Duties and Responsibilities of Tourism Promotion Department
ubein

(1) Enhancing the awareness of Tourist Destinations and describing the attractive tourist destinations and tourism activities for the development of Tourism Industry in Myanmar.


(2) Showcasing tourism promotional materials such as Brochures, Pamphlets and CD, DVD in International Travel Shows and sending them to Myanmar Embassies in abroad.


(3) Publication for Pamphlets, Brochures about the Potential Tourist Destinations.


(4) Organizing the necessary arrangements for the participants to attend the International Travel Shows, Workshops, Forums and Seminars related to the tourism.


(5) Contacting not only with the neighboring countries but also the other potential countries for the marketing and promotion.


(6) Implementing the activities and Events related to the tourism promotion and marketing in accordance with the guidance of Union Minister occasionally.


(7) Coordination and cooperation to be held on tourism promotional events and festivals in domestic areas.

 

ခရီးသွားမြှင့်တင်မှုဌာနခွဲ၏ လုပ်ငန်းတာဝန်များ

 

၁။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးအတွက် ခရီးစဉ်ဒေသများအား မြှင့်တင်ကြော် ငြာခြင်း၊ ခရီးသွားဆွဲဆောင်မှုများအား ဖော်ထုတ်ရေးသားခြင်းများဆောင်ရွက်ခြင်း၊


၂။ ခရီးစဉ်ဒေသများနှင့်ပတ်သက်၍ ရေးသားထုတ်ဝေပြီးဖြစ်သော စာအုပ်စာစောင်များ၊ Brochure များ၊ Pamphlet များ၊ CD/DVD များကို ပြည်ပရှိ မြန်မာသံရုံးများသို့ပေးပို့ခြင်း၊ နိုင်ငံတကာခရီး သွားပြပွဲများတွင်ပြသခြင်း၊


၃။ အလားအလာရှိသော ခရီးစဉ်ဒေသများကို ဖော်ညွှန်းသည့် စာအုပ်စာစောင်များအား စဉ်ဆက်မပြတ် ရေးသားပြုစု၍ ထုတ်ဝေခြင်း၊


၎။ နိုင်ငံတကာခရီးသွားပြပွဲကိစ္စများ၊ Workshop များ၊ Forum များ၊ Seminar များသို့ ပါဝင် တက် ရောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခြင်း၊


၅။ ဈေးကွက်ရှာဖွေမြှင့်တင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများသာမက အလားအလာရှိသော အခြားနိုင်ငံ များသို့ ဆက်သွယ်ဆောင်ရွက်ခြင်း၊


၆။ အခါအားလျော်စွာ ပြည်ထောင်စုဝန်ကြီးကလမ်းညွှန်သည့် ခရီးသွားလာရေးမြှင့်တင်မှုနှင့်ဈေးကွက် ရှာဖွေရေးလှုပ်ရှားမှု Activity များ၊ Event များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊


၇။ ပြည်တွင်းဒေသအလိုက် ခရီးသွားမြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများ၊ ပွဲတော်များကျင်းပနိုင်ရေး ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊


ခရီးသွားမြှင့်တင်မှုဌာနခွဲသည် မြန်မာနိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြှင့်တင် ရေးလုပ်ငန်းများဖြစ်သော ခရီးစဉ်ဒေသများမြှင့်တင်ကြော်ငြာခြင်း၊ ခရီးစဉ်ဒေသများဖွံ့ဖြိုးရေး ဆောင်ရွက်ခြင်း၊ လုပ်ငန်း ဆက်စပ်လျက်ရှိသည့် ပြည်တွင်းဌာနဆိုင်ရာများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းများအပြင် အိမ်နီး ချင်းနိုင်ငံများရှိ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းများ၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်းအဖွဲ့တို့နှင့်ဆက်သွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာကိစ္စများတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။
အဓိကဆောင်ရွက်လျက်ရှိသောလုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁) ရပ်ကွက်လူထုကို အခြေခံသော ခရီးသွားလုပ်ငန်း(CBT)ဆောင်ရွက်ခြင်း

