Latest News
ubein

24.2.171

နေပြည်တော်၊ ဇန်န၀ါရီလ (၂၄) ရက်

    မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ တောတောင်သဘာဝအလှတရားများ၊ တန်ဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှု အမွေအနှစ်များ၊ တိုင်းရင်းသားမျိုးနွယ်စုတို့၏ ၀တ်စားဆင်ယင်ထုံးဖွဲ့မှု၊ ရှင်သန်နေထိုင်မှုနှင့် ယုံကြည်ကိုး ကွယ်မှုတို့သည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို စိတ်ဝင်တစားလာရောက်ကြည့် ရှု့ရန်  ဆွဲဆောင် လျှက်ရှိသကဲ့သို့ ယဉ်ကျေးပျူငှာ၍ နှစ်လိုဖွယ်အပြုံးများကြာင့် မြန်မာနိုင်ငံသည် ကမ္ဘာတွင် လာရောက် လည်ပတ်ရန် အကောင်း ဆုံးနိုင်ငံအဖြစ် ထင်ရှားလျှက်ရှိပါသည်။

24.2.172.jpg
    ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ကြီးကြပ်မှု၊ Asia Trails Tour Co.,Ltd (Myanmar) ၏ စီစဉ်မှုဖြင့် ဂျာမဏီနိုင်ငံသား (၁၃) ဦးသည် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ၄င်းတို့်၏ အိပ်စင်ပါ မော်တော်ယာဉ် (၁) စီးဖြင့် မြ၀တီ- သထုံ- ပဲခူး- ညောင်ရွှေ- အင်းလေး- ပုဂံ- မန္တလေးမြို့များရှိ ထင်ရှားသောနေရာများအား ကြည့်ရှု့လေ့လာကာ ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင် ငံ ဘန်ကောက်မြို့သို့် ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။

    ထို့အတူ Bright View Travel & Tour Co.,Ltd ၏ စီစဉ်မှုဖြင့် အိန္ဒိယနိုင်ငံသား (၁) ဦးသည် ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် တမူးမြို့မှ မော်တော်ယာဉ် (၁) စီးဖြင့် ၀င်ရောက်လာပြီး တမူး- မန္တလေး- ကျိုက်ထို- မြ၀တီဒေသများအား ကြည့်ရှု့လေ့လာ၍ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် မြ၀တီမြို့မှတဆင့် မဲဆောက်မြို့သို့လည်းကောင်း၊ Myanmar Mystery Land Travels & Tours Co.,Ltd ၏အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသား (၄၂) ဦးသည် ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် မော်တော်ယာဉ် (၁၈) စီးဖြင့် မြ၀တီမြို့မှ ၀င်ရောက်ကာ မြ၀တီ- တောင်ငူ- အင်းလေး- မန္တလေး- နေပြည်တော်- ဘားအံ- မြ၀တီမြို့များရှိ အထင်ကရနေရာများအားလေ့လာ၍ ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် မြ၀တီမြို့မှ တဆင့် မဲဆောက်မြို့သို့ လည်းကောင်း အသီးသီးပြန်လည် ထွက်ခွာသွားခဲ့ပါသည်။
    ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ အနုပညာလက်ရာများ၊ ရိုးရာဓလေ့ထုံးစံများ၊ လူနေမှုဓလေ့စရိုက်များ၊ ကုန်းလမ်း၊ ရေလမ်းခရီး အတွေ့ အကြုံများအား လေ့လာခံစားရင်းစဉ်ဆက်မပြတ်လာရောက်လည်ပတ်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။

23.2.17r1

နေပြည်တော်၊ ဖေဖော်ဝါရီလ (၂၃)ရက်
 ရှမ်းပြည်နယ်၊ တောင်ကြီးဒေသခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်ကြီးဒေသသို့ရောက်ရှိနေသော ဟိုတယ်နှင့်ခရီးသွားလာရေး ၀န် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်သည် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၂) ရက်နေ့ ညနေပိုင်းတွင် ပြည်တွင်း ပြည်ပခရီးသည်များနှင့် စည်ကား ရာနေရာဖြစ်သည့် ညောင်ရွှေမြို့ရှိ ညဈေးအား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များမှာကြားခဲ့ပါသည်။

