) ရက်နေ့အထိ လေ့လာ ခဲ့ကြပါသည်။
            ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များသည် ရန်ကုန်မြို့မှ ဇွန်လ(၁၀)ရက်နေ့ နံနက်ပိုင်းတွင် ထွက်ခွာလာရာ ဘုရားကြီးလမ်းဆုံအနီးရှိ ဝင်္ဂဘော်ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း ၊မှော်ယောကြီးဆင်စခန်းများကိုလေ့လာကြပြီး ပဲခူးရိုးမအတွင်း သဘာဝသစ်တောများကို ကြိုးဝိုင်း သစ်တောများအဖြစ် သတ်မှတ်ထိန်းသိမ်းစောင့်ရှောက်ထားမှု၊ ပုဂ္ဂလိကကျွန်းစိုက်ခင်းများဖြင့် သစ်တော များပြုစုပျိုးထောင်ထားမှုများအပြင် ဂေဟစနစ်များပျက်စီးယိုယွင်းမှုမရှိစေရန် ဆောင်ရွက်ထားမှု အခြေ အနေများကိုသစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းပြသပြီး လုပ်ငန်းရှင်များ ၏ သိလိုသည်များ ကို ဖြေကြားပါသည်။
            နေ့လည်ပိုင်းတွင် BagoYoma Eco-Resort သို့ ရောက်ရှိရာ Eco-Resort ပိုင်ရှင် ဦးရန်နိုင်လွင်မှ ဟိုတယ်တည်ဆောက်မှု အခြေအနေများ ကိုလိုက်လံရှင်းလင်းပြသပါသည်။ ထို့နောက် ရှင်းလင်းဆောင် တွင် သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က သစ်တောဦးစီး ဌာနမှ သစ်တောထိန်းသိမ်းရေးဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြသပြီး သိရှိလိုသည်များကို ဖြေကြားပါသည်။ ဆက်လက်၍ ပြည်မြို့သို့ ထွက်ခွာခဲ့ရာ ညပိုင်းတွင် ရောက်ရှိရပ်နားပါသည်။
            ဇွန်လ(၁၁)ရက်နေ့နံနက်ပိုင်းတွင် ဂျာမန်ရုက္ခဗေဒပညာရှင် ဒေါက်တာဘရန်ဒစ်မှ (၁၈၅၇)ခုနှစ်မှ စတင်စိုက်ပျိုးခဲ့သည့် ကျွန်းစိုက်ခင်း(၂၄)ဧက ပေါ်ရှိ ကျွန်းပင်များတည်ရှိရာ ပြည်ကျွန်းကြိုးဝိုင်းသို့ သွားရောက်ပြီး နှစ်ပေါင်း(၁၆၀)သက်တမ်းရှိ ကျွန်းပင်ကြီးများနှင့် ထပ်မံတိုးချဲ့စိုက်ပျိုးထိန်းသိမ်း ထားသောစုစုပေါင်း(၇၈)ဧကပေါ်ရှိ ကျွန်းပင်များကို ပြသပြီးရှင်းလင်းပါသည်။
            ဆက်လက်၍ နတ်မှော်ဆင်စခန်းသို့ သွားရောက်ကာ ဆင်ထိန်းသိမ်းစောင့်ရှောက်မှုများကို ရှင်းလင်းပြသပြီးကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေ ခေတ္တရာပျူမြို့ဟောင်းသို့ လှည့်လည် လေ့လာကြပါ သည်။
            ပဲခူးရိုးမသစ်တောကြိုးဝိုင်းသည် သဘာဝအခြေခံခရီးသွားလုပ်ငန်းဖော်ဆောင်ရန် ကောင်းမွန်သည့် ခရီးစဉ်တစ်ခုဖြစ်ပြီး ရန်ကုန် ၊ပြည် ၊သရေခေတ္တရာ ၊ တောင်ငူခရီးစဉ်တစ်ခုအတွင်းမှာပင် Eco Tourism ၊ Cultural Tourism ၊ Community Base-Tourism များကို တစ်ဆက်တစ်စပ် တည်း လည်ပတ် လေ့လာ နိုင်သော ခရီးစဉ်အဖြစ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
8.6.20171
နေပြည်တော်၊ ဇွန်လ (၈) ရက်
ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော Luxemberg Development (Lux Dev) မှ နေပြည်တော်၊ရန်ကုန်၊မန္တလေးမြို့များတွင် Quality and Skills Development Training Programme များကို ၂၀၁၆ ခုနှစ် ဇွန်လမှစ၍ ဆောင်ရွက်ခဲ့ရာ အဆို ပါ Programme ၏ (၁)နှစ်ပြည့်အခမ်းအနားအား ရန်ကုန်မြို့ Novotel Hotel တွင် ဇွန်လ (၇) ရက်နေ့ နံနက်(၀၉း၀၀)နာရီမှ (၁၂း၀၀)နာရီထိ ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်မှ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။