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်း အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုဖြင့် ရပ်ရွာလူထုကိုအခြေခံသောခရီးသွားလုပ်ငန်း(Community Based Tourism)နှင့် စပ်လျဉ်း၍ လူမှုအဖွဲ့ အစည်းများ ပါဝင်ဆောင်ရွက်လာစေရေးအတွက် စီမံချက်နေရာ (၆)နေရာကို ကနဦးသတ်မှတ်၍ အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ရပ်ရွာလူထုကိုအခြေခံသော ခရီးသွားလုပ်ငန်းဆိုသည်မှာ ရပ်ရွာလူထု (Community) က တာဝန်ယူစီမံခန့်ခွဲရသောခရီးသွားလုပ်ငန်းဖြစ်ပြီး ရပ်ရွာလူထုကိုအခြေခံသော ခရီးသွားလုပ်ငန်းများ ကို ရပ်ရွာလူထုနှင့်အတူ INGO အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ဂျာမဏီနိုင်ငံ၊Deutsche Gesellschaft for International Zusammenabeit (GIZ)မှ ရှမ်းပြည်နယ်ရှိ ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လည်းကောင်း၊ Fauna & Flora International မှ ကချင်ပြည်နယ် အင်းတော်ကြီးရှိ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရေးအတွက်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ Action Aid INGO မှ CBT Pilot Project အနေဖြင့်လည်းကောင်း၊ Hanns Seidel Foundation၊ Peace Nexusနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့မှ ကရင်ပြည်နယ်၊သံတောင်ကြီးဒေသတွင်လည်းကောင်း၊ World Conservation Society(WCS)မှ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအတွက်လည်းကောင်း၊ International Trade Centre(ITC)မှ ကယားပြည်နယ်ရှိလွိုင်ကော်၊ ဒီမော့ဆို မြို့နယ်များသို့ ကမ္ဘာလှည့်ခရီးသွားများလည်ပတ်နိုင်ရေးအတွက် လည်းကောင်း စီမံကိန်းများ ချမှတ်ဆောင်ရွက်၍ ရပ်ရွာလူထုကို အခြေခံသောခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါ သည်။

(၂) မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် လူမှုအဖွဲ့အစည်း ရေရှည်တည်တံ့တိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲ ကျင်းပခြင်း

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် Yeungnam University မှExecutive Vice President ဖြစ်သူ Dr.CHOI Oe-Chool ဦးဆောင်ပြီး အဖွဲ့ဝင်(၇)ဦး ပါဝင်သည့် အဖွဲ့သည် မြန်မာနိုင်ငံသို့(၁၃-၁-၂၀၁၆)ရက်နေ့မှ (၁၆-၁-၂၀၁၆)ရက်နေ့အထိ လာရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ လာရောက်စဉ်အတွင်း(၁၄-၁-၂၀၁၆) ရက်နေ့၌ ရန်ကုန်မြို့ရှိ Novotel Hotel တွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းနှင့် လူမှုအဖွဲ့အစည်း ရေရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ဆွေးနွေးပွဲအားမြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး၊ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ရေးနှင့် ခရီးသွားလုပ်ငန်း အသက်မွေးဝမ်းကြောင်းဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်မှုများ တည်ဆောက်နိုင်ရန်၊ အမျိုးသား ခရီးသွားလုပ်ငန်းမူဝါဒအပေါ် အခြေခံသော လူမှုအဖွဲ့အစည်းအတွင်း ခရီးသွားလုပ်ငန်း ပါဝင်ဆောင်ရွက်ရေး လိုအပ် ချက်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရာတွင် အထောက်အပံ့ပေးရန်၊ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းမူဝါဒ ခိုင်မြဲစေရေးတည်ဆောက်ရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ ခရီးသွားလုပ်ငန်း ဆက်စပ်ဝန်ကြီးဌာနများ၊ ခရီးသွားလုပ်ငန်းအေဂျင်စီများနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်းကဏ္ဍမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၀၀)ဦးခန့်ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအဖွဲ့သည် (၁၅-၁-၂၀၁၆)ရက် နေ့တွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ဧည့်ခန်းမတွင် ဒုတိယ၀န်ကြီးနှင့် တာဝန်ရှိသူများအား လာရောက် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

(၃) ပုဂံခရီးစဉ် ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုစံပြစီမံကိန်းဆောင်ရွက်ခြင်း