23.2.17r2
  ပြည်ထောင်စုဝန်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ရုံး၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးတာဝန်ခံညွှန်ကြားရေးမှူး၊ မြို့နယ်အုပ် ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ၀င်များ၊ ရွှေအင်းဆားလူခဲပရဟိတအဖွဲ့တို့နှင့်တွေ့ဆုံပြီး အင်းလေးကန်နှင့်အင်းလေးကန်ပတ်ဝန်းကျင် အမှိုက်ကင်းစင် သန့်ရှင်းစေရေးဆောင်ရွက်မည့် လုပ်ငန်းရပ်များ၊ အမှိုက်ပစ်ရန်နေရာ ၊အမှိုက်မီးရှို့စက် ဆောင်ရွက်ရန် ကိစ္စများရပ် ကို ဆွေးနွေး လမ်းညွှန်မှုများ ပြုလုပ်ခဲ့ပါသည်။

23.2.17r3

23.2.17r4
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်  ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ  ပြည်နယ်သစ်တောဦးစီးဌာနရုံး ခန်းမတွင် ပြုလုပ်သည့် အင်းလေးကန်နှင့် ပတ် သက်သည့် ဥပဒေမူကြမ်း နည်းဥပဒေဆိုင်ရာအကြံပြုဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် အတူတက်ရောက်၍ အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

23.2.17s1

နေပြည်တော်၊ ဖေဖော်ဝါရီလ (၂၂) ရက်

    ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန(ITC)နှင့် နယ်သာ လန်နိုင်ငံရှိ ဖွံ့ဖြိုးဆဲနိုင်ငံများမှ သွင်းကုန် များမြှင့်တင်ရေးဗဟိုဌာန (CBI) တို့မှ နယ်သာလန်နိုင်ငံ Trust Fund III အစီအစဉ်ဖြင့် ကယား ပြည်နယ် အခြေပြုခရီးသွားလုပ်ငန်း (Tourism Focusing on Kayah State 2014-2017) ကို ၂၀၁၄ ခုနှစ် သြဂုတ်လမှစ၍ စတင်ဆောင်ရွက်ခဲ့ပါသည်။
    ကယားပြည်နယ်၏ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း တိုးတက်အောင်မြင်ရေး အတွက် ခရီးသွားဧည့်သည်များ၊ ဧည့်လမ်းညွှန်များ ၊ ပြည် တွင်းပြည်ပခရီးသွားကုမ္ပဏီများ၊ စိတ်ဝင်စားမှုပိုမိုရရှိစေရန်၊ လူထုအခြေပြုခရီးသွားလုပ်ငန်းမှတဆင့် ဒေသခံများလူမှုဘ၀မြင့်မား ကာ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကယားပြည်နယ်ရပ်ရွာအခြေပြု ခရီးသွား လုပ်ငန်းအားလေ့လာခြင်း၊ ချစ်ကြည်ရင်းနှီးမှုခရီးစဉ် (Familiarization trip to experience Community Based Tourism in Kayah State) (FAM Trip) ကို ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနမှ ဦးဆောင်၍ (၁၇.၂.၂၀၁၇) ရက်နေ့မှ (၂၀.၂.၂၀၁၇) ရက်နေ့အထိ လွိုင်ကော်မြို့သို့ သွားရောက်ခဲ့ကြပါသည်။