8.6.20172
    ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် မြန်မာနိုင်ငံသည် နက်ရှိုင်းသော ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကို ဆောင်ရွက်လျှက်ရှိရာတွင် ခရီးသွားလုပ်ငန်းသည် အလွန်အရေးကြီးသော ကဏ္ဍ အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ပြုလျှက်ရှိကြောင်း၊ တိုင်းပြည်၏ လူမှုစီး ပွါးရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းအားထုတ်ရာတွင် အဓိကမောင်းနှင်အားလည်းဖြစ်ကြောင်း၊ မြန်မာ နိုင်ငံသည် ရေရှည်တည်တံ့၍ တာဝန်ယူမှု ရှိသော ခရီးသွားလုပ်ငန်းကို ဖွံဖြိုးတိုး တက်အောင် ဆောင် ရွက်ရာတွင် 3S ဖြစ်သည့် Safety, Security, Service ကို ကောင်းမွန်အောင် လုပ်ဆောင်ရန် လိုအပ် ကြောင်း၊ ၄င်းတို့ကောင်းမွန်မှ မြန်မာနိုင်ငံကို လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသည်များ စိတ်ချမ်းမြေ့စွာ သွားလာနိုင် မည်ဖြစ်ပါကြောင်း၊ ၄င်းအချက်(၃)ချက်အနက် Service ကို ပြောရလျှင် မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းဝန်ဆောင်မှုအပိုင်းတွင် နိုင်ငံတကာ အဆင့်မီရန် အားနည်း နေသေးသည်ကို တွေ့ရကြောင်း ယခုကဲ့သို့ Development Partner ဖြစ်သော Luxemberg Development Cooperation အနေဖြင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်း ၀န်ဆောင်မှုကောင်းမွန် အောင် သင်တန်းများပို့ချခြင်းနှင့် ဟိုတယ်/ခရီးဝန်ကြီးဌာနမှ ၀န်ထမ်းများစွမ်း ဆောင်ရည်မြှင့်တင်ရေး သင်တန်းများ ပို့ချပေးလျှက်ရှိသည့်အတွက် ခရီးသွားလုပ်ငန်းကဏ္ဍတွင် လိုအပ်လျှက်ရှိသော လူ့စွမ်းအား အရင်းအမြစ် လိုအပ်ချက်ကို တဖက်တလမ်းမှ ဖြည့်ဆည်းပေးနိုင်ခဲ့ပါကြောင်း၊ Lux Dev မှ ဆောင် ရွက်လျှက်ရှိသော Project Mya/001 သည် လည်း အောင်မြင်မည်ဟု မျှော်လင့်ပါကြာင်း ပြောကြားပါသည်။
8.6.20173
8.6.20174
8.6.20175
    ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်း သဉ္စာမျိုးမှ ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုးရေး ၀န်ကြီးဌာန၏ ဖိတ်ကြားမှုဖြင့် ပြင်သစ်နိုင်ငံ၏ ခရီးသွားကဏ္ဍဖွံ့ဖြိုးရေး လုပ်ဆောင်မှုအကြောင်းကို သွားရောက်လေ့လာခဲ့သည့် အတွေ့အကြုံများနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးပြောကြားပါသည်။ ထို့နောက် တက်ရောက်လာသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဌ ဦးရန်ဝင်းနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများက အကြံပြုဆွေးနွေး တင်ပြခဲ့ ကြပါသည်။
    ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဟိုတယ်၌ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ JICA Contractor Mr.Aritsune Okuda နှင့် တွေ့ဆုံ၍ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည့် အစီအမံများ၊ ဂျပန်နိုင်ငံမှ ကူညီဆောင်ရွက် ပေးနိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
Unicode Versions
    ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော Luxemberg Development (Lux Dev) မ နေပြည်တော်၊ရန်ကုန်၊မန္တလေးမြို့များတွင် Quality and Skills Development Training Programme များကို ၂၀၁၆ ခုနှစ် ဇွန်လမှစ၍ ဆောင်ရွက်ခဲ့ရာ အဆို ပါ Programme ၏ (၁)နှစ်ပြည့်အခမ်းအနားအား ရန်ကုန်မြို့ Novotel Hotel တွင် ဇွန်လ (၇) ရက်နေ့ နံနက်(၀၉းဝ၀)နာရီမ (၁၂းဝ၀)နာရီထိ ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်မ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။
  ပြည်ထောင်စုဝန်ကြီးမ ပြောကြားရာတွင် မြန်မာနိုင်ငံသည် နက်ရှိုင်းသော ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကို ဆောင်ရွက်လျှက်ရှိရာတွင် ခရီးသွားလုပ်ငန်း သည် အလွန်အရေးကြီးသော ကဏ္ဍ အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ပြုလျှက်ရှိကြောင်း၊ တိုင်းပြည်၏ လူမှုစီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ကြိုးပမ်းအားထုတ်ရာတွင် အဓိကမောင်းနှင်အားလည်းဖြစ်ကြောင်း၊ မြန်မာ နိုင်ငံသည် ရေရှည်တည်တံ့၍ တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်းကို ဖွံဖြိုးတိုး တက်အောင် ဆောင်ရွက်ရာတွင် 3S ဖြစ်သည့် Safety, Security, Service ကို ကောင်းမွန်အောင် လုပ်ဆောင်ရန် လိုအပ် ကြောင်း၊ ၄င်းတို့ ကောင်းမွန်မ မြန်မာနိုင်ငံကို လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသည်များ စိတ်ချမ်းမြေ့စွာ သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ ၄င်းအချက် (၃) ချက် အနက် Service ကို ပြောရလျှင် မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းဝန်ဆောင်မှုအပိုင်းတွင် နိုင်ငံတကာ အဆင့်မီရန် အားနည်း နေသေးသည်ကို တွေ့ရကြောင်း ယခုကဲ့သို့ Development Partner ဖြစ်သော Luxemberg Development Cooperation အနေဖြင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ အတွင်း ဝန်ဆောင်မှုကောင်းမွန် အောင် သင်တန်းများပို့ချခြင်းနှင့် ဟိုတယ်/ခရီးဝန်ကြီးဌာနမ ဝန်ထမ်းများစွမ်း ဆောင်ရည်မြှင့်တင်ရေး သင်တန်းများ ပို့ချပေးလျှက်ရှိသည့်အတွက် ခရီးသွားလုပ်ငန်းကဏ္ဍတွင် လိုအပ်လျှက်ရှိသော လူ့စွမ်း အားအရင်းအမြစ် လိုအပ်ချက်ကို တဖက်တလမ်းမ ဖြည့်ဆည်း ပေးနိုင်ခဲ့ပါကြောင်း၊ Lux Dev မ ဆောင် ရွက်လျှက်ရှိသော Project Mya/001 သည်လည်း အောင်မြင်မည်ဟု မျှော်လင့်ပါကြာင်း ပြောကြား ပါသည်။
ဆက်လက်၍ လူဇင်ဘက်နိုင်ငံ၊ လာအိုနိုင်ငံဆိုင်ရာ ယာယီသံမှူး Mr.Claude Jentgen က မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍအတွင်း ဝန်ဆောင်မှုနှင့် အရည်အသွေးမြင့်မားရေးအတွက် ဆက်လက် ကူညီသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်တွင် ရောက်ရှိနေ ပြီဖြစ် ကြောင်း၊ မြန်မာနိုင်ငံသည် အလွန်လှပသည့်နိုင်ငံဖြစ်ကြောင်း ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။ ၄င်းနောက် ခရီးသွား လုပ်ငန်း၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအကြံပေး Mr. Paul Penfold က Project Mya/ 001 အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့်ပတ်သက်၍ှင်းလင်းတင်ပြပါသည်။ Lux Dev Program Mya/ 001 ကို မြန်မာနိုင်ငံခရီးသွား လုပ်ငန်းကဏ္ဍရှိ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ သင်တန်းသား (၁၃၀၇) ဦးကို သင်တန်းပို့ချခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
            ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ Sky Star Hotel တွင် ပြုလုပ်သည့် မြန်မာ နိုင်ငံဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းအစီအစဉ်များအတွက် နှီးနှောဖလှယ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြားပါသည်။အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများအနက် တနင်္သာရီ တိုင်း ဒေသကြီးနှင့် ချင်းပြည်နယ်ကို ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် အဓိကထားလုပ်ဆောင်နေပြီး တနင်္သာရီတိုင်းဒေသကြီးကို Marine Tourism ဖွံ့ဖြိုးရေးနှင့် ချင်းပြည်နယ်ကို Eco Tourism ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့် စက်တင်ဘာလတွင် ကျင်းပမည့် JATA Travel Mart တွင်လည်း မြန်မာနိုင်ငံမ သွား ရောက်၍ ပြသပြီး ခရီးသွားလုပ်ငန်း တိုးတက်ရေး ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ လက်ရှိ ဆောင်ရွက်ချက်များအနေဖြင့် ကမ္ဘောဒီးယား နိုင်ငံ ဆီယမ်ရိမြို့နှင့် မြန်မာနိုင်ငံရှိ ပုဂံမြို့တို့ကို နှစ်နိုင်ငံ ခရီးစဉ်ဒေသတစ်ခု (Two Countries, One Destination) ဖြစ်ပေါ်လာရေးအတွက် လေကြာင်း လိုင်းများဆင်းသက်နိုင်ရေး၊ ပြည်ဝင်ဗီဇာကိစ္စရပ် များ၊ နေထိုင်သွားလာလည်ပတ်ရေး ကိစ္စများ အဆင်ပြေချောမွေ့အောင် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျှက်ရှိကြောင်း၊ မုတ်သုန်ရာသီခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး(Green Season Promotion) အတွက်လည်း ဟိုတယ်၊ စားသောက်ဆိုင်၊ သွားလာစရိတ်များ လျော့ချ၍ ခရီး သွားမြှင့်တင်ရေးဆောင်ရွက်နေမှုများကိုှင်းလင်းပြောကြားပြီး ခရီးသွားလုပ်ငန်း တိုးတက် အောင်မြင်ရန်မှာ ခရီးသွားလုပ်ငန်းနယ်ပယ်ရှိ တာဝန်ရှိသူများအားလုံး (Public Private Partnership) ပူးပေါင်း ဆောင်ရွက်မ အောင်မြင့်မည် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
 ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်း သဥ္စာမျိုးမ ပြင်သစ်နိုင်ငံခြားရေးနှင့်နိုင်ငံတကာ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ ဖိတ်ကြားမှုဖြင့် ပြင်သစ်နိုင်ငံ၏ ခရီးသွားကဏ္ဍဖွံ့ဖြိုးရေး လုပ်ဆောင်မှုအကြောင်းကို သွားရောက်လေ့လာခဲ့သည့် အတွေ့အကြုံများ နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးပြောကြားပါသည်။ ထို့နောက် တက်ရောက်လာသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဌ ဦးရန်ဝင်းနှင့် ညီနောင်အသင်းများမ တာဝန်ရှိသူများက အကြံပြုဆွေး နွေး တင်ပြခဲ့ ကြပါသည်။
            ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဟိုတယ်၌ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) မ JICA Contractor Mr.Aritsune Okuda နှင့် တွေ့ဆုံ၍ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည့် အစီအမံများ၊ ဂျပန်နိုင်ငံမ ကူညီဆောင်ရွက် ပေးနိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
Main Menu
Useful Myanmar Phrases
Auspicious to you all
Mingalar Bad
How are you?