ပုဂံခရီးစဉ် ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုစံပြစီမံကိန်းကို ၂၀၁၄ခုနှစ်၊ ဧပြီလ(၁၀)ရက်နေ့တွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ Record of Discussion ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါစီမံကိန်းသည် ၂၀၁၄ခုနှစ်မှ ၂၀၁၇ခုနှစ်အထိ (၃)နှစ် ကြာစီမံကိန်းဖြစ်ပြီး JICA အနေဖြင့် ၎င်းတို့အဖွဲ့အစည်းမှ ကျွမ်းကျင်ပညာရှင်များ၏ဦးဆောင်မှုဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နည်းပညာအကူအညီများကို ပေးအပ်သွားမည်ဖြစ်ပါသည်။ JICA ကျွမ်းကျင်ပညာရှင်များ ပါဝင်သောအဖွဲ့(၁) ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အဖွဲ့(၂)ခရီးသွားလုပ်ငန်းဆိုင်ရာအခြေခံအဆောက်အအုံ များဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းအဖွဲ့နှင့် အဖွဲ့(၃) ခရီးသွားလုပ်ငန်းဆိုင်ရာလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ တို့ကိုဖွဲ့စည်း၍တာဝန်များခွဲဝေဆောင်ရွက်လျက်ရှိပါသည်။

လုပ်ငန်းအဖွဲ့(၁)၏ ဦးစားပေးဆောင်ရွက်ချက်အနေဖြင့် ပုဂံဒေသခရီးသွားဝက်ဘ်ဆိုက်အား ထူထောင်ရန်နှင့် အင်္ဂလိပ်ဘာသာ/ ဂျပန်ဘာ သာဖြင့် ပုဂံလက်ကမ်းစာစောင်၊ မြေပုံများထုတ်ဝေရန်၊ ခရီးသွားနှင့် သက်ဆိုင်သော ရေရှည်သတင်းအချက်အလက်များနှင့်ခရီးသွားကိစ္စရပ်သတင်းများကို အလွယ်တကူရရှိစေရန် ပုံဖော်ရေးဆွဲခြင်းဖြစ် ပါသည်။ လုပ်ငန်းအဖွဲ့(၂)၏ ဆောင်ရွက်ချက်များအနေဖြင့်(၁) ခရီးသွားသတင်းပြန်ကြားရေးကောင်တာထားရှိခြင်း၊ ရှုခင်းကြည့်နေရာများထားရှိခြင်း၊ ခရီးသွားလမ်းများစသည်တို့တည်ဆောက်ခြင်း စီမံချက်(၃)ခုပါဝင်ပြီး ပုဂံဒေသရှိ သက်ဆိုင်ရာဌာနများဖြစ်သော ယဉ်ကျေးမှုဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ UNESCO တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

လုပ်ငန်းအဖွဲ့(၃)အနေဖြင့် ခရီးသွားလုပ်ငန်းဆိုင်ရာလူထုအသိပညာပေးဆွေးနွေးပွဲအား၂၀၁၅ခုနှစ်၊ ဇွန်လတွင် ပုဂံမြို့ရှိ ယွန်းပညာကောလိပ်၌ကျင်းပခြင်း၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ယဉ်ကျေးပျူငှာမှု ဆိုင်ရာ အသိပညာပေးခြင်း၊အစားအသောက်သန့်ရှင်းရေးအသိပညာပေးရေးကာတွန်းစာစောင်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများကို ဖြန့်ဝေပေးခဲ့ပါသည်။ ရပ်ရွာလူထုကိုအခြေခံသောခရီးသွားလုပ်ငန်း(CBT)ကို အကောင် အထည်ဖော်ရာ တွင် ဂျပန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက ပုဂံမြို့တွင် ဧည့်လမ်းညွှန်သင်တန်း၊ အစားအသောက်နှင့် အဖျော်ယမကာ ဆိုင်ရာသင်တန်းများပို့ချခြင်း၊ အနောက်ဖွားစောနှင့် မြစ်ခြေကျေးရွာများမှ ယွန်းထည်နှင့် ကြိမ်ထည် ပစ္စည်းများကို နေပြည်တော်ရှိသင်္ဂဟဟိုတယ်နှင့် Kempinski Hotel တို့တွင်သရုပ်ပြပွဲကို (၁၁-၁၁-၂၀၁၅)ရက်နေ့တွင် ခင်းကျင်းပြသခဲ့ပြီးသတင်းအချက်အလက်များဖြန့်ဝေနိုင်ရေးအတွက်ပုဂံဝက်ဘ်ဆိုက် (http://www.wonderbagan. com) ကို လွှင့်တင်နိုင်ခဲ့ပြီးဖြစ်ပါသည်။ လုပ်ငန်းအဖွဲ့(၁)မှအဖွဲ့ဝင်(၉)ဦးတို့သည် (၂၂-၉-၂၀၁၅)ရက်နေ့မှ (၃-၁၀-၂၀၁၅)ရက်နေ့အထိ ဂျပန်နိုင်ငံသို့လေ့လာရေးခရီးသွားရောက်လည်ပတ်ခဲ့ပြီး မြန်မာနိုင်ငံခရီးသွားမြှင့်တင်မှုဆိုင်ရာ ကိစ္စရပ်များ ကိုဆွေးနွေးခဲ့ပါသည်။