23.2.17s2
    အဆိုပါခရီးစဉ်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းဆိုင်ရာ ဈေးကွက်မြှင့်တင်ရေးအသင်း၊ ပြည်တွင်းဘုရားဖူးခရီးသွားဝန်ဆောင်မှုအသင်းနှင့် မြန် မာနိုင်ငံဧည့်လမ်းညွှန်များအသင်းမှ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများ၊ သတင်း၊ မီဒီယာအဖွဲ့များနှင့် ITC မှတာဝန်ရှိသူများ စုစုပေါင်း (၃၇)ဦး ပါဝင်ခဲ့ကြ ပါသည်။
    အစီအစဉ်အရ (၁၇.၂.၂၀၁၇) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ရှိ ပင်ဒါ ဟိုတယ်၌ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနမှ၊ ခရီးစဉ်သွားရောက်သည့် ရည်ရွယ်ချက် နှင့်ခရီးစဉ်အတွင်း သွားရောက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခြင်း၊ I.T.C ၏ အကြံပေး ပုဂ္ဂိုလ်မှ ကယားပြည်နယ်အခြေပြုခရီးသွားလုပ်ငန်းအကြောင်းနှင့် လွိုင်ကော်ခရီးသွားလုပ်ငန်း သတင်းပြန်ကြားရေး လုပ်ငန်းစဉ်များကို ရှင်း လင်းပြောကြားခြင်းတို့ကိုဆောင်ရွက်ရာ၊ တက်ရောက် လာသူများမှ သိရှိလိုသည်များကို မေးမြန်းခြင်းအား၊ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းပြော ကြားပြီးနောက် ညနေပိုင်းတွင် ရန်ကုန်မြို့မှ မော်တော်ယာဉ်ဖြင့် စတင်ထွက်ခွာလာခဲ့ရာ လွိုင်ကော်မြို့သို့ (၁၈.၂.၂၀၁၇)ရက်နေ့၊ (၀၁:၀၀) အချိန် တွင် ရောက်ရှိကြပါသည်။
    (၁၈.၂.၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် လွိုင်ကော်မြို့မှ (၁၈) မိုင်ခန့်ဝေးသော ပန်ပက် (ဆလောင်ကနား)ကျေးရွာသို့ သွားရောက်ကာ ကယန်း တိုင်းရင်းသားများ၏ ရိုးရာဓလေ့၊ ၀တ်စား ဆင်ယင်မှု၊ အသက်မွေးဝမ်းကျောင်းပြုမှု၊ လက်မှုပညာများ၊ ရိုးရာတူရိယာများဖြင့် တီးမှုတ်သီဆိုမှု၊ ယုံကြည် ကိုးကွယ်မှု၊ ယက္ကန်းယက်လုပ်မှုတို့ကို ကြည့်ရှုလေ့လာခြင်းနှင့် ခရီးတိုခြေလျင်တောင် တက်ခရီးစဉ် သွားရောက်ခြင်းတို့ဖြင့် ဆောင်ရွက်ကြပြီး ရွာမှတည် ခင်းကျွေးမွေးသော တိုင်းရင်း သားအစားအစာများဖြင့် နေ့လည်စာကို သုံးဆောင်ကြပါသည်။ နေ့လည်ပိုင်းတွင် လွိုင်ကော်မြို့မှ၊ (၁၂) မိုင်ခန့် ကွာဝေးသော ကယားတိုင်းရင်း သားများနေထိုင်ရာ ပန်ပက်ကျေးရွာသို့သွားရာလမ်းရှိ  ထီးပွင့်ကန်အား ၀င်ရောက်လေ့လာပြီးနောက် ပန်ပက်ကျေးရွာ သို့ရောက်ရှိစဉ် ကျေးရွာမှ ကယားတိုင်းရင်းသားများမှ ရိုးရာအကများဖြင့် ကပြဖျော်ဖြေကြိုဆိုကြပါသည်။ ပန်ပက်ကျေးရွာ ဥက္ကဌမှ ခရီးစဉ်အဖွဲ့အား လူထုအခြေပြုခရီးသွားလုပ်ငန်းအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် ခရီးစဉ်သစ်များကို ရှင်းလင်းပြောကြားပြီး သိရှိလိုသည်များ၏ မေးမြန်းချက် များကို ပြန်လည်ရှင်းပြ ပါသည်။ ဆက်လက်၍ ကျေးရွာဥက္ကဌမှ ဘာသာရေးဆိုင်ရာရိုးရာ တံခွန်ကိုင်ပွဲတော်၊ အမဲလိုက် ဓလေ့များ၊ ရိုးရာယဉ်ကျေးမှုများ၊ သစ်တောများထိန်းသိမ်းထားရှိမှု များကို အသေးစိတ်ရှင်းလင်း ပြသပါသည်။ ခရီးစဉ်အဖွဲ့သည် တနီးလာလဲကျေးရွာမှ နွားလှည်းများဖြင့် နတ်သမီးရေ ကန် (ကန်ခုနှစ်ဆင့်)သို့ သွားရောက်ကာ ကန်ခြောက်ဆင့်ကန်အနီးတွင် ရိုးရာခေါင်ရည်နှင့် ရိုးရာ အသားကင်များ၊ ရိုးရာအစားအစာများဖြင့် ညစာအား တနီးလာလဲကျေးရွာမှ ဧည့်ခံကျွေးမွေးကြပြီး ကယားတိုင်းရင်းသားများမှ ရိုးရာတူရိယာများတီးမှုတ်၍ ရိုးရာတေးသီချင်းများဖြင့် ဖျော်ဖြေကြပါသည်။ ညပိုင်းတွင် ဟိုတယ်လွိုင်ကော်တွင် ပြန်လည်ရောက်ရှိရပ်နားကြပါသည်။