nei kaun: ye. la:
Good morning
mingala nan ne khin: ba
Good evening
kaun: tho: nya. nei khin: ba
Good night/Good Bye
thwa: bi
Thank you
kyei: zu: tin ba de
Thank you very much
kyei: zu: amya: gyi: tin ba de
I cannot speak Myanmar
Myanmar lo matat' bu:
Do you understand?
khamya: na: le tha la:
May I take a photograph?
da' poun yai' lo. ya. mala:
May I use the telephone?
te li hpon: thoun: lo. ya. ma. la:
Where is the restroom?
ein tha be ma shi. tha le:
How much?
be lau' le:
What's that?
e: da ba le:
Very expensive
zei: mya: de
See you again
noun gya. thei: da paw.
Please to meet you.
twei. ya. da wan: tha ba de
Good luck
kan kaun: ba zei
Sorry
sel' mashi ba ne.
Excuse me
thi: khan ba
It's all right.
ya ba de
Yes (Male)
hou' ke khin bya.
Yes (Female)
hou' ke shin.
No
hin. in:
Really?
da ge la:
It's impossible.
ma hpyi' nain bu:
Possibly
hpyi' nain ba de
I beg your pardon (Male)
khin mya (?)
I beg your pardon (Male)
Shin (?)
Can I help you?
ku nyi ba ya. zei
Help!
kegya. ba oun:
Beautifull
hla. lai' ta
I want...
...gyin de
Directions
I want to go...
... go thwa: gyin ba de
Where is...?
...be na: ma le:
Turn left
be be cho:
Turn right
nya be cho:
Straight ahead
te, de. thwa: ba
Stop here
dima ya' ba
Slow down
hpyei: byei:
Be careful
tha di: hta: ba
Be careful, don't drive too fast
tha di: hta: ba: phyie: byei: maun:
Turn back
pyan hie:
Turn back
pyan hie:
How much do I owe you?
be lau' kya. tha le:
Keep the change
maan: ne. daw
Places
Airport
lei zei
Bus Station
ba saka: hma' tain
Railway Station
buda youn
Hotel
hou te
Embassy
than youn:
Hospital
hsei: youn
Clinic
hsei: gan:
Police Station
ye: sa khan:
Post Office
sa dai
Market
zei:
River Boat jetty
thin: baw: zei'
Guest house
e. yei' tha
Restaurant
sa: thau' hsain
Travel Related Links
Association of Southeast Asia NationsASEAN
Association of Southeast Asia Nations
www.aseansec.org
Association of Southeast Asia NationsASEAN
Association of Sou<<4R543W90-=98theast Asia Nations
www.aseansec.org
Pacific Asia Travel AssociationPacific Asia Travel Association
http://www.pata.org/
Myanmar Hotelier Association
Myanmar Hotelier Association
http://www.myanmarhotelier.org
  MTFMyanmar Tourism Federation
  http://www.myanmar.travel/
Search Our Site
Contact Us
Address Information
Building No. (33), Nay Pyi Taw, Union of Myanmar.
Union of Myanmar.
Information
Tel: 95 67 406129, 406130,
406460, 406244
www.myanmartourism.org
Contact Us
mo.moht@mptmail.net.mm
mohtmail@gmail.com
director.information.moht@gmail.com
Connect With Us
mobile app
Please download here
Room Booking
Thanks for staying with us! Please fill out the form below and our staff will be in contact with your shortly. The see all of our room options please visit the link below.
See All Rooms