(၄) အမျိုးသားပို့ကုန်မဟာဗျူဟာ(NES)အကောင်အထည်ဖော်ဆောင်ရွက်ခြင်း

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာအနေဖြင့်အမျိုးသားပို့ကုန်မဟာဗျူဟာ(NES) အကောင်အထည် ဖော်ရေးအတွက် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်၍ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိရာ အမျိုးသားပို့ကုန်မဟာဗျူဟာ၊ ခရီးသွားလုပ်ငန်းကဏ္ဍ အကောင်အထည်ဖော်ရေးကော်မတီ၏လုပ်ငန်းတာဝန်များဆောင်ရွက်ရန် ဟိုတယ်နှင့်ခရီးသွား လာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် ဆက်ဆိုင်ရာဝန်ကြီးဌာန၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များပါဝင်သော စုစုပေါင်းအင်အား(၄၆)ဦးပါဝင်သော စီမံကိန်းနှင့်သက်ဆိုင်သည့် အဖွဲ့ဖွဲ့စည်းထားရှိပါသည်။ အမျိုးသားပို့ကုန် မဟာ ဗျူဟာ အကောင်အထည်ဖော်ရေးအတွက် ခရီးသွားလုပ်ငန်းကဏ္ဍ၏ရည်ရွယ်ချက်မှာ ခရီးသွားလုပ်ငန်းအတွက် မူလ ဇစ်မြစ်ဈေးကွက်များကို သိရှိနားလည်ရေးစွမ်းဆောင်ရည်မြှင့်တင်ရန်၊ ကဏ္ဍ၏ထွက်ကုန်များ တိုးမြှင့်ရေး ဆောင်ရွက် ရန်၊ ခရီးသွားဧည့်သည်များအတွက် ၀န်ဆောင်မှုအရည်အသွေး အဆင့်အတန်းတိုးမြှင့်ရန်၊ ခရီးသွားလုပ်ငန်းကဏ္ဍလုပ် ဆောင်မှုများ ပိုမိုလွယ်ကူချောမွေ့လာစေရေးဆောင်ရွက်ရန်တို့ဖြစ်ပါသည်။

(၅) ခရီးသွားမြှင့်တင်မှုဆိုင်ရာလက်ကမ်းစာစောင်၊ စာအုပ်နှင့် CD/DVD များထုတ်ဝေခြင်း

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများအားမြှင့်တင်နိုင်ရေး အတွက် ရန်ကုန်၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ နေပြည်တော်၊ မွန်-ကရင်၊ ချင်းတောင်တန်း၊ မြိတ်ကျွန်းစုဒေသ၊ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ပျူရှေးဟောင်းယဉ်ကျေးမှုမြို့များစသည့် ခရီးစဉ်ဒေသအလိုက် လက်ကမ်းစာစောင်များ၊ မြန်မာ နိုင်ငံ၏ ထင်ရှားသည့်ခရီးစဉ်ဒေသများကို စုစည်းဖော်ပြထားသည့် Welcome to the Golden Land ၊ မြန်မာနိုင်ငံ၏နှစ် အလိုက်ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် အချက်အလက်များကိုဖော်ပြထားသော Myanmar Tourism Statistics လက်ကမ်းစာစောင်၊ အင်းလေး၊ ရန်ကုန်၊ မြိတ်ကျွန်းစုမြေပုံများနှင့် ခရီးစဉ်ဒေသများကို ရိုက်ကူးဖော်ပြထားသည့် Myanmar: Let the Journey Begin DVD နှင့် Visit Myanmar Now DVD 5ခွေများကို ထုတ်ဝေဖြန့်ချိပေးလျက်ရှိပြီး နေပြည်တော်ကို MICE ခရီးစဉ်ဒေသအဖြစ် ပိုမိုဖွံ့ဖြိုးစေရန်အတွက် travelnaypyitaw.org website ကိုလည်း လွှင့်တင်ထားရှိပါသည်။