23.2.17s3
    ဖေဖော်ဝါရီလ(၁၉)ရက်နေ့တွင် လွိုင်ကော်မြို့တွင်း လေ့လာရေးခရီးစဉ်အဖြစ် ယဉ်ကျေး မှုပြတိုက်သို့ လေ့လာခြင်း၊ ဟင်းထုပ်နှင့် ကယားဝက် အူချောင်းပြုလုပ်ခြင်းအား လေ့လာခြင်း၊ ကိုယ်တိုင်လက်တွေ့ပြုလုပ်ခြင်း၊ ယက္ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက် လေ့လာခြင်း၊ သဘာဝသစ်ရွက်၊သစ်စေ့များကို အသုံးပြု၍ ကိုယ်တိုင်လက်တွေ့ဆိုးဆေးအရောင် ထုတ်လုပ်ခြင်း၊ ချည်ဆေးဆိုးခြင်းတို့ ကို လေ့လာဆောင်ရွက် ကြပြီး၊ နေ့လည်စာကို တိုင်းရင်းသား အစားအစာများဖြင့် ဧည့်ခံကာကျွေးမွေးပါသည်။ နေ့လည်ပိုင်းတွင် ကြပ်ဂူသို့သွားရောက် လေ့လာ ခြင်း၊ မြို့ နာမ်စေတီသို့ သွားရောက်ဖူးမြော်ခြင်း၊ သီရိမင်္ဂလာပုံကျောင်း(ကန္ဒရ၀တီဟော်နန်း)သို့ လည်ပတ်ခြင်း၊ သီရိမင်္ဂလာတောင်စေတီ(တောင်ကွဲစေတီ)သို့ သွားရောက်ဖူးမြော်ခြင်းများကို ဆောင်ရွက်ပြီးနောက် ညနေပိုင်းတွင် ITC ရုံး၌ ဒေသခံဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်း ရှင်များ၊ ဒေသ ဧည့်လမ်းညွှန်များနှင့်တွေ့ဆုံကာ ခရီးစဉ်ပို့ဆောင်ရေးအစီအစဉ်များ၊ တည်းခိုနေ ထိုင်ရေးအစီအစဉ်များကို ဆွေးနွေးညှိနှိုင်းကြပါသည်။ ညပိုင်းတွင်ပြု လုပ်သော ညစာစားပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၀န်ကြီးဦးမော်မော်မှ တက် ရောက်ချီးမြှင့်၍ ခရီးသွားလုပ် ငန်းရှင်များ၊ ဈေးကွက်မြှင့်တင်ရေးနှင့် ဧည့်လမ်းညွှန်များ၊ ပြည်တွင်း ခရီးသွားလုပ်ငန်းရှင်များအား ကယားပြည်နယ်ခရီး သွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် လာ ရောက် ကြိုးပမ်းဆောင်ရွက်ပေးမှုများအပေါ် ကျေးဇူးတင် စကားပြောကြားခဲ့ပါသည်။
    (၂၀.၂.၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် လွိုင်ကော်မြို့ရှိ ITC ရုံးတွင် ခရီးစဉ်တစ်လျှောက် တွေ့ကြုံခဲ့ရမှုများ အပေါ် ပြန်လည် သုံးသပ်အကြံပြုချက် များနှင့် ပြုပြင်ဆောင်ရွက်ရမည့် အချက် များအား ကဏ္ဍအလိုက် ဖော်ထုတ်ခဲ့ကြပြီး၊ ကယားပြည်နယ်၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေး နှင့် ရေရှည် စဉ်ဆက်မပြတ် တည်တံ့ခိုင်မြဲစေရေးအတွက် မိမိတို့တတ်အားသရွေ့ ကြိုးပမ်း ဆောင်ရွက်သွားကြရန် ဆုံးဖြတ်ကြပြီး၊ အမှတ်တရဓါတ်ပုံမှတ်တမ်း တင်ရိုက်ကူးကြပါသည်။
    ခရီးစဉ်အဖွဲ့သည် နေ့လည်ပိုင်းတွင် လွိုင်ကော်မြို့မှ ပြန်လည်ထွက်ခွာလာရာ ရန်ကုန်မြို့ သို့ (၂၂.၂.၂၀၁၇) ရက်နေ့၊ (၀၄:၀၀)နာရီ တွင် ပြန် လည်ရောက်ရှိပြီး ကယားပြည်နယ်ရပ်ရွာ အခြေပြုခရီးသွားလုပ်ငန်းအား လေ့လာခြင်း၊ ချစ်ကြည်ရင်းနှီးမှုခရီးစဉ် ပြီးဆုံးခဲ့ပါသည်။
    ကယားပြည်နယ်သည် ခရီးသွားလုပ်ငန်းနောက်အကျဆုံးနှင့် ဖွံ့ဖြိုးမှုအနည်းဆုံး၊ သဘာဝအခြေအနေအတိုင်း ပျက်စီးယိုယွင်းမှုမရှိသေးသောဒေ သဖြစ်သဖြင့် မကြာမီကာလတွင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်သည့် အခွင့်အလမ်းများစွာ ရှိနေသည်ကို တွေ့ရှိသည့် အတွက် ဒေသ ခံများမှလည်းကောင်း၊ ခရီးသွားလုပ်ငန်းရှင်များမှလည်းကောင်း၊ ကယားပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင် ရွက်ရန် စိတ်အားထက်သန်လျက် ရှိနေကြောင်း သတင်းရရှိပါသည်။

Main Menu

Useful Myanmar Phrases

Auspicious to you all
Mingalar Bad


How are you?
nei kaun: ye. la:


Good morning
mingala nan ne khin: ba


Good evening
kaun: tho: nya. nei khin: ba


Good night/Good Bye
thwa: bi


Thank you
kyei: zu: tin ba de


Thank you very much
kyei: zu: amya: gyi: tin ba de


I cannot speak Myanmar
Myanmar lo matat' bu:


Do you understand?
khamya: na: le tha la:


May I take a photograph?
da' poun yai' lo. ya. mala:


May I use the telephone?
te li hpon: thoun: lo. ya. ma. la:


Where is the restroom?
ein tha be ma shi. tha le:


How much?
be lau' le:


What's that?
e: da ba le:


Very expensive
zei: mya: de


See you again
noun gya. thei: da paw.


Please to meet you.
twei. ya. da wan: tha ba de


Good luck
kan kaun: ba zei


Sorry
sel' mashi ba ne.


Excuse me
thi: khan ba


It's all right.
ya ba de


Yes (Male)
hou' ke khin bya.


Yes (Female)
hou' ke shin.


No
hin. in:


Really?
da ge la:


It's impossible.
ma hpyi' nain bu:


Possibly
hpyi' nain ba de


I beg your pardon (Male)
khin mya (?)


I beg your pardon (Male)
Shin (?)


Can I help you?
ku nyi ba ya. zei


Help!
kegya. ba oun:


Beautifull
hla. lai' ta


I want...
...gyin de


Directions

I want to go...
... go thwa: gyin ba de


Where is...?
...be na: ma le:


Turn left
be be cho:


Turn right
nya be cho:


Straight ahead
te, de. thwa: ba


Stop here
dima ya' ba


Slow down
hpyei: byei:


Be careful
tha di: hta: ba


Be careful, don't drive too fast
tha di: hta: ba: phyie: byei: maun:


Turn back
pyan hie:


Turn back
pyan hie:


How much do I owe you?
be lau' kya. tha le:


Keep the change
maan: ne. daw


Places

Airport
lei zei


Bus Station
ba saka: hma' tain


Railway Station
buda youn


Hotel
hou te


Embassy
than youn:


Hospital
hsei: youn


Clinic
hsei: gan:


Police Station
ye: sa khan:


Post Office
sa dai


Market
zei:


River Boat jetty
thin: baw: zei'


Guest house
e. yei' tha


Restaurant
sa: thau' hsain


Travel Related Links

Association of Southeast Asia NationsASEAN
Association of Southeast Asia Nations
www.aseansec.org


Association of Southeast Asia NationsASEAN
Association of Sou<<4R543W90-=98theast Asia Nations
www.aseansec.org

Pacific Asia Travel AssociationPacific Asia Travel Association
http://www.pata.org/

Myanmar Hotelier Association
Myanmar Hotelier Association

http://www.myanmarhotelier.org



  MTFMyanmar Tourism Federation
  http://www.myanmar.travel/

Search Our Site

Contact Us

Address Information

Building No. (33), Nay Pyi Taw, Union of Myanmar.
Union of Myanmar.

Information

Tel: 95 67 406129, 406130,
406460, 406244
www.myanmartourism.org

Contact Us

mo.moht@mptmail.net.mm
mohtmail@gmail.com
director.information.moht@gmail.com

Connect With Us

 

mobile app

Please download here

Room Booking

Thanks for staying with us! Please fill out the form below and our staff will be in contact with your shortly. The see all of our room options please visit the link below.
See All Rooms