ယခု ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်တွင် နေပြည်တော်ရှိ ထင်ရှားပြီး လူအများလေ့လာလည်ပတ်နိုင်ရန် စိတ်ဝင် စားကြသည့် လွှတ်တော်လက်ကမ်းစာစောင်၊ မြန်မာနိုင်ငံရှိထင်ရှားသော လိုဏ်ဂူများကို စုစည်းဖော်ပြထားသည့် အံ့ဘွယ်လိုဏ်ဂူများလက်ကမ်းစာစောင်နှင့် မြန်မာနိုင်ငံရှိ ထင်ရှားသောခရီးစဉ်ဒေသများကို ရိုက်ကူးထားပြီး ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့ဓါတ်ပုံပြိုင်ပွဲတွင် ဆုရရှိထားသောဓါတ်ပုံစုစည်းဖော်ပြထားသည့် မြန်မာနိုင်ငံခရီးစဉ်ဒေသများ မှတ်တမ်းဓါတ်ပုံစာအုပ်တို့ကိုထုတ်ဝေရန်နှင့် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အချက် အလက်များကို ဖော်ပြထားသည့် Mobile Application တစ်ခုကိုလည်း ရေးဆွဲလွှင့်တင်နိုင်ရန်တို့ကို စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ 


(၆) နိုင်ငံတကာခရီးသွားပြပွဲများတွင်ပါဝင်တက်ရောက်ပြသခြင်း


မြန်မာနိုင်ငံ၏ခရီးစဉ်ဒေသများနှင့်ခရီးသွားလုပ်ငန်းများအား ကမ္ဘာ့နိုင်ငံအသီးသီးမှ သိရှိစေရန်အတွက် မြန်မာ့ ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်း၊ ဈေးကွက်ရှာဖွေခြင်းများကိုချဲ့ထွင်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံကို ခရီးစဉ်ဒေသ အဖြစ်ဈေးကွက်မြှင့်တင်နိုင်ရန် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက် မြှင့်တင်ရေးအသင်းတို့ဦးဆောင်မှုဖြင့်မြန်မာနိုင်ငံမှလေကြောင်းလိုင်းများ၊ ခရီးသွားလုပ်ငန်းကုမ္မဏီများ၊ ဟိုတယ်များနှင့် အတူပူးပေါင်း၍နိုင်ငံတကာခရီးသွားပြပွဲများသို့သွားရောက်ပြသရန် စီစဉ်လျက်ရှိပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန အနေဖြင့် နိုင်ငံတကာခရီးသွားပြပွဲများတွင် ပြခန်းများငှားရမ်းခြင်း၊ ပြခန်းများဆောက်လုပ်ခြင်း များကို နိုင်ငံတော် Budget မှ ပံ့ပိုးလျက်ရှိပါသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ခရီးသွားလုပ်ငန်းပြခန်းများပါဝင်ပြသနိုင်ရေး ပံ့ပိုးလျက်ရှိသည့်ပြပွဲ များမှာ -

  • ASEAN Tourism Forum (ATF)
  • ITB Berlin
  • Thailand Travel Mart
  • WTM
  • China International Travel Mart (CITM)
  • JATA Travel Showcase
  • Moscow International Travel and Tourism Exhibition


ပုဂ္ဂလိကခရီးသွားကုမ္ပဏီ၊ ဟိုတယ်လုပ်ငန်းရှင်များ၏ အစီအစဉ်ဖြင့် သွားရောက်သည့်ပြပွဲများမှာ-

 

  • ITB Asia
  • ITE – HCMC
  • PATA Travel Mart
  • Expo Milano


အာဆီယံ-ကိုရီးယားဗဟိုဌာန၏ စီစဉ်မှုဖြင့် ၂၀၀၉ခုနှစ်မှစ၍၂၀၁၅ခုနှစ်အထိ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် အာဆီယံ-ကိုရီးယား ခရီးသွားလုပ်ငန်းပြပွဲ ASEAN Culture and Tourism Fairကို နှစ်စဉ်နိုဝင်ဘာလ (၁၇) ရက်နေ့မှ(၂၂)ရက်နေ့အထိနှစ်စဉ်ကျင်းပခဲ့ပါသည်။ အဆိုပါပြပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန မှဦးဆောင်၍ ယဉ်ကျေးမှုဝန်ကြီးဌာနမှကိုယ်စား လှယ်များနှင့်အတူပူးပေါင်း၍ နှစ်စဉ်ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါခရီးသွားလုပ်ငန်းပြပွဲသည် ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေတင်ဆက်မှုများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ပြခန်းများ ပြသခြင်းတို့ပါဝင်သည့် အာဆီယံပွဲတော်တစ်ခုဖြစ်ပြီး အာဆီယံနှင့် ကိုရီးယားနိုင်ငံတို့အကြားအပြန်အလှန် ယဉ်ကျေးမှု ဖလှယ်ခြင်းကို တွန်းအားပေးရန်နှင့် အာဆီယံအား တစ်ခု တည်းသော ခရီးစဉ်ဒေသတစ်ခုအဖြစ်မြှင့်တင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။

Main Menu

Useful Myanmar Phrases

Auspicious to you all
Mingalar Bad


How are you?
nei kaun: ye. la:


Good morning
mingala nan ne khin: ba


Good evening
kaun: tho: nya. nei khin: ba


Good night/Good Bye
thwa: bi


Thank you
kyei: zu: tin ba de


Thank you very much
kyei: zu: amya: gyi: tin ba de


I cannot speak Myanmar
Myanmar lo matat' bu:


Do you understand?
khamya: na: le tha la:


May I take a photograph?
da' poun yai' lo. ya. mala:


May I use the telephone?
te li hpon: thoun: lo. ya. ma. la:


Where is the restroom?
ein tha be ma shi. tha le:


How much?
be lau' le:


What's that?
e: da ba le:


Very expensive
zei: mya: de


See you again
noun gya. thei: da paw.


Please to meet you.
twei. ya. da wan: tha ba de


Good luck
kan kaun: ba zei


Sorry
sel' mashi ba ne.


Excuse me
thi: khan ba


It's all right.
ya ba de


Yes (Male)
hou' ke khin bya.


Yes (Female)
hou' ke shin.


No
hin. in:


Really?
da ge la:


It's impossible.
ma hpyi' nain bu:


Possibly
hpyi' nain ba de


I beg your pardon (Male)
khin mya (?)


I beg your pardon (Male)
Shin (?)


Can I help you?
ku nyi ba ya. zei


Help!
kegya. ba oun:


Beautifull
hla. lai' ta


I want...
...gyin de


Directions

I want to go...
... go thwa: gyin ba de


Where is...?
...be na: ma le:


Turn left
be be cho:


Turn right
nya be cho:


Straight ahead
te, de. thwa: ba


Stop here
dima ya' ba


Slow down
hpyei: byei:


Be careful
tha di: hta: ba


Be careful, don't drive too fast
tha di: hta: ba: phyie: byei: maun:


Turn back
pyan hie:


Turn back
pyan hie:


How much do I owe you?
be lau' kya. tha le:


Keep the change
maan: ne. daw


Places

Airport
lei zei


Bus Station
ba saka: hma' tain


Railway Station
buda youn


Hotel
hou te


Embassy
than youn:


Hospital
hsei: youn


Clinic
hsei: gan:


Police Station
ye: sa khan:


Post Office
sa dai


Market
zei:


River Boat jetty
thin: baw: zei'


Guest house
e. yei' tha


Restaurant
sa: thau' hsain


Travel Related Links

Association of Southeast Asia NationsASEAN
Association of Southeast Asia Nations
www.aseansec.org


Association of Southeast Asia NationsASEAN
Association of Sou<<4R543W90-=98theast Asia Nations
www.aseansec.org

Pacific Asia Travel AssociationPacific Asia Travel Association
http://www.pata.org/

Myanmar Hotelier Association
Myanmar Hotelier Association

http://www.myanmarhotelier.org



  MTFMyanmar Tourism Federation
  http://www.myanmar.travel/

Search Our Site

Contact Us

Address Information

Building No. (33), Nay Pyi Taw, Union of Myanmar.
Union of Myanmar.

Information

Tel: 95 67 406129, 406130,
406460, 406244
www.myanmartourism.org

Contact Us

mo.moht@mptmail.net.mm
mohtmail@gmail.com
director.information.moht@gmail.com

Connect With Us

 

mobile app

Please download here

Room Booking

Thanks for staying with us! Please fill out the form below and our staff will be in contact with your shortly. The see all of our room options please visit the link below.
See All Rooms